တူရကီအာဏာသိမ္းပြဲ ဘာေၾကာင့္က်႐ံႈးရသလဲ





ေသာၾကာေန႔ကစတင္ခဲ့တဲ့ တူရကီႏိုင္ငံ မေအာင္ျမင္တဲ့ အာဏာသိမ္းမႈအၿပီး အစိုးရက ေထာင္နဲ႔ခ်ီတဲ့သူေတြကို ဖမ္းဆီးလိုက္ပါတယ္။ ဒီအထဲမွာ စစ္သားနဲ႔အရာရွိေပါင္း ၂၈၀၀ ေက်ာ္ ပါ၀င္တယ္လို႔ အစိုးရအရာရွိေတြက ဆုိပါတယ္။ ဒီႀကံစည္မႈ ဘာေၾကာင့္ က်႐ံႈးခဲ့ရသလဲဆုိတဲ့ သံုးသပ္ခ်က္ေတြကို ဗြီအိုေအသတင္းေထာက္ Jamie Dettmer ရဲ႕ ေရးသားခ်က္အေပၚ အေျခခံၿပီး ဦးေက်ာ္ဇံသာက တင္ျပထားပါတယ္။
သမၼတ Erdogan က ဒီပုန္ကန္မႈဟာ တူရကီစစ္တပ္သန္႔စင္ေရးလုပ္ႏုိင္ေအာင္ ဘုရားသခင္က ေပးလာတဲ့ လက္ေဆာင္ျဖစ္တယ္လို႔ ဆုိပါတယ္။ သူ႔ရဲ႕အာဏာ ပိုမို ခိုင္မာေရးနဲ႔ စစ္တပ္ကိုသာမက သူ႔ကိုဆန္႔က်င္တဲ့ တျခားသူေတြကိုပါ ရွင္းေတာ့မယ္လို႔ အကဲခတ္ေတြက သံုးသပ္ၾကပါတယ္။
အခု စစ္သား ၃၀၀၀ ေလာက္ ဖမ္းထားၿပီး၊ ဗုိလ္ခ်ဳပ္ႀကီး ၅ ေယာက္နဲ႔ ဗိုလ္မႉးႀကီး ၂၉ ေယာက္တုိ႔ကိုလည္း ရာထူးျဖဳတ္လုိက္ပါတယ္။ အာဏာသိမ္းရာမွာ ဒီအရာရွိႀကီးေတြ ပါ မပါ အတိအက် မသိရေသးပါဘူး။ ဒါ့အျပင္ ဒီလုပ္ရပ္မ်ိဳး ေနာင္က်ဥ္သြားေအာင္ ေသဒဏ္ေပးတာကို ျပန္သံုးႏုိင္ဖုိ႔ ဥပေဒ ျပင္မယ္လုိ႔ေတာင္ ၀န္ႀကီးခ်ဳပ္ Vinali Yildirim က ဆုိေနပါတယ္။
ဒါေပမဲ့ ေသာၾကာေန႔ အာဏာသိမ္းမႈဟာ ခ်က္ျခင္းပဲ က်႐ံႈးသြားတာဆုိေတာ့ ေနာက္ထပ္ ဒါမ်ိဳး ထပ္ျဖစ္ဖို႔ဆုိတာ အမ်ားႀကီး အလွမ္းေ၀းသြားပါလိမ့္မယ္။
ေသာၾကာေန႔က ႀကိဳးပမ္းမႈမွာ အာဏာသိမ္းေခါင္းေဆာင္ေတြဟာ စစ္တပ္အတြင္းမွာေရာ၊ ႏုိင္ငံေရးနဲ႔ ျပည္သူလူထု အသိုင္းအ၀ိုင္းမွာပါ ေထာက္ခံမႈ က်ယ္က်ယ္ျပန္႔ျပန္႔ မရရွိခဲ့ၾကပါဘူး။ Erdogan ကို ေ၀ဖန္ေနသူေတြကေတာင္ တူရကီမွာ စစ္တပ္အာဏာသိမ္းတာ မ်ားလွၿပီဆုိၿပီး ႐ႈတ္ခ်ခဲ့ၾကတာပါ။ ထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ႀကီးေတြ၊ တပ္မႉးႀကီးေတြကလည္း လက္မခံၾကပါဘူး။
အဖမ္းခံရတဲ့ စစ္သားတခ်ိဳ႕ကဆုိရင္ သူတုိ႔ဟာ စစ္ေရးလႈပ္ရွားမႈ တခုခုရွိတယ္လို႔ ထင္ခဲ့ၾကၿပီး၊ သမၼတေထာက္ခံတဲ့သူေတြနဲ႔ ရင္ဆုိင္တုိးေတာ့မွ အာဏာသိမ္းတာပါလားလို႔ သိခဲ့ရပါသတဲ့။
လန္ဒန္ Chathan House ကၽြမ္းက်င္သူအဖြဲ႔က Fadi Hakura က ဒီအာဏာသိမ္းမႈမွာ မစခင္က ၿပိဳကြဲႏွင့္ၿပီလို႔ သံုးသပ္ပါတယ္။
ႀကံစည္သူေတြဟာ ပါလီမန္၊ သမၼတနဲ႔ ၀န္ႀကီးခ်ဳပ္အိမ္ေတြ၊ စစ္ဌာနခ်ဳပ္ေတြကို ဦးတည္ခဲ့ၾကၿပီး၊ Bosphorus ေရလက္ၾကားကို ျဖတ္ထားတဲ့ တံတားေတြနဲ႔ Ataturk ေလဆိပ္ကို ပိတ္ထားခဲ့ၾကပါတယ္။ ဒါေပမဲ့ ပုဂၢလိကအသံလႊင့္ဌာနေတြနဲ႔ တျခားဆက္သြယ္ေရးစနစ္ေတြကို ပိတ္ဖုိ႔ ပ်က္ကြက္ခဲ့တဲ့အတြက္ သမၼတ Erdogan ဟာ သူ႔ကို ေထာက္ခံတဲ့ ျပည္သူလူထုဆီ ဆက္သြယ္ညႊန္ၾကားႏုိင္ခဲ့ပါတယ္။
ႀကံစည္သူေတြ အဓိကမွားယြင္းမႈ ၂ ခ်က္ကေတာ့ -
၁. ဘာမွမလုပ္ခင္ အစိုးရအႀကီးအကဲကို ဖမ္း၊ ဒါမွမဟုတ္ ကြပ္မ်က္လိုက္ရမွာ သူတုိ႔မလုပ္ခဲ့ဘူး။
၂. တင့္ကား၊ ရဟတ္ယာဥ္၊ ဂ်က္ေလယာဥ္ စတာေတြ ၀င္မစြက္ႏုိ္င္ေအာင္ လုပ္ဖို႔ ပ်က္ကြက္ခဲ့ၾကျခင္း ျဖစ္တယ္လို႔ စစ္မဟာဗ်ဴဟာ ကၽြမ္းက်င္သူ Edward Luttwack က Foreign Policy မဂၢဇင္းမွာ သံုးသပ္ေရးသားထားပါတယ္။
အဲ အခုေတာ့ သမၼတ Erdogan ဟာ တူရကီႏုိင္ငံေရးကို စိတ္တုိင္းက် ခ်ယ္လွယ္ေဖာ္ေဆာင္ခြင့္ ရရွိသြားၿပီ ျဖစ္ေၾကာင္းပါခင္ဗ်ာ။

Social Action for Women - SAW

......................................


တူရကီအာဏာသိမ်းပွဲ ဘာကြောင့်ကျရှုံးရသလဲ
သောကြာနေ့ကစတင်ခဲ့တဲ့ တူရကီနိုင်ငံ မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီး အစိုးရက ထောင်နဲ့ချီတဲ့သူတွေကို ဖမ်းဆီးလိုက်ပါတယ်။ ဒီအထဲမှာ စစ်သားနဲ့အရာရှိပေါင်း ၂၈၀၀ ကျော် ပါ၀င်တယ်လို့ အစိုးရအရာရှိတွေက ဆိုပါတယ်။ ဒီကြံစည်မှု ဘာကြောင့် ကျရှုံးခဲ့ရသလဲဆိုတဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေသတင်းထောက် Jamie Dettmer ရဲ့ ရေးသားချက်အပေါ် အခြေခံပြီး ဦးကျော်ဇံသာက တင်ပြထားပါတယ်။
သမ္မတ Erdogan က ဒီပုန်ကန်မှုဟာ တူရကီစစ်တပ်သန့်စင်ရေးလုပ်နိုင်အောင် ဘုရားသခင်က ပေးလာတဲ့ လက်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့အာဏာ ပိုမို ခိုင်မာရေးနဲ့ စစ်တပ်ကိုသာမက သူ့ကိုဆန့်ကျင်တဲ့ တခြားသူတွေကိုပါ ရှင်းတော့မယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
အခု စစ်သား ၃၀၀၀ လောက် ဖမ်းထားပြီး၊ ဗိုလ်ချုပ်ကြီး ၅ ယောက်နဲ့ ဗိုလ်မှူးကြီး ၂၉ ယောက်တို့ကိုလည်း ရာထူးဖြုတ်လိုက်ပါတယ်။ အာဏာသိမ်းရာမှာ ဒီအရာရှိကြီးတွေ ပါ မပါ အတိအကျ မသိရသေးပါဘူး။ ဒါ့အပြင် ဒီလုပ်ရပ်မျိုး နောင်ကျဉ်သွားအောင် သေဒဏ်ပေးတာကို ပြန်သုံးနိုင်ဖို့ ဥပဒေ ပြင်မယ်လို့တောင် ၀န်ကြီးချုပ် Vinali Yildirim က ဆိုနေပါတယ်။
ဒါပေမဲ့ သောကြာနေ့ အာဏာသိမ်းမှုဟာ ချက်ခြင်းပဲ ကျရှုံးသွားတာဆိုတော့ နောက်ထပ် ဒါမျိုး ထပ်ဖြစ်ဖို့ဆိုတာ အများကြီး အလှမ်းဝေးသွားပါလိမ့်မယ်။
သောကြာနေ့က ကြိုးပမ်းမှုမှာ အာဏာသိမ်းခေါင်းဆောင်တွေဟာ စစ်တပ်အတွင်းမှာရော၊ နိုင်ငံရေးနဲ့ ပြည်သူလူထု အသိုင်းအဝိုင်းမှာပါ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့ကြပါဘူး။ Erdogan ကို ဝေဖန်နေသူတွေကတောင် တူရကီမှာ စစ်တပ်အာဏာသိမ်းတာ များလှပြီဆိုပြီး ရှုတ်ချခဲ့ကြတာပါ။ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေ၊ တပ်မှူးကြီးတွေကလည်း လက်မခံကြပါဘူး။
အဖမ်းခံရတဲ့ စစ်သားတချို့ကဆိုရင် သူတို့ဟာ စစ်ရေးလှုပ်ရှားမှု တခုခုရှိတယ်လို့ ထင်ခဲ့ကြပြီး၊ သမ္မတထောက်ခံတဲ့သူတွေနဲ့ ရင်ဆိုင်တိုးတော့မှ အာဏာသိမ်းတာပါလားလို့ သိခဲ့ရပါသတဲ့။
လန်ဒန် Chathan House ကျွမ်းကျင်သူအဖွဲ့က Fadi Hakura က ဒီအာဏာသိမ်းမှုမှာ မစခင်က ပြိုကွဲနှင့်ပြီလို့ သုံးသပ်ပါတယ်။
ကြံစည်သူတွေဟာ ပါလီမန်၊ သမ္မတနဲ့ ၀န်ကြီးချုပ်အိမ်တွေ၊ စစ်ဌာနချုပ်တွေကို ဦးတည်ခဲ့ကြပြီး၊ Bosphorus ရေလက်ကြားကို ဖြတ်ထားတဲ့ တံတားတွေနဲ့ Ataturk လေဆိပ်ကို ပိတ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကအသံလွှင့်ဌာနတွေနဲ့ တခြားဆက်သွယ်ရေးစနစ်တွေကို ပိတ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သမ္မတ Erdogan ဟာ သူ့ကို ထောက်ခံတဲ့ ပြည်သူလူထုဆီ ဆက်သွယ်ညွှန်ကြားနိုင်ခဲ့ပါတယ်။
ကြံစည်သူတွေ အဓိကမှားယွင်းမှု ၂ ချက်ကတော့ -
၁. ဘာမှမလုပ်ခင် အစိုးရအကြီးအကဲကို ဖမ်း၊ ဒါမှမဟုတ် ကွပ်မျက်လိုက်ရမှာ သူတို့မလုပ်ခဲ့ဘူး။
၂. တင့်ကား၊ ရဟတ်ယာဉ်၊ ဂျက်လေယာဉ် စတာတွေ ၀င်မစွက်နို်င်အောင် လုပ်ဖို့ ပျက်ကွက်ခဲ့ကြခြင်း ဖြစ်တယ်လို့ စစ်မဟာဗျူဟာ ကျွမ်းကျင်သူ Edward Luttwack က Foreign Policy မဂ္ဂဇင်းမှာ သုံးသပ်ရေးသားထားပါတယ်။
အဲ အခုတော့ သမ္မတ Erdogan ဟာ တူရကီနိုင်ငံရေးကို စိတ်တိုင်းကျ ချယ်လှယ်ဖော်ဆောင်ခွင့် ရရှိသွားပြီ ဖြစ်ကြောင်းပါခင်ဗျာ။

Social Action for Women - SAW
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment