လူနာကုုိခြဲစိတ္ေနရင္းSelfieရိုက္ျပီးတင္ခဲ့လို႔ ေဝဖန္ခံေနရတဲ့ဆရာဝန္







By Shwemom - July 12, 2016


အသက္၃၁ႏွစ္အရြယ္ ယူကရိန္းဆရာဝန္ျဖစ္တဲ့ Edgar Kaminskyiဟာ ခြဲစိတ္မႈျပဳလုပ္ေနတဲ့ သတိေမ့ေနတဲ့လူနာကိုေနာက္ခံထားျပီး Selfie ရိုက္ကာ အင္စတာဂရမ္ေပၚကိုတင္ခဲ့လို႔ အေဝဖန္ခံေနရပါတယ္။ သူဟာ Plastic Surgeon အျဖစ္နဲ႔အသက္ေမြးေနတာ ၈ႏွစ္ရွိသြားခဲ့ပါျပီ။


ဒါေပမယ့္ အခုေနာက္ပိုင္းမွာ သူခြဲစိတ္သမွ် ခြဲစိတ္မႈေတြေတာ္ေတာ္မ်ားမ်ားကုိ Selfieရိုုက္ကာ အင္စတာဂရမ္ေပၚကိုတင္လာတာေၾကာင့္ အမ်ားရဲ့ ေဝဖန္မႈကိုခံေနရသူလည္းျဖစ္ပါတယ္။ သူ႕မွာ Instagram followers ေပါင္း 1သိန္းေက်ာ္ရွိပါတယ္။ တစ္ခါတစ္ေလ ရင္သားအစားထိုးတဲ့ ခြဲစိတ္မႈေတြပါတင္ေလ့ရွိပါတယ္။ ပိုဆိုးတာက ဗီဒီယိုေတြပါတင္တာပါ။ ခြဲစိတ္ေနတဲ ့ဗီဒီယိုေတြလည္း တင္တတ္ပါတယ္။


British Association of Aesthetic Plastic Surgery (BAAPS) မွာရွိတဲ့ ခြဲစိတ္ဆရာဝငေတြကေတာ့ ဒီလုုပ္ရပ္ကိုေဝဖန္အျပစ္တင္ခဲ့ပါတယ္။ “ခြဲစိတ္ေနတုန္းမွာ ဆရာဝန္တစ္ေယာက္ဟာ လူနာေပၚသာ အျပည့္အဝအာရံုရွိသင့္ျပီးမိမိ၏အက်ိဳးေက်းဇူးအတြက္ ဘာမွမလုပ္သင့္ပါဘူး”လို႔ေဝဖန္ခဲ့ပါတယ္။

    သူကအိမ္ေထာင္ရွိသူတစ္ဦးျဖစ္ျပီး သူ႕ဇနီးက  ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္း Olga Kuznetsova
 ျဖစ္ပါတယ္။

Source: thesun

ေမာင္ေရႊရိုး (Shwemom)

............................

လူနာကုုိခွဲစိတ်နေရင်းSelfieရိုက်ပြီးတင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ဆရာဝန်
By Shwemom - July 12, 2016


အသက်၃၁နှစ်အရွယ် ယူကရိန်းဆရာဝန်ဖြစ်တဲ့ Edgar Kaminskyiဟာ ခွဲစိတ်မှုပြုလုပ်နေတဲ့ သတိမေ့နေတဲ့လူနာကိုနောက်ခံထားပြီး Selfie ရိုက်ကာ အင်စတာဂရမ်ပေါ်ကိုတင်ခဲ့လို့ အဝေဖန်ခံနေရပါတယ်။ သူဟာ Plastic Surgeon အဖြစ်နဲ့အသက်မွေးနေတာ ၈နှစ်ရှိသွားခဲ့ပါပြီ။


ဒါပေမယ့် အခုနောက်ပိုင်းမှာ သူခွဲစိတ်သမျှ ခွဲစိတ်မှုတွေတော်တော်များများကို Selfieရိုုက်ကာ အင်စတာဂရမ်ပေါ်ကိုတင်လာတာကြောင့် အများရဲ့ ဝေဖန်မှုကိုခံနေရသူလည်းဖြစ်ပါတယ်။ သူ့မှာ Instagram followers ပေါင်း 1သိန်းကျော်ရှိပါတယ်။ တစ်ခါတစ်လေ ရင်သားအစားထိုးတဲ့ ခွဲစိတ်မှုတွေပါတင်လေ့ရှိပါတယ်။ ပိုဆိုးတာက ဗီဒီယိုတွေပါတင်တာပါ။ ခွဲစိတ်နေတဲ ့ဗီဒီယိုတွေလည်း တင်တတ်ပါတယ်။


British Association of Aesthetic Plastic Surgery (BAAPS) မှာရှိတဲ့ ခွဲစိတ်ဆရာဝငတွေကတော့ ဒီလုုပ်ရပ်ကိုဝေဖန်အပြစ်တင်ခဲ့ပါတယ်။ “ခွဲစိတ်နေတုန်းမှာ ဆရာဝန်တစ်ယောက်ဟာ လူနာပေါ်သာ အပြည့်အဝအာရုံရှိသင့်ပြီးမိမိ၏အကျိုးကျေးဇူးအတွက် ဘာမှမလုပ်သင့်ပါဘူး”လို့ဝေဖန်ခဲ့ပါတယ်။

    သူကအိမ်ထောင်ရှိသူတစ်ဦးဖြစ်ပြီး သူ့ဇနီးက  ပလေးဘွိုင်းမော်ဒယ်ဟောင်း Olga Kuznetsova
 ဖြစ်ပါတယ်။

Source: thesun

မောင်ရွှေရိုး (Shwemom)


Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment