အခင္္းျဖစ္တဲ့ေနရာနဲ႔အနီးမွာ ေသသူရဲ႕၀ိဉာဥ္ကုိပါ ေတြ႔ခဲ့ရတဲ့ဓာတ္ပုံတစ္ပုံ




By netsetaw - July 14, 2016

အေမရိကန္ႏုိင္ငံ Kentucky ျပည္နယ္၊ Powell County ရဲ႕ အျမန္လမ္းမွာ မၾကာေသးခင္က ေမာ္ေတာ္ဆုိင္ကယ္ မေတာ္တဆမႈ ျဖစ္ပြားခဲ့ပါတယ္။ အခင္းျဖစ္ရာကို လူနာတင္ကားေတြ အျမန္ေရာက္လာခဲ့ေပမယ့္ ဆုိင္ကယ္သမားရဲ႕ အသက္ကုိေတာ့ ကယ္တင္ႏုိင္ျခင္း မရွိပါဘူး။ လူေတြ ၀ိုင္းၿပီးအုံၾကည့္ေနၾကတဲ့ျမင္ကြင္းကို ထရပ္ကားဒ႐ုိင္ဘာတစ္ေယာက္ျဖစ္တဲ့ Saul Vazquez ကလည္း မေတာ္တဆမႈကုိ ကုိက္(200)ေလာက္ကေန မွတ္တမ္းတင္ခဲ့ပါတယ္။ အဲဒီမွာ ထူးျခားခ်က္က ၀ုိင္းအုံေနတဲ့ လူေတြရဲ႕ အေပၚမွာ ေသးဆုံးခဲ့သူ ဆုိင္ကယ္သမားရဲ႕ ၀ိဉာဥ္လုိ႔ယူဆရတဲ့ အရိပ္အေယာင္ကို ေတြ႕ခဲ့ရပါတယ္။

Saul Vazquez ဓာတ္ပုံဟာ အင္တာနက္မွာ ခဏခ်င္းမွာပဲ ေရပန္းစားသြားခဲ့ၿပီး ဓာတ္ပုံကုိကုိ ညႊန္ထားတဲ့ စားသားမွာ Saul က ” ဓာတ္ပုံကုိ Zoom ဆြဲၿပီး အာ႐ုံစုိက္ၾကည့္ပါ … ရဲတပ္ဖြဲ႕၀င္ရဲ႕ ဦးထုပ္အထက္မွာ အရိပ္တစ္ခုကို ေတြ႔ရပါလိမ့္မယ္ “လုိ႔ ညႊန္းဆုိခဲ့တာျဖစ္ပါတယ္။ လူေတြေတာ္ေတာ္မ်ားမ်ား အဲဒီဓာတ္ပုံကုိ Like and Share လုပ္ၾကၿပီး မွတ္ခ်က္ အမ်ိဳးမ်ိဳး ေပးခဲ့ၾကပါတယ္။ အင္တာနက္အသုံးျပဳသူ တစ္ေယာက္ကေတာ့ ” ေသသူရဲ႕ ၀ိဉာဥ္ ျဖစ္ပါလိမ့္မယ္ “လုိ႔ မွတ္ခ်က္ေရးခဲ့ၿပီး၊ အျခားတစ္ေယာက္က ” ဒါ သိပ္အံ့ၾသစရာေကာင္းတယ္ … ဒီလုိ ဓာတ္ပုံမ်ိဳးဆုိတာ ရခဲပါတယ္ “လုိ႔ ေရးခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ တစ္ဦးကလည္း ” အဲဒါ ၀ိဥာဥ္မွ ၀ိဥာဥ္အစစ္ပါဘဲ “လုိ႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

source : metro.co.uk

..........................................

အခင််းဖြစ်တဲ့နေရာနဲ့အနီးမှာ သေသူရဲ့ဝိဉာဉ်ကိုပါ တွေ့ခဲ့ရတဲ့ဓာတ်ပုံတစ်ပုံ
By netsetaw - July 14, 2016

အမေရိကန်နိုင်ငံ Kentucky ပြည်နယ်၊ Powell County ရဲ့ အမြန်လမ်းမှာ မကြာသေးခင်က မော်တော်ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ရာကို လူနာတင်ကားတွေ အမြန်ရောက်လာခဲ့ပေမယ့် ဆိုင်ကယ်သမားရဲ့ အသက်ကိုတော့ ကယ်တင်နိုင်ခြင်း မရှိပါဘူး။ လူတွေ ၀ိုင်းပြီးအုံကြည့်နေကြတဲ့မြင်ကွင်းကို ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်တဲ့ Saul Vazquez ကလည်း မတော်တဆမှုကို ကိုက်(200)လောက်ကနေ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီမှာ ထူးခြားချက်က ၀ုိင်းအုံနေတဲ့ လူတွေရဲ့ အပေါ်မှာ သေးဆုံးခဲ့သူ ဆိုင်ကယ်သမားရဲ့ ၀ိဉာဉ်လို့ယူဆရတဲ့ အရိပ်အယောင်ကို တွေ့ခဲ့ရပါတယ်။

Saul Vazquez ဓာတ်ပုံဟာ အင်တာနက်မှာ ခဏချင်းမှာပဲ ရေပန်းစားသွားခဲ့ပြီး ဓာတ်ပုံကိုကို ညွှန်ထားတဲ့ စားသားမှာ Saul က ” ဓာတ်ပုံကို Zoom ဆွဲပြီး အာရုံစိုက်ကြည့်ပါ … ရဲတပ်ဖွဲ့ဝင်ရဲ့ ဦးထုပ်အထက်မှာ အရိပ်တစ်ခုကို တွေ့ရပါလိမ့်မယ် “လို့ ညွှန်းဆိုခဲ့တာဖြစ်ပါတယ်။ လူတွေတော်တော်များများ အဲဒီဓာတ်ပုံကို Like and Share လုပ်ကြပြီး မှတ်ချက် အမျိုးမျိုး ပေးခဲ့ကြပါတယ်။ အင်တာနက်အသုံးပြုသူ တစ်ယောက်ကတော့ ” သေသူရဲ့ ၀ိဉာဉ် ဖြစ်ပါလိမ့်မယ် “လို့ မှတ်ချက်ရေးခဲ့ပြီး၊ အခြားတစ်ယောက်က ” ဒါ သိပ်အံ့သြစရာကောင်းတယ် … ဒီလို ဓာတ်ပုံမျိုးဆိုတာ ရခဲပါတယ် “လို့ ရေးခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တစ်ဦးကလည်း ” အဲဒါ ၀ိဉာဉ်မှ ၀ိဉာဉ်အစစ်ပါဘဲ “လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

source : metro.co.uk
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment