လုပ္ခတိုးေပးဖို ့ ေတာင္းဆိုသည့္ ျမန္မာအလုပ္သမားမ်ားအား ထိုင္းအာဏာပိုင္နဲ ့ ျမန္မာသံရံုးအစီအစဥ္ျဖင့္ နယ္စပ္သို ့ အတင္းအၾကပ္ ျပန္ပို ့ေန




9 July 2016
အလုပ္သမားေတြကို ထိုင္းႏုိင္ငံရဲ႕ ဥပေဒပါ တေန႔ လုပ္အားခဘတ္ေငြ ၃၀၀ ေပးေပမဲ့ ေန႔စဥ္ လုပ္အားခ ျဖတ္ေတာက္ေနတာေတြေၾကာင့္ လုပ္အားခနစ္နာမႈေတြ ေျဖရွင္းေပးဖုိ႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ေတာင္းဆိုခဲ့တာပါ။ လုလိုလုပ္ခတိုးေပးဖို ့ ေတာင္းဆို ေနၾကသူေတြကို ကာေတြေပၚ တက္ခိုင္း ျပည္ နယ္စပ္ကိုျပန္ပို ့ေန ့နဲ ့မွာ ျမန္မာသံ႐ံုးက အလုပ္သမားသံအရာရွိလည္း လာေရာက္ခဲ့ျပီး ဘာမွ ကူညီနိုင္တာမ်ိဳး
မေတ ြရပါဘူး။
ကားေတြနဲ႔ အလုပ္သမားေတြကို ျပန္ပို႔ခ်ိန္မွာကာေပၚတက္ေနတဲ့ အလုပ္သမားေတြက ေနရပ္ရင္း ကို မျပန္လိုၾကဘူးလို႔ ေအာ္သစ္ ေတာင္းဆိုေနၾကပါတယ္။
အလုပ္သမားေတြဟာ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္နဲ႔ လာတာျဖစ္လို႔ တရား၀င္ အေထာက္အထားေတြနဲ႔ ဥပေဒပါအခြင့္အေရးကို ရရွိခံစားခြင့္ ရိွရမယ္ဆိုၿပီး သူတို႔နစ္နာမႈေတြကို ေတာင္းဆိုခဲ့တာပါ။ စေနေန႔မွာေတာ့ အတင္းအၾကပ္ ဘတ္စ္ကားေတြနဲ႔ နယ္စပ္ကို ျပန္ပို႔တာေတြ လုပ္ခဲ့တယ္လုိ႔ အလုပ္သမားတဦးက အခုလို ေျပာျပပါတယ္။
“ျမန္မာအလုပ္သမားေတြက အားလံုးက တေယာက္မွ ကားေပၚမတက္ၾက ပါဘူး။ ကားေပၚမတက္တဲ့အခါမွာ ဗမာစကားျပန္ကလည္း ေျပာပါတယ္ခင္ဗ်။ သူတုိ႔ ကားေပၚကို အသာတၾကည္ တက္ခိုင္းေနတုန္းကို တက္ေပါ့။ အဲ့လုိမွ မတက္လို႔ရွိရင္ သူတုိ႔ ႐ိုက္ႏွက္ၿပီး ဖမ္းခ်ဳပ္ၿပီး တင္ရလိမ့္မယ္ေပါ့။ က်ေနာ္ MOU နဲ႔ လာတာ ၂ ႏွစ္ရွိပါၿပီခင္ဗ်။ က်ေနာ္ ၁ ႏွစ္ခြဲကတည္းက က်ေနာ္တို႔အဖြဲ႔ေတြကေျပာတယ္။ က်ေနာ္တုိ႔ တေယာက္မွ ျမန္မာျပည္ကို မျပန္ၾကပါဘူးခင္ဗ်။ ဒီစက္႐ံုကေန က်ေနာ္တုိ႔ကို အလုပ္ထုတ္တယ္လို႔လည္း က်ေနာ္တုိ႔ကို မေျပာဘူးခင္ဗ်။ က်ေနာ္တုိ႔ကို ေမာင္းထုတ္ပါတယ္။”
ျမန္မာသံ႐ံုးက အလုပ္သမားသံအရာရွိကုိယ္တိုင္ လာေရာက္ေျဖရွင္းမႈေတြ ရွိေပမဲ့ ေျပလည္မႈ မရွိတာေၾကာင့္ ေျဖရွင္းမႈက နည္းလမ္းမက်ဘူးလို႔ အလုပ္သမားေတြဘက္က ေ၀ဖန္မႈေတြလည္း ရွိေနတာပါ။ ဒီအတြက္ အလုပ္သမားေတြကေတာ့ ေနရပ္ရင္းကိုမျပန္လိုၾကဘဲ ျပန္ၾကရတယ္လုိ႔ ႏုိင္ငံကူးလက္မွတ္ ကိုင္ေဆာင္ၿပီး အလုပ္လုပ္ေနတဲ့ အလုပ္သမားေခါင္းေဆာင္တဦးကလည္း ေျပာျပပါတယ္။
VOA
http://burmese.voanews.com/a/thailand-migrant…/3410771.html…

...............................................

လုပ်ခတိုးပေးဖို ့ တောင်းဆိုသည့် မြန်မာအလုပ်သမားများအား
ထိုင်းအာဏာပိုင်နဲ ့ မြန်မာသံရုံးအစီအစဉ်ဖြင့် နယ်စပ်သို ့ အတင်းအကြပ် ပြန်ပို ့နေ
9 July 2016
အလုပ်သမားတွေကို ထိုင်းနိုင်ငံရဲ့ ဥပဒေပါ တနေ့ လုပ်အားခဘတ်ငွေ ၃၀၀ ပေးပေမဲ့ နေ့စဉ် လုပ်အားခ ဖြတ်တောက်နေတာတွေကြောင့် လုပ်အားခနစ်နာမှုတွေ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်းဆိုခဲ့တာပါ။ လုလိုလုပ်ခတိုးပေးဖို ့ တောင်းဆို နေကြသူတွေကို ကာတွေပေါ် တက်ခိုင်း ပြည် နယ်စပ်ကိုပြန်ပို ့နေ ့နဲ ့မှာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိလည်း လာရောက်ခဲ့ပြီး ဘာမှ ကူညီနိုင်တာမျိုး
မတေ ွရပါဘူး။
ကားတွေနဲ့ အလုပ်သမားတွေကို ပြန်ပို့ချိန်မှာကာပေါ်တက်နေတဲ့ အလုပ်သမားတွေက နေရပ်ရင်း ကို မပြန်လိုကြဘူးလို့ အော်သစ် တောင်းဆိုနေကြပါတယ်။
အလုပ်သမားတွေဟာ နှစ်နိုင်ငံသဘောတူညီချက်နဲ့ လာတာဖြစ်လို့ တရားဝင် အထောက်အထားတွေနဲ့ ဥပဒေပါအခွင့်အရေးကို ရရှိခံစားခွင့် ရှိရမယ်ဆိုပြီး သူတို့နစ်နာမှုတွေကို တောင်းဆိုခဲ့တာပါ။ စနေနေ့မှာတော့ အတင်းအကြပ် ဘတ်စ်ကားတွေနဲ့ နယ်စပ်ကို ပြန်ပို့တာတွေ လုပ်ခဲ့တယ်လို့ အလုပ်သမားတဦးက အခုလို ပြောပြပါတယ်။
“မြန်မာအလုပ်သမားတွေက အားလုံးက တယောက်မှ ကားပေါ်မတက်ကြ ပါဘူး။ ကားပေါ်မတက်တဲ့အခါမှာ ဗမာစကားပြန်ကလည်း ပြောပါတယ်ခင်ဗျ။ သူတို့ ကားပေါ်ကို အသာတကြည် တက်ခိုင်းနေတုန်းကို တက်ပေါ့။ အဲ့လိုမှ မတက်လို့ရှိရင် သူတို့ ရိုက်နှက်ပြီး ဖမ်းချုပ်ပြီး တင်ရလိမ့်မယ်ပေါ့။ ကျနော် MOU နဲ့ လာတာ ၂ နှစ်ရှိပါပြီခင်ဗျ။ ကျနော် ၁ နှစ်ခွဲကတည်းက ကျနော်တို့အဖွဲ့တွေကပြောတယ်။ ကျနော်တို့ တယောက်မှ မြန်မာပြည်ကို မပြန်ကြပါဘူးခင်ဗျ။ ဒီစက်ရုံကနေ ကျနော်တို့ကို အလုပ်ထုတ်တယ်လို့လည်း ကျနော်တို့ကို မပြောဘူးခင်ဗျ။ ကျနော်တို့ကို မောင်းထုတ်ပါတယ်။”
မြန်မာသံရုံးက အလုပ်သမားသံအရာရှိကိုယ်တိုင် လာရောက်ဖြေရှင်းမှုတွေ ရှိပေမဲ့ ပြေလည်မှု မရှိတာကြောင့် ဖြေရှင်းမှုက နည်းလမ်းမကျဘူးလို့ အလုပ်သမားတွေဘက်က ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒီအတွက် အလုပ်သမားတွေကတော့ နေရပ်ရင်းကိုမပြန်လိုကြဘဲ ပြန်ကြရတယ်လို့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေတဲ့ အလုပ်သမားခေါင်းဆောင်တဦးကလည်း ပြောပြပါတယ်။
VOA
http://burmese.voanews.com/a/thailand-migrant…/3410771.html…
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment