အမ်ိဳးသမီးမ်ားေဒါက္ဖိနပ္စီးျခင္းႏွင့္ ေဒါက္ဖိနပ္ျဖစ္ေပၚလာပုံသမုိ္င္း





By netsetaw - July 8, 2016


ေဒါက္ျမင့္ဖိနပ္ယဥ္ေက်းမႈ ဘယ္ကစသလဲလုိ႔ ေမးလုိက္ရင္ လူေတြ အလြယ္တစ္ကူေျဖမွာက ဥေရာပက စတယ္ဆုိတဲ့ အေျဖျဖစ္ပါလိမ့္မယ္။ အမွန္ကေတာ့ ေဒါက္ျမင့္ဖိနပ္ဟာ အာရွႏုိင္ငံမွာ အင္ပါယာစုိက္ထူခဲ့တဲ့ ပါရွန္းေတြက စတင္ခဲ့တာ
ျဖစ္ပါတယ္။ ခုံျမင့္ဖိနပ္ကုိ ပါရွန္းျမင္းစီးစစ္သည္ေတာ္ေတြက စတင္၀င္ဆင္ခဲ့ၾကၿပီး ျမင္းေပၚကို တက္ရတာ လြယ္ကူဖုိ႔အတြက္ ရည္ရြယ္ခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီခုန္ျမင့္ဖိနပ္ေတြဟာ ေပါ့ေပါ့ပါးပါးရွိၿပီး သစ္သားေတြနဲ႔ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ သကၠရာဇ္ 1599 ခုႏွစ္မွ ပထမဆုံး ပါရွန္း-ဥေရာပါသံတမန္ဆက္သြယ္ေရး ျဖစ္ေပၚခဲ့ၿပီး ဥေရာပကုိ ေရာက္ရွိသြား
ၾကတဲ့ ပါရွန္းမင္းမ်ိဳးမင္းႏြယ္ေတြနဲ႔ ဥေရာပသားေတြ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း ခြာျမင့္ဖိနပ္ ယဥ္ေက်းမႈ စတင္ပ်ံ႕ႏွံ႕လာပါတယ္။ 15 ရာစုနဲ႔ 17 ရာစုမွာ ဥေရာပအအမ်ိဳးသမီးေတြဟာ Chopines လုိ႔ေခၚတဲ့ ခုံျမင့္ဖိနပ္ႀကီးေတြ ၀တ္ဆင္ခဲ့ၾကပါတယ္။ မ်ားေသာအားျဖင့္ေတာ့ သစ္သား၊ သတၱဳအေပါ့စားေတြနဲ႔ လုပ္ေလ့ရွိၾကၿပီး ဂုဏ္အားျဖင့္ ႀကီးျမတ္သူေတြသာ ၀တ္ဆင္တယ္လုိ႔ အယူရွိခဲ့ပါတယ္။ ေနာက္ပုိင္း အရပ္သူေတြကပဲ လုိက္လံ၀တ္ဆင္ခဲ့ပါတယ္။ 20 ရာစုအေစာပုိင္းအထိ ဥေရာပမွာ အမ်ိဳးသားေတြကပါ ခုံျမင့္ဖိနပ္စီးခဲ့ၾကပါေသးတယ္၊ ေနာက္ပုိင္းက်မွ အမ်ိဳးသားေတြက ၀တ္ဆင္ျခင္း မရွိေတာ့ပါဘူး။ 20 ရာစုအလယ္ပုိင္းေလာက္ကစၿပီး ခုံျမင့္ဖိနပ္ေတြကို ဒီဇုိင္းအသစ္ထြင္ကာ ေဒါက္ေတြထည့္သြင္းၿပီး စီးခဲ့ရင္းက ယေန႔ေခတ္ ေဒါက္ဖိနပ္ဆုိတာ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ ေဒါက္ဖိနပ္၀တ္ဆင္ျခင္းမွာ ရည္ရြယ္ခ်က္ေတြ ရွိပါတယ္။


သမုိင္းထဲမွာ ခုံုျမင့္ဖိနပ္စီးခဲ့တဲ့ ထင္ရွားသူေတြကေတာ့ ျပင္သစ္ဘုရင္ Louis XIV ျဖစ္ပါတယ္။ သူဟာ သူရဲ႕ ခုံုျမင့္ဖိနပ္ကုိ အထူးျမတ္ႏုိးၿပီး ရတနာေတြ အမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ စီျခယ္ၿပီး စီးနင္းေလ့ရွိခဲ့ပါတယ္။ အဲဒီေခတ္က သူနဲ႔ ဖိနပ္ပုံစံတူ ၀တ္ဆင္ခြင့္ မရွိပါဘူး။ သူ အလြန္ခ်စ္ျမတ္ႏုိးတဲ့သူေတြကုိေတာ့ ခုံျမင့္ဖိနပ္ေတြကို အထူးခ်ီးျမင့္မႈအေနနဲ႔ ခ်ီးျမင့္ေလ့ရွိၿပီး၊ ၎တုိ႔ဘာသာ ပုံစံတူထုလုပ္ ၀တ္ဆင္ခြင့္လည္း အထူးအမိန္႔အေနနဲ႔ ေပးပါတယ္။ သူ ခြင့္ျပဳခ်က္မရွိဘဲ စီးနင္းတာေတြ႕ရင္ေတာ့ ေသဒဏ္ပါတဲ့။ Louis XIV ဟာ အမ်ားအားျဖင့္ အနီေရာင္ခုံျမင့္ဖိနပ္ကုိ စီးေလ့ရွိခဲ့ပါတယ္။ ဒါ့အျပင္ ျပင္သစ္ဘုရင္ နပုိလီယံကလည္း ခုံျမင့္ဖိနပ္ေတြကို ႏွစ္ၿခိဳက္စြာ စီးေလ့ရွိခဲ့ပါတယ္။ အျခားက်မ္းတစ္ေစာင္ရဲ႕ အဆုိအရေတာ့ အမ်ိဳးသမီးေတြဟာ 1630 ကတည္းက ေလာက္ကတည္းက ခုံျမင့္ဖိနပ္ေတြ စၿပီးစီးနင္းခဲ့ၾကတယ္လုိ႔လည္း ဆုိပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ အမ်ိဳးသားေတြဟာ chunky platform shoe လုိ႔ေခၚတဲ့ အလြန္ျမင့္တဲ့ဖိနပ္ေတြကုိ ဖတ္ရွင္အေနနဲ႔ စီးခဲ့ၾကပါတယ္။

(၁) စြဲေဆာင္မႈနဲ႔ အမ်ိဳးသမီးပီသျခင္း

ေဒါက္ျမင့္ဖိနပ္စီးျခင္းရဲ႕ ေရွး႐ုိးအယူအဆကေတာ့ မိန္းမပီသသူေတြသာ ေဒါက္ျမင့္ဖိနပ္ကုိ ကၽြမ္းကၽြမ္းက်င္က်င္ စီးတတ္
ၾကတယ္လုိ႔ အယူရွိပါတယ္။ ဒါကလည္း အေၾကာင္းအရင္း ရွိၿပီးသားပါ။ ထုိစဥ္အခါတုန္းက နန္းတြင္းကန္႔သတ္ပစၥည္းျဖစ္လုိ႔ ေတာ္၀င္နန္းထုိက္တဲ့ အမ်ိဳးသမီးေတြသာ စံျပအေနနဲ႔ စီးခဲ့ရပါတယ္။ အဲဒီလုိ စီးတဲ့အခါမွာလည္း ဆန္႕က်င္ဘက္လိင္ေတြကို စြဲေဆာင္မႈမွာ အလြန္ထိေရာက္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ ဒီလုိ ဖိနပ္စီးႏုိင္ျခင္းဟာ ေတာ္၀င္နန္းတြင္းသူတစ္ေယာက္ေလလား ထင္မွတ္မွားခံရလုိ႔ ျဖစ္ႏုိင္ပါတယ္။

(၂) ယုံၾကည္မႈ စိတ္စြမ္းအား



ဒါ့အျပင္ ေဒါက္ျမင့္ဖိနပ္စီးလုိက္တဲ့အခါမွာ အမ်ိဳးသမီးေတြရဲ႕ ယုံၾကည္မႈ ပုိၿပီးတုိးပြားလာပါတယ္။ အမ်ိဳးသမီးအမ်ားစုဟာ အရပ္နိမ့္သူမ်ားျဖစ္လုိ႔ ေဒါက္ျမင့္ဖိနပ္စီးလုိက္တာနဲ႔ အမ်ိဳးသားေတြနဲ႔အတူ စိတ္ပုိင္းဆုိင္ရာ ယုံၾကည္မႈရတယ္လုိ႔ ယူဆခဲ့
ၾကပါတယ္။ စိတ္စြမ္းအားလည္း ထက္ျမတ္သြားပါတယ္တဲ့။

(၃) ဣေျႏၵသိကၡာနဲ႔ ျပည္စုံသည္ဟု ယူဆျခင္း

ေရွးယခင္ကတည္းက ခြာျမင့္ဖိနပ္ေတြ ေခတ္စားလာၿပီးေနာက္ပိုင္း အမ်ိဳးသမီးေတြဟာ အထက္ပါ ခံယူခ်က္ေတြနဲ႔ ေဒါက္ဖိနပ္ေတြကို ယုံယုံၾကည္ၾကည္ စီးခဲ့ၾကပါတယ္။ ေနာက္ပုိင္း ေဒါက္ဖိနပ္မရွိရင္ မ်က္ႏွာငယ္ရတဲ့ ေခတ္အထိ အဲဒီယဥ္ေက်းမႈက လႊမ္းမုိးခဲ့ၿပီး အမ်ိဳးသမီးတုိင္းရဲ႕ ရင္ထဲမွာလည္း ေဒါက္ဖိနပ္စီးလို္က္တာနဲ႔ အလုိလုိ ဣေျႏၵသိကၡာနဲ႔ျပည့္စုံသြားတယ္လုိ႔ ယုံၾကည္တဲ့အထိ ျဖစ္ခဲ့ပါတယ္။

နတ္စည္ေတာ္ (Shwemom)

........................................

အမျိုးသမီးများဒေါက်ဖိနပ်စီးခြင်းနှင့် ဒေါက်ဖိနပ်ဖြစ်ပေါ်လာပုံသမို်င်း
By netsetaw - July 8, 2016


ဒေါက်မြင့်ဖိနပ်ယဉ်ကျေးမှု ဘယ်ကစသလဲလို့ မေးလိုက်ရင် လူတွေ အလွယ်တစ်ကူဖြေမှာက ဥရောပက စတယ်ဆိုတဲ့ အဖြေဖြစ်ပါလိမ့်မယ်။ အမှန်ကတော့ ဒေါက်မြင့်ဖိနပ်ဟာ အာရှနိုင်ငံမှာ အင်ပါယာစိုက်ထူခဲ့တဲ့ ပါရှန်းတွေက စတင်ခဲ့တာ
ဖြစ်ပါတယ်။ ခုံမြင့်ဖိနပ်ကို ပါရှန်းမြင်းစီးစစ်သည်တော်တွေက စတင်ဝင်ဆင်ခဲ့ကြပြီး မြင်းပေါ်ကို တက်ရတာ လွယ်ကူဖို့အတွက် ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီခုန်မြင့်ဖိနပ်တွေဟာ ပေါ့ပေါ့ပါးပါးရှိပြီး သစ်သားတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သက္ကရာဇ် 1599 ခုနှစ်မှ ပထမဆုံး ပါရှန်း-ဥရောပါသံတမန်ဆက်သွယ်ရေး ဖြစ်ပေါ်ခဲ့ပြီး ဥရောပကို ရောက်ရှိသွား
ကြတဲ့ ပါရှန်းမင်းမျိုးမင်းနွယ်တွေနဲ့ ဥရောပသားတွေ အိမ်ထောင်ကျပြီးနောက်ပိုင်း ခွာမြင့်ဖိနပ် ယဉ်ကျေးမှု စတင်ပျံ့နှံ့လာပါတယ်။ 15 ရာစုနဲ့ 17 ရာစုမှာ ဥရောပအအမျိုးသမီးတွေဟာ Chopines လို့ခေါ်တဲ့ ခုံမြင့်ဖိနပ်ကြီးတွေ ၀တ်ဆင်ခဲ့ကြပါတယ်။ များသောအားဖြင့်တော့ သစ်သား၊ သတ္တုအပေါ့စားတွေနဲ့ လုပ်လေ့ရှိကြပြီး ဂုဏ်အားဖြင့် ကြီးမြတ်သူတွေသာ ၀တ်ဆင်တယ်လို့ အယူရှိခဲ့ပါတယ်။ နောက်ပိုင်း အရပ်သူတွေကပဲ လိုက်လံဝတ်ဆင်ခဲ့ပါတယ်။ 20 ရာစုအစောပိုင်းအထိ ဥရောပမှာ အမျိုးသားတွေကပါ ခုံမြင့်ဖိနပ်စီးခဲ့ကြပါသေးတယ်၊ နောက်ပိုင်းကျမှ အမျိုးသားတွေက ၀တ်ဆင်ခြင်း မရှိတော့ပါဘူး။ 20 ရာစုအလယ်ပိုင်းလောက်ကစပြီး ခုံမြင့်ဖိနပ်တွေကို ဒီဇိုင်းအသစ်ထွင်ကာ ဒေါက်တွေထည့်သွင်းပြီး စီးခဲ့ရင်းက ယနေ့ခေတ် ဒေါက်ဖိနပ်ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဒေါက်ဖိနပ်ဝတ်ဆင်ခြင်းမှာ ရည်ရွယ်ချက်တွေ ရှိပါတယ်။


သမိုင်းထဲမှာ ခုုံမြင့်ဖိနပ်စီးခဲ့တဲ့ ထင်ရှားသူတွေကတော့ ပြင်သစ်ဘုရင် Louis XIV ဖြစ်ပါတယ်။ သူဟာ သူရဲ့ ခုံုမြင့်ဖိနပ်ကို အထူးမြတ်နိုးပြီး ရတနာတွေ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စီခြယ်ပြီး စီးနင်းလေ့ရှိခဲ့ပါတယ်။ အဲဒီခေတ်က သူနဲ့ ဖိနပ်ပုံစံတူ ၀တ်ဆင်ခွင့် မရှိပါဘူး။ သူ အလွန်ချစ်မြတ်နိုးတဲ့သူတွေကိုတော့ ခုံမြင့်ဖိနပ်တွေကို အထူးချီးမြင့်မှုအနေနဲ့ ချီးမြင့်လေ့ရှိပြီး၊ ၎င်းတို့ဘာသာ ပုံစံတူထုလုပ် ၀တ်ဆင်ခွင့်လည်း အထူးအမိန့်အနေနဲ့ ပေးပါတယ်။ သူ ခွင့်ပြုချက်မရှိဘဲ စီးနင်းတာတွေ့ရင်တော့ သေဒဏ်ပါတဲ့။ Louis XIV ဟာ အများအားဖြင့် အနီရောင်ခုံမြင့်ဖိနပ်ကို စီးလေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်ဘုရင် နပိုလီယံကလည်း ခုံမြင့်ဖိနပ်တွေကို နှစ်ခြိုက်စွာ စီးလေ့ရှိခဲ့ပါတယ်။ အခြားကျမ်းတစ်စောင်ရဲ့ အဆိုအရတော့ အမျိုးသမီးတွေဟာ 1630 ကတည်းက လောက်ကတည်းက ခုံမြင့်ဖိနပ်တွေ စပြီးစီးနင်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်တုန်းကတော့ အမျိုးသားတွေဟာ chunky platform shoe လို့ခေါ်တဲ့ အလွန်မြင့်တဲ့ဖိနပ်တွေကို ဖတ်ရှင်အနေနဲ့ စီးခဲ့ကြပါတယ်။

(၁) စွဲဆောင်မှုနဲ့ အမျိုးသမီးပီသခြင်း

ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ ရှေးရိုးအယူအဆကတော့ မိန်းမပီသသူတွေသာ ဒေါက်မြင့်ဖိနပ်ကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်
ကြတယ်လို့ အယူရှိပါတယ်။ ဒါကလည်း အကြောင်းအရင်း ရှိပြီးသားပါ။ ထိုစဉ်အခါတုန်းက နန်းတွင်းကန့်သတ်ပစ္စည်းဖြစ်လို့ တော်ဝင်နန်းထိုက်တဲ့ အမျိုးသမီးတွေသာ စံပြအနေနဲ့ စီးခဲ့ရပါတယ်။ အဲဒီလို စီးတဲ့အခါမှာလည်း ဆန့်ကျင်ဘက်လိင်တွေကို စွဲဆောင်မှုမှာ အလွန်ထိရောက်ခဲ့ပါတယ်။ အကြောင်းကတော့ ဒီလို ဖိနပ်စီးနိုင်ခြင်းဟာ တော်ဝင်နန်းတွင်းသူတစ်ယောက်လေလား ထင်မှတ်မှားခံရလို့ ဖြစ်နိုင်ပါတယ်။

(၂) ယုံကြည်မှု စိတ်စွမ်းအား



ဒါ့အပြင် ဒေါက်မြင့်ဖိနပ်စီးလိုက်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ ယုံကြည်မှု ပိုပြီးတိုးပွားလာပါတယ်။ အမျိုးသမီးအများစုဟာ အရပ်နိမ့်သူများဖြစ်လို့ ဒေါက်မြင့်ဖိနပ်စီးလိုက်တာနဲ့ အမျိုးသားတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုရတယ်လို့ ယူဆခဲ့
ကြပါတယ်။ စိတ်စွမ်းအားလည်း ထက်မြတ်သွားပါတယ်တဲ့။

(၃) ဣန္ဒြေသိက္ခာနဲ့ ပြည်စုံသည်ဟု ယူဆခြင်း

ရှေးယခင်ကတည်းက ခွာမြင့်ဖိနပ်တွေ ခေတ်စားလာပြီးနောက်ပိုင်း အမျိုးသမီးတွေဟာ အထက်ပါ ခံယူချက်တွေနဲ့ ဒေါက်ဖိနပ်တွေကို ယုံယုံကြည်ကြည် စီးခဲ့ကြပါတယ်။ နောက်ပိုင်း ဒေါက်ဖိနပ်မရှိရင် မျက်နှာငယ်ရတဲ့ ခေတ်အထိ အဲဒီယဉ်ကျေးမှုက လွှမ်းမိုးခဲ့ပြီး အမျိုးသမီးတိုင်းရဲ့ ရင်ထဲမှာလည်း ဒေါက်ဖိနပ်စီးလို်က်တာနဲ့ အလိုလို ဣန္ဒြေသိက္ခာနဲ့ပြည့်စုံသွားတယ်လို့ ယုံကြည်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment