ဘာတာဝပ်နယ်မြေ နာကာဆာရီ လို့ခေါ်တဲ့ အရပ်မှာ မျက်နှာဖုံးစွပ်နဲ့ လူနှစ်ယောက်ကမြန်မာအလုပ်သမားများကို ဓါးနဲ့ ဝင်ခုတ်


( ဒီသတင်းလေး အများပြည်သူ သိစေရန် ရှယ်ယူခြင်း
ဖြင့် ထပ်မံဖြန့်ဝေပေးကြပါခင်ဗျား...လေးစားစွာဖြင့်)
ဘာတာဝပ်နယ်မြေ နာကာဆာရီ လို့ခေါ်တဲ့ အရပ်မှာ
မျက်နှာဖုံးစွပ်နဲ့ လူနှစ်ယောက်ကမြန်မာညီငယ်လေးတွေကို
ဓါးနဲ့ ဝင်ခုတ်တဲ့ သတင်းတက်လာပါတယ်။
ဒါနဲ့ကိုယ်လဲ အဲ့အနီးအနားက မိတ်ဆွေတွေဆီ ကမန်းကတန်းဖုန်းဆက်မေးမြန်းတော့မှ …
မျက်နှာဖုံးစွပ်နဲ့ ကောင်တွေက ဒမြတွေ ဖြစ်ပြီး
သူတို့ အခြားလူတယောက်ဆီက လုယက်နေတာကို
မနက်အလုပ်သွားခါနီး ရေဆင်းချိုးတဲ့ မြန်မာညီငယ်လေးတွေကတွေ့လို့ဝိုင်းအော်…
ဒါကို အဲ့ ဒမြတွေက ဒီကောင်လေးတွေကြောင့်လို့ထင်ပြီး
ပါလာတဲ့ 'ဓါး' တွေနဲ့ ဝင်ခုတ်တာကြောင့်ညီလေး ၂ယောက် အသက်ဆုံးရှုံးပြီး ၁ ယောက်ကတော့ အတွင်းလူနာအနေနဲ့ ဆေးရုံရောက်နေပါပြီ။
ကျနော်ရေးရခြင်း အကြောင်းကတော့အခုလို ဘာသာရေး issue တွေ ပလူပျံနေချိန်မှာFB ပေါ်မှ ဘာမသိ ညာမသိ ဖွကြမဲ့ လူတွေရန်မှ ကင်းဝေးစေရန် ဖြစ်ပြီးသတင်းအမှန်ကို သိစေခြင်းလဲပါဝင်ပါတယ်။အမိနိုင်ငံက ကျန်ရစ်နေသော မိဘမောင်ဘွား ဆွေမျိုးအပေါင်းတို့ စိတ်ပူရန်ဘေးမှလဲ ကင်းစေချင်ပါတယ်။
အမြင်မတော်တာကို ဝင်ရောက်ကူညီတတ်ရင် အသက်ပေး သွားရတဲ့ ကျနော့်တို့ ညီငယ်လေးတွေရဲ့စိတ်ဓါတ်ကို
'မလေးစားချင်' နေပါ။
နောက်ထပ် ဘာသာရေးအနေနဲ့ ထပ်မဖွဖို့ကိုတော့ အနူးအညွတ်တောင်းပန် ပါတယ်။
ကျန်ရစ်နေသေးသော ကိစ္စများကိုလဲဘာတာဝပ် / ပီနန်း ရှိ ပရဟိတအသင်းမှ တာဝန်ရှိသူများကလဲ လိုက်လံဆောင်ရွက်ပေးနေကြပါပြီ ။
အမှုတွေကို ထပ်ကြီးအောင် မလုပ်ဖို့ တောင်းပန်ပါတယ်။
မတရားမှုကိုမြင်ရင် မြန်မာလူမျိုးက လက်ပိုက်ကြည့်မနေတတ်ဘူးလို့ ဂုဏ်ယူလိုက်စမ်းပါဗျာ ။
ညီလေးတို့ ကောင်းရာဘုံဘဝ ရောက်ပါစေ ။
သတင်းအတွက် မေးမြန်းချင်ရင်
ကျနော် ညီညီ ။
ဖုန်းနံပါတ် (006) 010 3942399 မှာရှိပါတယ်။
ခရက်ဒစ်...စတီဗင်ညီညီ )
******
‪#‎ခရက်ဒစ်ပါဗျာ‬
ီVia T Z Aung



Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment