ငွက္ ႏွင့္ တုိက္မိၿပီးေနာက္ အေမရိကန္ ခရီးသည္တင္ ေလယာဥ္ ဆစ္ဒနီတြင္ အေရးေပၚဆင္းသက္ခဲ့ရ


အေမရိကန္ ခရီးသည္တင္ ေလယာဥ္ ဘုိးရင္း ၇၈၇ အား ေတြ႔ရစဥ္ (ဆင္ဟြာ)
    ဆစ္ဒနီ ၊ ဇူလုိင္ ၄ ရက္ (ဆင္ဟြာ)

    အေမရိကန္ ေလေၾကာင္းလုိင္းမွ ဘုိးရင္း ၇၈၇ ခရီးသည္တင္ ေလယာဥ္သည္ ေလဆိပ္မွ စတင္ ပ်ံတက္စဥ္ ငွက္ႏွင့္ တုိက္မိသြားျခင္းေၾကာင့္ ဆစ္ဒနီႏုိင္ငံတကာ ေလဆိပ္သုိ ့အေရးေပၚ ဆင္းသက္ခဲ့ရေၾကာင္း သိရသည္။

အဆုိပါ ေလယာဥ္သည္ အေမရိကန္ႏုိင္ငံ ေလာ့စ္အိန္ဂ်လိစ္သုိ ့ပ်ံသန္းရန္ ဆစ္ဒနီေလဆိပ္မွ ေဒသစံေတာ္ခ်ိန္ နံနက္ ၉ နာရီ ၄ဝ မိနစ္ မွ စတင္ထြက္ခြာစဥ္ ငွက္ႏွင့္ တုိက္မိသျဖင့္ ဆစ္ဒနီေလဆိပ္သုိ႔ အေရးေပၚ ျပန္လည္ ဆင္းသက္ခဲ့ရျခင္း ျဖစ္သည္။ ၄င္းျဖစ္စဥ္တြင္ ေလယာဥ္ေပၚ လုိက္ပါလာသူ တစ္ဦးတစ္ေယာက္မွ် ထိခုိက္ဒဏ္ရာ ရရွိျခင္းမရွိေၾကာင္း သိရသည္။

အေရးေပၚလုပ္ထံုးလုပ္နည္း အတုိင္း ေလယာဥ္ဆီမ်ားကုိ ပင္လယ္ထဲသုိ႔ ေဖာက္ပစ္ခဲ့ေၾကာင္းႏွင့္ ေလယာဥ္မွဴး ၏ ကုိယ္ပုိင္ ဆံုးျဖတ္ခ်က္ျဖင့္သာ ေလယာဥ္အား ျပန္လည္ ဆင္းသက္ခဲ့ျခင္း ျဖစ္ေၾကာင္း ၾသစေၾတးလ် ေလေၾကာင္းပုိ႔ေဆာင္ေရး ေျပာေရးဆုိခြင့္ရွိသူက သတင္းမီဒီယာအား ေျပာၾကားသည္။

“ လုိအပ္ရင္ ခ်က္ျခင္း အကူအညီေပးႏုိင္ဖုိ ့ မီးသတ္သမားေတြနဲ ့ကယ္ဆယ္ေရးအဖြဲ ့ေတြက အသင့္ပါပဲ” ဟု ၄င္းေျပာေရးဆုိခြင့္ရွိသူ အမ်ိဳးသမီးက ဆင္ဟြာ သတင္းဌာနသုိ ့ေျပာၾကားသည္။

ငွက္ႏွင့္ တုိက္မိၿပီးေနာက္ ေလယာဥ္ ထိခုိက္ပ်က္စီးမႈ တစ္စံုတစ္ရာ ျဖစ္ေပၚလာႏုိင္သည္ကုိ စုိးရိမ္သျဖင့္ ေလယာဥ္မွဴးသည္ ဆစ္ဒနီေလဆိပ္ရွိ ေလေၾကာင္းထိန္းခ်ဳပ္ေရး တာဝါသုိ႔ အေရးေပၚ သတင္း ပုိ႔ခဲ့ျခင္း ျဖစ္သည္။ ၾသစေၾတးလ် ေလေၾကာင္း ထိန္းသိမ္းေရးဌာနသည္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အေသးစိတ္ စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ လုပ္ေဆာင္ရန္အတြက္ အေမရိကန္ ေလေၾကာင္းလုိင္းမွ သတင္း အခ်က္အလက္မ်ားကုိ ေစာင့္ဆုိင္းလ်က္ ရွိသည္။ အေမရိကန္ ေလေၾကာင္းလုိင္းက အျဖစ္အပ်က္ႏွင့္ ပတ္သက္၍ ဆင္ဟြာသုိ႔ အေစာတလ်င္ ေဝဖန္ေျပာၾကားမႈ မျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com/
.......


အမေရိကန် ခရီးသည်တင် လေယာဉ် ဘိုးရင်း ရ၈၇ အား တွေ့ရစဉ် (ဆင်ဟွာ)
    ဆစ်ဒနီ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

    အမေရိကန် လေကြောင်းလိုင်းမှ ဘိုးရင်း ရ၈၇ ခရီးသည်တင် လေယာဉ်သည် လေဆိပ်မှ စတင် ပျံတက်စဉ် ငှက်နှင့် တိုက်မိသွားခြင်းကြောင့် ဆစ်ဒနီနိုင်ငံတကာ လေဆိပ်သို ့အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်သို ့ပျံသန်းရန် ဆစ်ဒနီလေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄ဝ မိနစ် မှ စတင်ထွက်ခွာစဉ် ငှက်နှင့် တိုက်မိသဖြင့် ဆစ်ဒနီလေဆိပ်သို့ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ ၄င်းဖြစ်စဉ်တွင် လေယာဉ်ပေါ် လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။

အရေးပေါ်လုပ်ထုံးလုပ်နည်း အတိုင်း လေယာဉ်ဆီများကို ပင်လယ်ထဲသို့ ဖောက်ပစ်ခဲ့ကြောင်းနှင့် လေယာဉ်မှူး ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ လေယာဉ်အား ပြန်လည် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း သြစတြေးလျ လေကြောင်းပို့ဆောင်ရေး ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာအား ပြောကြားသည်။

“ လိုအပ်ရင် ချက်ခြင်း အကူအညီပေးနိုင်ဖို ့ မီးသတ်သမားတွေနဲ ့ကယ်ဆယ်ရေးအဖွဲ ့တွေက အသင့်ပါပဲ” ဟု ၄င်းပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆင်ဟွာ သတင်းဌာနသို ့ပြောကြားသည်။

ငှက်နှင့် တိုက်မိပြီးနောက် လေယာဉ် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်သဖြင့် လေယာဉ်မှူးသည် ဆစ်ဒနီလေဆိပ်ရှိ လေကြောင်းထိန်းချုပ်ရေး တာဝါသို့ အရေးပေါ် သတင်း ပို့ခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ လေကြောင်း ထိန်းသိမ်းရေးဌာနသည် ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်ရန်အတွက် အမေရိကန် လေကြောင်းလိုင်းမှ သတင်း အချက်အလက်များကို စောင့်ဆိုင်းလျက် ရှိသည်။ အမေရိကန် လေကြောင်းလိုင်းက အဖြစ်အပျက်နှင့် ပတ်သက်၍ ဆင်ဟွာသို့ အစောတလျင် ဝေဖန်ပြောကြားမှု မပြုလုပ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment