လမ္းခြဲမယ္ေျပာလို႕ ခ်စ္ရည္လူးတဲ့ ဗီဒီယိုကိုအြန္လိုင္းေပၚတင္လိုက္တဲ့သူ

လမ္းခြဲမယ္ေျပာလို႕ ခ်စ္ရည္လူးတဲ့ ဗီဒီယိုကိုအြန္လိုင္းေပၚတင္လိုက္တဲ့သူ

By Shwemom - January 21, 2016

ရည္းစားအျဖစ္ကေန လမ္းခြဲမယ္ေျပာလုိ႕ လက္စားေခ်တဲ့အေနနဲ႕ သူမနဲ႕ အေပ်ာ္ၾကဴးခဲ့တဲ့ ဗြီဒီယုိဖုိင္ကုိ
အြန္လုိင္းမွာ လႊင့္တင္ခဲ့တဲ့ ျဖစ္ရပ္တစ္ခု အဂၤလန္ႏုိင္ငံ ဆြမ္ဆီးၿမိဳ႕မွာ ျဖစ္ပြားခဲ့ပါတယ္။ အဆုိပါ ဗြီဒီယုိ
ကုိ လႊင့္တင္သူကေတာ့ အသက္(37)ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး အမည္ကေတာ့
Darren Quinn ျဖစ္ပါတယ္။

အမ်ိဳးသမီးရဲ႕အမည္ကုိေတာ့ ေဖာ္ျပထားျခင္းမရွိေပမယ့္ အဲဒီအမ်ိဳးသမီးက သူတုိ႕ရဲ႕အခ်စ္ဇာတ္လမ္းကို
အဆုံးသတ္ဖုိ႕ဆုံးျဖတ္ခဲ့တာေၾကာင့္ ဒီလုိ မႈခင္းမ်ိဳးျဖစ္ခဲ့ရတာျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕အဆုိအရ ထုိအမ်ိဳး
သားဟာ သူတုိ႕ႏွစ္ေယာက္ရဲ႕ ခ်စ္တင္းေႏွာတဲ့ဓာတ္ပုံ 93 ပုံကုိလည္း အသုံးျပဳခဲ့ၿပီး အဓိကေတာ့ အမ်ဳိးသ
မီးျဖစ္သူကုိ လက္စားေခ်လုိတဲ့သေဘာ၊ အရွက္ရေစလုိတဲ့သေဘာမ်ိဳး ပါ၀င္တယ္လုိ႕ ေျပာပါတယ္။

ဒါ့အျပင္ Quinn ဟာ အမ်ိဳးသမီးရဲ႕ အလုပ္ထိ လုိက္သြားၿပီး ကားပါကင္မွာ ဆံပင္ကိုဆြဲကာ အၾကမ္းဖက္
ၿခိမ္းေျခာက္မႈေတြလည္း လုပ္ခဲ့တယ္လုိ႕ သိရပါတယ္။ Quinn ဟာ ဒီဗြီဒီယုိကုိ ျဖန္႕ဖုိ႕အတြက္ တြစ္တာ
အေကာင့္တစ္ခု ဖြင့္ကာ အသုံးျပဳခဲ့ၿပီး “ငါ မင္းနဲ႕ ဆက္ဆံခဲ့တဲ့ပုံေတြကုိ Facebook, Twitter နဲ႕
Instagram ေတြမွာ တင္ပစ္မယ္ … ေနာက္ျဖစ္လာမယ့္ အက်ဳိးဆက္ကုိ ဂ႐ုမစုိက္ဘူး … မင္း ငါ့ကုိ
ျပန္ေတြ႕တဲ့အခါတုိင္း ေနာင္တရေနေစရမယ္ … ငါ မင္းဘ၀ကုိ ဖ်က္ဆီးပစ္မွာ ” ဟုလည္း စာပို႕ ၿခိမ္း
ေခ်ာက္ခဲ့တယ္လုိ႕ သိရပါတယ္။

ဒီဗီဒီယိုကို တင္ခဲ့တဲ့ အတြက္ ေထာင္ဒဏ္ႏွစ္ႏွစ္ေလာက္က်ခံရဖို႕ ရွိေနပါတယ္။ တရားသူၾကီးက
သူ႕ကို “မင္းကို အားကိုးယံုၾကည္တဲ့ မိန္းကေလးတစ္ေယာက္ရဲ့ ဒီလိုအတြင္းေရးကိစၥကိုမင္းက အင္
တာနက္ေပၚတင္ခဲ့တယ္။ မင္းရဲ့အျပဳအမူေၾကာင့္ သူဘယ္ေတာ့မွ မင္းနဲ႔ဆံုဆည္းေတာ့မွာမဟုတ္
ဘူး။ မင္းဆီကေနလြတ္ေျမာက္ခ်င္တာကို မင္းသိခဲ့သင့္တယ္။ သူ႕စိတ္ေျပာင္းလာဖုိ႕ မင္းလုပ္တဲ့ပံု
ကေတာ္ေတာ္ကို လြန္က်ဴးခဲ့တယ္”လုိ႕ေျပာခဲ့ပါတယ္။

Quinnကဟာ ၂ႏွစ္ေလာက္ လူမႈေရးလုပ္ငန္းေတြမွာ လုပ္ဖုိ႕ ျပစ္ဒဏ္က်ခဲ့ပါတယ္။ ပိုက္ဆံမယူပဲ
နာရီ ၁၀၀တိတိ အလုပ္လုပ္ေပးရမွာလည္းျဖစ္ပါတယ္။ Relationship သင္တန္းေတြကိုလည္း
၂၄ခါတက္ေရာက္ရမွာျဖစ္ပါတယ္။ ဒါေတြကိုမလုိက္နာရင္ေတာ့ ေထာင္ထဲမွာ ၂ႏွစ္အခ်ိန္ကုန္ရ
မွာပဲ ျဖစ္ပါတယ္။

Myanmar Online Media

Source: mirror

........................................

လမ်းခွဲမယ်ပြောလို့ ချစ်ရည်လူးတဲ့ ဗီဒီယိုကိုအွန်လိုင်းပေါ်တင်လိုက်တဲ့သူ
By Shwemom - January 21, 2016

ရည်းစားအဖြစ်ကနေ လမ်းခွဲမယ်ပြောလို့ လက်စားချေတဲ့အနေနဲ့ သူမနဲ့ အပျော်ကြူးခဲ့တဲ့ ဗွီဒီယိုဖိုင်ကို
အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု အင်္ဂလန်နိုင်ငံ ဆွမ်ဆီးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဗွီဒီယို
ကို လွှင့်တင်သူကတော့ အသက်(37)နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အမည်ကတော့
Darren Quinn ဖြစ်ပါတယ်။

အမျိုးသမီးရဲ့အမည်ကိုတော့ ဖော်ပြထားခြင်းမရှိပေမယ့် အဲဒီအမျိုးသမီးက သူတို့ရဲ့အချစ်ဇာတ်လမ်းကို
အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် ဒီလို မှုခင်းမျိုးဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ထိုအမျိုး
သားဟာ သူတို့နှစ်ယောက်ရဲ့ ချစ်တင်းနှောတဲ့ဓာတ်ပုံ 93 ပုံကိုလည်း အသုံးပြုခဲ့ပြီး အဓိကတော့ အမျိုးသ
မီးဖြစ်သူကို လက်စားချေလိုတဲ့သဘော၊ အရှက်ရစေလိုတဲ့သဘောမျိုး ပါ၀င်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် Quinn ဟာ အမျိုးသမီးရဲ့ အလုပ်ထိ လိုက်သွားပြီး ကားပါကင်မှာ ဆံပင်ကိုဆွဲကာ အကြမ်းဖက်
ခြိမ်းခြောက်မှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ Quinn ဟာ ဒီဗွီဒီယိုကို ဖြန့်ဖို့အတွက် တွစ်တာ
အကောင့်တစ်ခု ဖွင့်ကာ အသုံးပြုခဲ့ပြီး “ငါ မင်းနဲ့ ဆက်ဆံခဲ့တဲ့ပုံတွေကို Facebook, Twitter နဲ့
Instagram တွေမှာ တင်ပစ်မယ် … နောက်ဖြစ်လာမယ့် အကျိုးဆက်ကို ဂရုမစိုက်ဘူး … မင်း ငါ့ကို
ပြန်တွေ့တဲ့အခါတိုင်း နောင်တရနေစေရမယ် … ငါ မင်းဘဝကို ဖျက်ဆီးပစ်မှာ ” ဟုလည်း စာပို့ ခြိမ်း
ချောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဗီဒီယိုကို တင်ခဲ့တဲ့ အတွက် ထောင်ဒဏ်နှစ်နှစ်လောက်ကျခံရဖို့ ရှိနေပါတယ်။ တရားသူကြီးက
သူ့ကို “မင်းကို အားကိုးယုံကြည်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဒီလိုအတွင်းရေးကိစ္စကိုမင်းက အင်
တာနက်ပေါ်တင်ခဲ့တယ်။ မင်းရဲ့အပြုအမူကြောင့် သူဘယ်တော့မှ မင်းနဲ့ဆုံဆည်းတော့မှာမဟုတ်
ဘူး။ မင်းဆီကနေလွတ်မြောက်ချင်တာကို မင်းသိခဲ့သင့်တယ်။ သူ့စိတ်ပြောင်းလာဖို့ မင်းလုပ်တဲ့ပုံ
ကတော်တော်ကို လွန်ကျူးခဲ့တယ်”လို့ပြောခဲ့ပါတယ်။

Quinnကဟာ ၂နှစ်လောက် လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဖို့ ပြစ်ဒဏ်ကျခဲ့ပါတယ်။ ပိုက်ဆံမယူပဲ
နာရီ ၁၀၀တိတိ အလုပ်လုပ်ပေးရမှာလည်းဖြစ်ပါတယ်။ Relationship သင်တန်းတွေကိုလည်း
၂၄ခါတက်ရောက်ရမှာဖြစ်ပါတယ်။ ဒါတွေကိုမလိုက်နာရင်တော့ ထောင်ထဲမှာ ၂နှစ်အချိန်ကုန်ရ
မှာပဲ ဖြစ်ပါတယ်။

Myanmar Online Media

Source: mirror
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment