ဆုိင္ကယ္ေမာင္းရင္း ထီးကလည္ပင္းကို၀င္စုိက္လုိ႔ အမ်ိဳးသမီးတစ္ဦးေသဆုံး

ဆုိင္ကယ္ေမာင္းရင္း ထီးကလည္ပင္းကို၀င္စုိက္လုိ႔ အမ်ိဳးသမီးတစ္ဦးေသဆုံး


By netsetaw - July 21, 2016


တ႐ုတ္ႏုိင္ငံ ဂြမ္ေဒါင္းစီရင္စု၊ Lianjiang ၿမိဳ႕မွာ ဆုိင္ကယ္ေမာင္းလာတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ေလတုိက္ႏႈန္းေၾကာင့္ ေလထဲမွာလြင့္လာတဲ့ ထီးတစ္လက္က လည္ပင္းဆီကို  ထုိးစုိက္၀င္ခဲ့ကာ ေသဆုံးခဲ့တဲ့ မေတာ္တဆျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ သူမဟာ Lianjiang ၿမိဳ႕၊ An Shun  လမ္းမႀကီးအတုိင္း ဆုိင္ကယ္ကုိ ေမာင္းႏွင္လာခဲ့တာျဖစ္ၿပီး လမ္းခုလတ္မွာ ေလနဲ႔အတူ ပ်ံ၀ဲလာတဲ့ထီးက လည္ပင္းကို ၀င္စုိက္ခဲ့လုိ႔ စီးနင္းလာတဲ့ ဆုိင္ကယ္ကလည္း လမ္းမထက္မွာ လဲက်ခဲ့ကာ ယခုလုိ အျဖစ္ဆုိးနဲ႔ ေသခဲ့ရျခင္း ျဖစ္ႏုိင္တယ္လုိ႔ ရဲတပ္ဖြဲ႕က ကနဦး ေကာက္ခ်က္ခ်ခဲ့ပါတယ္။
ကယ္ဆယ္ေရးအဖြဲ႕ေတြဟာ မိနစ္ပုိင္းအတြင္း သူမ အခင္းျဖစ္ရာေနရာကို အျမန္ေရာက္ခဲ့ေပမယ့္လည္း သူမရဲ႕ အသက္ကိုေတာ့ မကယ္ႏုိင္ခဲ့ပါဘူး။ သူမဟာ ဘယ္ဇာတိျဖစ္တယ္၊ အသက္ဘယ္ေလာက္ျဖစ္တယ္ဆုိတာကိုေတာ့ ေဒသခံေတြက ေဖာ္ျပထားျခင္း မရွိပါဘူး။


လက္ရွိအခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕ဟာ သူမရဲ႕ ေသဆုံးမႈနဲ႔ပတ္သက္ၿပီး ျဖစ္ႏုိ္င္ေခ်ႏွစ္မ်ိဳးအေပၚမွာ စုံစမ္းေနဆဲ ျဖစ္ပါတယ္။ ပထမ ျဖစ္ႏုိ္င္ေခ်ကေတာ့ သူမက ဆုိင္ကယ္လဲစဥ္ လမ္းေပၚမွာ က်ေနတဲ့ ထီးစုက္ေပၚကို သူမရဲ႕ လည္ပင္းနဲ႔ ေမွာက္လွ်က္ က်ေရာက္ခဲ့တာလား … သုိ႔တည္းမဟုတ္ .. သူမ ဆုိင္ကယ္စီးေနစဥ္ ေလနဲ႔အတူ ထီးကလြင့္ၿပီး လည္ပင္းကို ၀င္စုိက္လုိ႔ ေသခဲ့တာလားဆုိတာကိုေတာ့ အခုထက္ထိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ခန္႔မွန္းတြက္ခ်က္မႈ တစ္ခုအရ တစ္ႏွစ္လွ်င္ လူဦးေရ ႏွစ္သန္းခန္႔ဟာ ထီးေၾကာင့္ မေတာ္တဆျဖစ္ ေသဆုံးေနရတယ္လုိ႔လည္း သိရပါတယ္။


ညီလင္းထက္ (Shwemom)


source : thesun.co.uk

............................................

ဆိုင်ကယ်မောင်းရင်း ထီးကလည်ပင်းကိုဝင်စိုက်လို့ အမျိုးသမီးတစ်ဦးသေဆုံး
By netsetaw - July 21, 2016


တရုတ်နိုင်ငံ ဂွမ်ဒေါင်းစီရင်စု၊ Lianjiang မြို့မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ လေတိုက်နှုန်းကြောင့် လေထဲမှာလွင့်လာတဲ့ ထီးတစ်လက်က လည်ပင်းဆီကို  ထိုးစိုက်ဝင်ခဲ့ကာ သေဆုံးခဲ့တဲ့ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူမဟာ Lianjiang မြို့၊ An Shun  လမ်းမကြီးအတိုင်း ဆိုင်ကယ်ကို မောင်းနှင်လာခဲ့တာဖြစ်ပြီး လမ်းခုလတ်မှာ လေနဲ့အတူ ပျံဝဲလာတဲ့ထီးက လည်ပင်းကို ၀င်စိုက်ခဲ့လို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကလည်း လမ်းမထက်မှာ လဲကျခဲ့ကာ ယခုလို အဖြစ်ဆိုးနဲ့ သေခဲ့ရခြင်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ မိနစ်ပိုင်းအတွင်း သူမ အခင်းဖြစ်ရာနေရာကို အမြန်ရောက်ခဲ့ပေမယ့်လည်း သူမရဲ့ အသက်ကိုတော့ မကယ်နိုင်ခဲ့ပါဘူး။ သူမဟာ ဘယ်ဇာတိဖြစ်တယ်၊ အသက်ဘယ်လောက်ဖြစ်တယ်ဆိုတာကိုတော့ ဒေသခံတွေက ဖော်ပြထားခြင်း မရှိပါဘူး။


လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ဟာ သူမရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ဖြစ်နို်င်ချေနှစ်မျိုးအပေါ်မှာ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ပထမ ဖြစ်နို်င်ချေကတော့ သူမက ဆိုင်ကယ်လဲစဉ် လမ်းပေါ်မှာ ကျနေတဲ့ ထီးစုက်ပေါ်ကို သူမရဲ့ လည်ပင်းနဲ့ မှောက်လျှက် ကျရောက်ခဲ့တာလား … သို့တည်းမဟုတ် .. သူမ ဆိုင်ကယ်စီးနေစဉ် လေနဲ့အတူ ထီးကလွင့်ပြီး လည်ပင်းကို ၀င်စိုက်လို့ သေခဲ့တာလားဆိုတာကိုတော့ အခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ခန့်မှန်းတွက်ချက်မှု တစ်ခုအရ တစ်နှစ်လျှင် လူဦးရေ နှစ်သန်းခန့်ဟာ ထီးကြောင့် မတော်တဆဖြစ် သေဆုံးနေရတယ်လို့လည်း သိရပါတယ်။


ညီလင်းထက် (Shwemom)


source : thesun.co.uk


Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment