ကိုယ္ဝန္ေဆာင္ထားရတဲ့ခ်စ္သူေဟာင္းကို ရက္ရက္စက္စက္သတ္ခဲ့သူ



By Shwemom - March 25, 2016

ကုိယ္၀န္ေဆာင္ထားရတဲ့ ခ်စ္သူေဟာင္းကုိ မညႇာမတာ ႀကိဳးနဲ႕လည္ပင္းစြပ္ၿပီး သတ္ခဲ့တဲ့အမ်ိဳးသား
ကုိ အျမင့္ဆုံးေထာင္ဒဏ္ခ်မွတ္ႏုိင္ဖုိ႕ တရား႐ုံးက စီစဥ္ေနပါတယ္။ တရားခံအမ်ိဳးသားဟာ အသက္
23 ႏွစ္သာ ရွိေသးၿပီး Matthew Smith လုိ႕ အမည္ရၿပီး စက္႐ုံ၀န္ထမ္းတစ္ေယာက္လည္း ျဖစ္ပါ
တယ္။ ေသဆုံးခဲ့တဲ့ ရည္းစားေဟာင္းမွာ ေနာက္ခ်စ္သူနဲ႕ရတဲ့ ကုိယ္၀န္ကုိ လြယ္ထားရေၾကာင္း
သိရွိၿပီး လည္ပင္းကုိ ႀကိဳးနဲ႕စြပ္ကာ ညႇစ္သတ္ခဲ့ျခင္း ျဖစ္ပါတယ္။

ေသဆုံးသူကေတာ့ အသက္ 24နွစ္အရြယ္ Isobel Parker ဆုိတဲ့ ကေလးႏွစ္ေယာက္အေမျဖစ္ၿပီး
Burnham ၿမိဳ႕မွာ အသက္ေမြး၀မ္းေက်ာင္းျပဳသူျဖစ္ၿပီး Becky လုိ႕လည္း လူသိမ်ားသူတစ္ေယာက္
ျဖစ္ပါတယ္။ မိခင္ျဖစ္သူ ေသဆုံးခဲ့လုိ႕ ဗုိက္ထဲမွာရွိတဲ့ ကေလးငယ္ကုိလည္း မကယ္ႏုိင္ခဲ့ပါဘူး။
တရားခံ Smith ဟာ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားေနတဲ့အတြက္ အျမင့္ဆုံးျပစ္ဒဏ္ တစ္သက္
တစ္ကၽြန္းအထိ က်ခံရႏုိင္ၿပီး အနိမ့္ဆုံးအေနနဲ႕ေတာ့ ေထာင္ဒဏ္ 18 ႏွစ္ က်ခံရမွာျဖစ္ပါတယ္။

Isobel နဲ႕ Smith ဟာ ကေလးႏွစ္ေယာက္ ရရွိခဲ့ၾကၿပီး ေနာက္ပိုင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္
ၿပီးခဲ့တဲ့ ေျခာက္ႏွစ္ခန္႕က လမ္းခြဲခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ Isobel ဟာ ေနာက္ထပ္ ခ်စ္သူ
ရဲ႕ ကိုယ္၀န္ကုိ လြယ္ထားရေၾကာင္း သိလွ်င္သိခ်င္းမွာပဲ မနာလုိမႈလြန္မင္းစြာနဲ႕ ကုိယ္၀န္သည္မိခင္
ေလာင္းတစ္ေယာက္ကုိ ရက္ရက္စက္စက္ သတ္ခဲ့မိတာ ျဖစ္ပါတယ္။

Isobel ရဲ႕ ႐ုပ္အေလာင္းကို ေရခ်ိဳးခန္းထဲမွာ လဲေလွ်ာင္းလွ်က္အေနအထားနဲ႕ အစ္မျဖစ္သူက
ေတြ႕ရွိခဲ့ရၿပီး တစပ္တည္းမွာပဲ Smith ကုိေတြ႕ရွိခဲ့ကာ ရဲကုိ အေၾကာင္းၾကားခဲ့ျခင္း ျဖစ္ပါတယ္။
Isobel ရဲ႕ ဒုတိယရည္စား Shane က “ Becky ဟာ ကၽြန္ေတာ္ေတြဆုံဖုိ႕ တမ္းတေနတဲ့ အမ်ိဳးသမီး
ေယာက္ရဲ႕ စံႏႈန္းေတြနဲ႕ ကုိက္ညီတဲ့ မိန္းမေကာင္းတစ္ေယာက္ ျဖစ္ပါတယ္ … ကၽြန္ေတာ္တုိ႕ႏွစ္
ေယာက္ရဲ႕ ပထမဆုံး ရင္ေသြးငယ္အတြက္လည္း … ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးထားခဲ့ပါတယ္ ”
လုိ႕ ၀မ္းနည္းစြာ ဖြင့္ဟခဲ့ပါတယ္။

Source:metro

.....................................

ကိုယ်ဝန်ဆောင်ထားရတဲ့ချစ်သူဟောင်းကို ရက်ရက်စက်စက်သတ်ခဲ့သူ
By Shwemom - March 25, 2016

ကိုယ်ဝန်ဆောင်ထားရတဲ့ ချစ်သူဟောင်းကို မညှာမတာ ကြိုးနဲ့လည်ပင်းစွပ်ပြီး သတ်ခဲ့တဲ့အမျိုးသား
ကို အမြင့်ဆုံးထောင်ဒဏ်ချမှတ်နိုင်ဖို့ တရားရုံးက စီစဉ်နေပါတယ်။ တရားခံအမျိုးသားဟာ အသက်
23 နှစ်သာ ရှိသေးပြီး Matthew Smith လို့ အမည်ရပြီး စက်ရုံဝန်ထမ်းတစ်ယောက်လည်း ဖြစ်ပါ
တယ်။ သေဆုံးခဲ့တဲ့ ရည်းစားဟောင်းမှာ နောက်ချစ်သူနဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထားရကြောင်း
သိရှိပြီး လည်ပင်းကို ကြိုးနဲ့စွပ်ကာ ညှစ်သတ်ခဲ့ခြင်း ဖြစ်ပါတယ်။

သေဆုံးသူကတော့ အသက် 24နှစ်အရွယ် Isobel Parker ဆိုတဲ့ ကလေးနှစ်ယောက်အမေဖြစ်ပြီး
Burnham မြို့မှာ အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ပြီး Becky လို့လည်း လူသိများသူတစ်ယောက်
ဖြစ်ပါတယ်။ မိခင်ဖြစ်သူ သေဆုံးခဲ့လို့ ဗိုက်ထဲမှာရှိတဲ့ ကလေးငယ်ကိုလည်း မကယ်နိုင်ခဲ့ပါဘူး။
တရားခံ Smith ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားနေတဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ် တစ်သက်
တစ်ကျွန်းအထိ ကျခံရနိုင်ပြီး အနိမ့်ဆုံးအနေနဲ့တော့ ထောင်ဒဏ် 18 နှစ် ကျခံရမှာဖြစ်ပါတယ်။

Isobel နဲ့ Smith ဟာ ကလေးနှစ်ယောက် ရရှိခဲ့ကြပြီး နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့်
ပြီးခဲ့တဲ့ ခြောက်နှစ်ခန့်က လမ်းခွဲခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Isobel ဟာ နောက်ထပ် ချစ်သူ
ရဲ့ ကိုယ်ဝန်ကို လွယ်ထားရကြောင်း သိလျှင်သိချင်းမှာပဲ မနာလိုမှုလွန်မင်းစွာနဲ့ ကိုယ်ဝန်သည်မိခင်
လောင်းတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့မိတာ ဖြစ်ပါတယ်။

Isobel ရဲ့ ရုပ်အလောင်းကို ရေချိုးခန်းထဲမှာ လဲလျှောင်းလျှက်အနေအထားနဲ့ အစ်မဖြစ်သူက
တွေ့ရှိခဲ့ရပြီး တစပ်တည်းမှာပဲ Smith ကိုတွေ့ရှိခဲ့ကာ ရဲကို အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။
Isobel ရဲ့ ဒုတိယရည်စား Shane က “ Becky ဟာ ကျွန်တော်တွေဆုံဖို့ တမ်းတနေတဲ့ အမျိုးသမီး
ယောက်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ မိန်းမကောင်းတစ်ယောက် ဖြစ်ပါတယ် … ကျွန်တော်တို့နှစ်
ယောက်ရဲ့ ပထမဆုံး ရင်သွေးငယ်အတွက်လည်း … မျှော်လင့်ချက်တွေ အများကြီးထားခဲ့ပါတယ် ”
လို့ ၀မ်းနည်းစွာ ဖွင့်ဟခဲ့ပါတယ်။

Source:metro
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment