Samsung Galaxy S7, Huawei P9, iPhone 6s Plus ကင္မရာမ်ားကို ႏႈိင္းယွဥ္ျခင္း



                                                                   Huawei P9 ျဖင့္ရိုက္ကူးထားေသာပံု

                                                                Samsung Galaxy S7ျဖင့္ရိုက္ကူးထားေသာပံု

                                                                 Apple 6s Plus ျဖင့္ရိုက္ကူးထားေသာပံု


                                                                      Huawei P9 ျဖင့္ရိုုက္ကူးထားေသာပံု


                                                               Samsung Galaxy S7 ျဖင့္ ရိုုက္ကူးထားေသာပံု
By Shwemom - July 4, 2016


အခုေနာက္ပိုင္းမွာ ဖုန္းအမ်ိဳးအစားေတြအမ်ားၾကီး ေပၚထြက္လာျပီး အျပိဳင္အဆိုင္လည္း မ်ားလာၾကပါတယ္။
အဓိက စမတ္ဖုန္းေစ်းကြက္ကိုၾကီးစိုးေနတဲ့ Samsung၊ Huawei နဲ႔ Apple တို႕ကလည္း သူတို႔ရဲ႕ ေနာက္ဆံုးေပၚနည္းပညာေတြနဲ႔ အစြမ္းကုန္ယွဥ္ျပိဳင္ေနၾကပါတယ္။ မၾကာေသးခင္က Huaweiက သူရဲ႕ ဖုန္းအသစ္ျဖစ္တဲ့ P9 နဲ႔စမတ္ဖုန္းေစ်းကြက္ထဲကို ျပန္လည္ဝင္ေရာက္လာျပီး iPhone 6s Plus နဲ႔ Samsung Galaxy S7 တို႔ကိုျဖတ္ေက်ာ္ဖို႔ၾကိဳးစားခဲ့ပါတယ္။ သူရဲ႕ အဓိကအားသာခ်က္က ကင္မရာျဖစ္ေၾကာင္း ဆိုလာခဲ့ပါတယ္။ဒီဖုန္း(၃)မ်ိဳးမွာဘယ္ဖုန္းရဲ႕ကင္မရာက ပိုျပီးေကာင္းမြန္လဲ ဆိုတာကို Wall Street Journal (WJS) က  စမ္းသပ္ခဲ့ပါတယ္။

တရုတ္ႏိုင္ငံအေျခစိုက္ျဖစ္တဲ့ Huawei ကထုတ္လုပ္တဲ့ P9မွာပါတဲ့ two-lens (မွန္ဘီလူး၂ခုပါ) ကင္မရာဟာဖုန္းနဲ႔ဓာတ္ပံုုရိုက္ကူးျခင္းကို တစ္မ်ိဳးတီထြင္ဆန္းသစ္လိုက္တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ SamsungGalaxy S7နဲ႔ iPhoneတို႔ မလုပ္ႏိုင္တဲ့အရာေတြကို လုပ္ႏိုုင္မယ္လို႔ဆိုခဲ့ပါတယ္။ WSJ ကေတာ့ ဒါကိုတစ္ဝက္သာသေဘာတူျပီး အျပည့္အဝသေဘာမတူဘူးလို႔ ဆိုခဲ့ပါတယ္။

P9 ရဲ႕ကင္မရာဟာအရမ္းေကာင္းမြန္ျပီး အရင္ႏွစ္ကထြက္ခဲ့တဲ့ iPhone ကို အႏိုင္ရခဲ့ေပမယ့္ ၂၀၁၆ရဲ႕
ခ်န္ပီယံျဖစ္တဲ့Samsung Galaxy S7ထက္ေတာ့ ပိုေကာင္းတယ္လို႔ မဆိုႏိုင္ပါဘူး။ Huawei ဟာ
ကမာၻေပၚက စမတ္ဖုန္းေစ်းကြက္မွာ လူသံုးအမ်ားဆံုး နံပါတ္(၁)ျဖစ္တဲ့ Samsungနဲ႔ နံပါတ္(၂)ျဖစ္တဲ့
Appleတို႔ရဲ႕ေနာက္ တတိယေနရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။

Huawei P9ဟာ ကမာၻေပၚမွာ ပထမဆံုး Dual-lens ပါတဲ့ ကင္မရာဖုန္းေတာ့မဟုတ္ပါဘူး။ LG ရဲ႕
G5မွာလည္း Lens(၂)ခုပါဝင္ခဲ့ပါတယ္။ Huawei ဟာ ဂ်ာမနီကင္မရာထုတ္လုပ္ေရးလုပ္ငန္းျဖစ္တဲ့
Leicaနဲ႔ တြဲျပီး P9ကို ထုတ္ခဲ့တာျဖစ္ပါတယ္။ P9 ဟာ Lens (၂)ခုပါလို႔ အလင္းေရာင္ကို ပိုမိုဖမ္းယူ
နိုုင္ျပီး ေတာက္ပတဲ့ပုံရိပ္ေတြကိုထုတ္ေပးႏိုင္မယ္လို႔လည္းဆိုခဲ့ပါတယ္။ P9 ရဲ႕ စြမ္းေဆာင္ရည္ကို စမ္းသပ္ဖို႔
Wall Street Journal က Samsung Galaxy S7 နဲ႔ iPhone 6s Plus တို႔ရဲ့ ကင္မရာေတြနဲ႔ P9 ရဲ႕
ကင္မရာကို ႏႈိင္းယွဥ္ခဲ့ပါတယ္။ ဒီလိုႏႈိင္းယွဥ္ဖို႔ လန္ဒန္ျမိဳ႕တစ္ဝိုက္မွာ အလင္းေရာင္နည္းခ်ိန္ Outdoor
ထြက္ရိုက္ခဲ့ပါတယ္။ ဒါ့အျပင္ Indoorလည္း ရိုုက္ခဲ့ပါေသးတယ္။

Huawei P9 နဲ႔ရိုက္ကူးထားတဲ့ပံုက အေတာက္ပဆံုးေတာ့ မျဖစ္ခဲ့ပါဘူး။ ဒါေပမယ့္ အလင္းေရာင္မွ်တမႈမွာေတာ့အေကာင္းဆံုးျဖစ္ခဲ့ပါတယ္။

Samsung Galaxy S7 နဲ႔ ရုိက္ကူးထားတဲ့ ပံုကေတာ့ အေရာင္အေတာက္ဆံုးျဖစ္ခဲ့ပါတယ္။ အေရာင္မွ်တမႈကလည္း ေတာ္ေတာ္ေလး ေကာင္းမြန္ခဲ့ပါတယ္။ အလင္းေရာင္နည္းတဲ့ပံုေတြမွာ မဆိုသေလာက္ အဝါေရာင္မ်ားေနတာပဲရွိပါတယ္။

Apple iPhone 6s Plus ကေတာ့ ညဘက္ ဓာတ္ပံုရိုက္ရာမွာ အရည္အေသြးသိပ္မေကာင္းလွပါဘူး။ အေမွာင္က်တဲ့
ေနရာေတြမွာ မသဲမကြဲျဖစ္ေနျပီး အလင္းေရာင္ရွိတဲ့ေနရာေတြမွာလည္း မႈန္ဝါးေနတာကိုေတြ႕ရပါတယ္။

တကယ္ေတာ့ P9 နဲ႔ Galaxy S7 ရဲ႕ ကင္မရာေတြက သိပ္မကြာျခားလွပါဘူး။ ဒီေနရာမွာ Samsung က Lens
တစ္ခုထဲနဲ႔ Huawei ရဲ့ P9ကိုရင္ေဘာင္တန္းႏိုင္တာကို အထင္ၾကီးမိတယ္လို႔ Wall Street Journalကဆိုပါတယ္။ iPhone 6s Plus ကေတာ့ ေန႔ဘက္ရိုုက္တဲ့ ပံုေတြမွာ P9 နဲ႔ Galaxy S7တို႔ကို ယွဥ္ႏိုင္ေပမယ့္ ညဘက္ရိုက္ကူးရာမွာေတာ့ P9 နဲ႔ Galaxy S7ေလာက္ မျပတ္သားခဲ့ပါဘူး။

အထက္ပါပံုကေတာ့ Depth-of-field effect လိုု႔ေခၚတဲ့ မိမိလိုခ်င္တဲ့ပံုုရိပ္ကိုျပတ္သားေအာင္လုပ္ျပီး က်န္တဲ့အရာေတြကိုမႈန္ဝါးေအာင္ လုပ္ပစ္ႏိုင္တဲ့ Effect ကို P9နဲ႔ စမ္းသပ္ထားတဲ့ပံုျဖစ္ပါတယ္။ ဒီFeatureက ဓာတ္ပံုရိုက္အျပီးမွာ မိမိစိတ္ၾကိဳက္ ခ်ိန္ညွိႏိုင္တဲ့ Feature လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ P9 နဲ႔ရိုက္ကူးထားတဲ့ ပံုမွာ ေနာက္က မႈန္ဝါးထားတဲ့အရာဝတၳဳေတြရဲ့ အနားသတ္ေတြဟာ မညီမညြတ္ျဖစ္ေနတာကိုေတြ႕ရပါတယ္။

Depth-of-field effect ကို Samsung Galaxy S7 ေပၚမွာ စမ္းသပ္ခဲ့ရာမွာေတာ့ ေရွ႕ကအရာဝတၳဳက P9 ထက္
နည္းနည္းေတာ့ အလင္းေရာင္မွိန္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္က မႈန္ဝါးထားတဲ့အရာေတြရဲ့ အနားသတ္ေတြကေတာ့
P9မွာလိုုု မညီမညာျဖစ္ေနတာမ်ိဳးမရွိပါဘူး။

Samsung Galaxy S7 ဟာ P9 လုပ္ႏိုုင္တဲ့အရာေတြကို Lens တစ္ခုထဲနဲ႔ ယွဥ္ျပိဳင္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အခ်ိဳ႕ေနရာေတြမွာ P9 ထက္သာေအာင္လုပ္ျပထားႏိုုင္ျပီး အခ်ိဳ႕ေနရာေတြမွာေတာ့ P9 က နည္းနည္းသာပါတယ္။ ဥပမာ P9 က ေနာက္ခံအရာဝတၳဳေတြကိုမႈန္ဝါးေအာင္လုပ္ႏိုုင္သေလာက္ Galaxy S7ကမလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ေသခ်ာျပန္ၾကည့္မယ္ဆိုရင္ Galaxy S7 နဲ႔ ရိုက္ထားတဲ့ပံုက ပိုမိုျပီး သဘာဝဆန္ေနတာကိုလည္း

ေတြ႕ႏိုင္မွာျဖစ္ပါတယ္။အထက္ပါဖုန္း(၃)လံုးမွာ Huawei P9 နဲ႔ Samsung Galaxy S7ဟာ ပုခံုးခ်င္း ယွဥ္ႏိုင္တဲ့ဖုန္းေတြျဖစ္ျပီး iPhone ကေတာ့ သူ႔ရဲ႕ အဓိကျပိဳင္ဘက္ေတြကိုျဖတ္ေက်ာ္ဖို႔ ကင္မရာကို ဒီထက္ ပိုေကာင္းေအာင္လုပ္သင့္ေၾကာင္း Wall Street Journal က သံုးသပ္သြားခဲ့ပါတယ္။

Shwemom

Ref: Wall Street Journal

Photo credit: Wall Street Journal

....................................................

Samsung Galaxy S7, Huawei P9, iPhone 6s Plus ကင်မရာများကို နှိုင်းယှဉ်ခြင်း
By Shwemom - July 4, 2016


အခုနောက်ပိုင်းမှာ ဖုန်းအမျိုးအစားတွေအများကြီး ပေါ်ထွက်လာပြီး အပြိုင်အဆိုင်လည်း များလာကြပါတယ်။
အဓိက စမတ်ဖုန်းစျေးကွက်ကိုကြီးစိုးနေတဲ့ Samsung၊ Huawei နဲ့ Apple တို့ကလည်း သူတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်နေကြပါတယ်။ မကြာသေးခင်က Huaweiက သူရဲ့ ဖုန်းအသစ်ဖြစ်တဲ့ P9 နဲ့စမတ်ဖုန်းစျေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာပြီး iPhone 6s Plus နဲ့ Samsung Galaxy S7 တို့ကိုဖြတ်ကျော်ဖို့ကြိုးစားခဲ့ပါတယ်။ သူရဲ့ အဓိကအားသာချက်က ကင်မရာဖြစ်ကြောင်း ဆိုလာခဲ့ပါတယ်။ဒီဖုန်း(၃)မျိုးမှာဘယ်ဖုန်းရဲ့ကင်မရာက ပိုပြီးကောင်းမွန်လဲ ဆိုတာကို Wall Street Journal (WJS) က  စမ်းသပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံအခြေစိုက်ဖြစ်တဲ့ Huawei ကထုတ်လုပ်တဲ့ P9မှာပါတဲ့ two-lens (မှန်ဘီလူး၂ခုပါ) ကင်မရာဟာဖုန်းနဲ့ဓာတ်ပုုံရိုက်ကူးခြင်းကို တစ်မျိုးတီထွင်ဆန်းသစ်လိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ SamsungGalaxy S7နဲ့ iPhoneတို့ မလုပ်နိုင်တဲ့အရာတွေကို လုပ်နိုုင်မယ်လို့ဆိုခဲ့ပါတယ်။ WSJ ကတော့ ဒါကိုတစ်ဝက်သာသဘောတူပြီး အပြည့်အဝသဘောမတူဘူးလို့ ဆိုခဲ့ပါတယ်။

P9 ရဲ့ကင်မရာဟာအရမ်းကောင်းမွန်ပြီး အရင်နှစ်ကထွက်ခဲ့တဲ့ iPhone ကို အနိုင်ရခဲ့ပေမယ့် ၂၀၁၆ရဲ့
ချန်ပီယံဖြစ်တဲ့Samsung Galaxy S7ထက်တော့ ပိုကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ Huawei ဟာ
ကမ္ဘာပေါ်က စမတ်ဖုန်းစျေးကွက်မှာ လူသုံးအများဆုံး နံပါတ်(၁)ဖြစ်တဲ့ Samsungနဲ့ နံပါတ်(၂)ဖြစ်တဲ့
Appleတို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Huawei P9ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Dual-lens ပါတဲ့ ကင်မရာဖုန်းတော့မဟုတ်ပါဘူး။ LG ရဲ့
G5မှာလည်း Lens(၂)ခုပါဝင်ခဲ့ပါတယ်။ Huawei ဟာ ဂျာမနီကင်မရာထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့
Leicaနဲ့ တွဲပြီး P9ကို ထုတ်ခဲ့တာဖြစ်ပါတယ်။ P9 ဟာ Lens (၂)ခုပါလို့ အလင်းရောင်ကို ပိုမိုဖမ်းယူ
နိုုင်ပြီး တောက်ပတဲ့ပုံရိပ်တွေကိုထုတ်ပေးနိုင်မယ်လို့လည်းဆိုခဲ့ပါတယ်။ P9 ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့
Wall Street Journal က Samsung Galaxy S7 နဲ့ iPhone 6s Plus တို့ရဲ့ ကင်မရာတွေနဲ့ P9 ရဲ့
ကင်မရာကို နှိုင်းယှဉ်ခဲ့ပါတယ်။ ဒီလိုနှိုင်းယှဉ်ဖို့ လန်ဒန်မြို့တစ်ဝိုက်မှာ အလင်းရောင်နည်းချိန် Outdoor
ထွက်ရိုက်ခဲ့ပါတယ်။ ဒါ့အပြင် Indoorလည်း ရိုုက်ခဲ့ပါသေးတယ်။

Huawei P9 နဲ့ရိုက်ကူးထားတဲ့ပုံက အတောက်ပဆုံးတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အလင်းရောင်မျှတမှုမှာတော့အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

Samsung Galaxy S7 နဲ့ ရိုက်ကူးထားတဲ့ ပုံကတော့ အရောင်အတောက်ဆုံးဖြစ်ခဲ့ပါတယ်။ အရောင်မျှတမှုကလည်း တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ အလင်းရောင်နည်းတဲ့ပုံတွေမှာ မဆိုသလောက် အဝါရောင်များနေတာပဲရှိပါတယ်။

Apple iPhone 6s Plus ကတော့ ညဘက် ဓာတ်ပုံရိုက်ရာမှာ အရည်အသွေးသိပ်မကောင်းလှပါဘူး။ အမှောင်ကျတဲ့
နေရာတွေမှာ မသဲမကွဲဖြစ်နေပြီး အလင်းရောင်ရှိတဲ့နေရာတွေမှာလည်း မှုန်ဝါးနေတာကိုတွေ့ရပါတယ်။

တကယ်တော့ P9 နဲ့ Galaxy S7 ရဲ့ ကင်မရာတွေက သိပ်မကွာခြားလှပါဘူး။ ဒီနေရာမှာ Samsung က Lens
တစ်ခုထဲနဲ့ Huawei ရဲ့ P9ကိုရင်ဘောင်တန်းနိုင်တာကို အထင်ကြီးမိတယ်လို့ Wall Street Journalကဆိုပါတယ်။ iPhone 6s Plus ကတော့ နေ့ဘက်ရိုုက်တဲ့ ပုံတွေမှာ P9 နဲ့ Galaxy S7တို့ကို ယှဉ်နိုင်ပေမယ့် ညဘက်ရိုက်ကူးရာမှာတော့ P9 နဲ့ Galaxy S7လောက် မပြတ်သားခဲ့ပါဘူး။

အထက်ပါပုံကတော့ Depth-of-field effect လိုု့ခေါ်တဲ့ မိမိလိုချင်တဲ့ပုံုရိပ်ကိုပြတ်သားအောင်လုပ်ပြီး ကျန်တဲ့အရာတွေကိုမှုန်ဝါးအောင် လုပ်ပစ်နိုင်တဲ့ Effect ကို P9နဲ့ စမ်းသပ်ထားတဲ့ပုံဖြစ်ပါတယ်။ ဒီFeatureက ဓာတ်ပုံရိုက်အပြီးမှာ မိမိစိတ်ကြိုက် ချိန်ညှိနိုင်တဲ့ Feature လည်း ဖြစ်ပါတယ်။ ဒါပေမယ့် P9 နဲ့ရိုက်ကူးထားတဲ့ ပုံမှာ နောက်က မှုန်ဝါးထားတဲ့အရာဝတ္ထုတွေရဲ့ အနားသတ်တွေဟာ မညီမညွတ်ဖြစ်နေတာကိုတွေ့ရပါတယ်။

Depth-of-field effect ကို Samsung Galaxy S7 ပေါ်မှာ စမ်းသပ်ခဲ့ရာမှာတော့ ရှေ့ကအရာဝတ္ထုက P9 ထက်
နည်းနည်းတော့ အလင်းရောင်မှိန်ခဲ့ပါတယ်။ ဒါပေမယ့် နောက်က မှုန်ဝါးထားတဲ့အရာတွေရဲ့ အနားသတ်တွေကတော့
P9မှာလိုုု မညီမညာဖြစ်နေတာမျိုးမရှိပါဘူး။

Samsung Galaxy S7 ဟာ P9 လုပ်နိုုင်တဲ့အရာတွေကို Lens တစ်ခုထဲနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အချို့နေရာတွေမှာ P9 ထက်သာအောင်လုပ်ပြထားနိုုင်ပြီး အချို့နေရာတွေမှာတော့ P9 က နည်းနည်းသာပါတယ်။ ဥပမာ P9 က နောက်ခံအရာဝတ္ထုတွေကိုမှုန်ဝါးအောင်လုပ်နိုုင်သလောက် Galaxy S7ကမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သေချာပြန်ကြည့်မယ်ဆိုရင် Galaxy S7 နဲ့ ရိုက်ထားတဲ့ပုံက ပိုမိုပြီး သဘာဝဆန်နေတာကိုလည်း

တွေ့နိုင်မှာဖြစ်ပါတယ်။အထက်ပါဖုန်း(၃)လုံးမှာ Huawei P9 နဲ့ Samsung Galaxy S7ဟာ ပုခုံးချင်း ယှဉ်နိုင်တဲ့ဖုန်းတွေဖြစ်ပြီး iPhone ကတော့ သူ့ရဲ့ အဓိကပြိုင်ဘက်တွေကိုဖြတ်ကျော်ဖို့ ကင်မရာကို ဒီထက် ပိုကောင်းအောင်လုပ်သင့်ကြောင်း Wall Street Journal က သုံးသပ်သွားခဲ့ပါတယ်။

Shwemom

Ref: Wall Street Journal

Photo credit: Wall Street Journal
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment