By Shwemom - July 4, 2016
ကင်ညာနိုင်ငံက အသက်ကြီးဆုံးဆင်တွေထဲက သနားစရာဆင်ကြီးတစ်ကောင်ဟာ သူ့ရဲ့နားရွက်မှာ
လည်းဖြစ်ပါတယ်။
ဆင်ကြီးကို ဒေသခံမုဆိုးအချို့ တိုက်ခိုက်ခဲ့ပုံပေါ်ပြီး ကယ်ဆယ်ရေးအဖွဲ့ဟာ တိရစ္ဆာန်ကုဆရာဝန်နဲ့
Source: metro
Shwemom
.................................................................
နားရွက်မှာစိုက်နေတဲ့လှံကိုနှုတ်ပေးဖို့ လူတွေနားကိုကပ်ခဲ့တဲ့ဆင်ကြီး
By Shwemom - July 4, 2016
ကင်ညာနုုိင်ငံက အသက်ကြီးဆုံးဆင်တွေထဲက သနားစရာဆင်ကြီးတစ်ကောင်ဟာ သူ့ရဲ့နားရွက်မှာ
စိုုက်နေတဲ့လှံကိုနှုတ်ပေးဖို့ လူတွေကိုုချဉ်းကပ်ခဲ့ပါတယ်။ အသက်၄၇နှစ်အရွယ်ဆင်ကြီးဟာ
ပတ်ဝန်းကျင်စောင့်ရှောက်ရေးအဖွဲ့ရှိရာနေရာကို နားရွက်မှာ လှံကြီးတန်းလန်းနဲ့ရောက်လာခဲ့တာ
လည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့၂နှစ်တုန်းက Timလို့အမည်ရတဲ့ ဒီဆင်ကြီးဟာ ပတ်ဝန်းကျင်စောင့်ရှောက်ရေးစခန်းကို ကျောကုန်းမှာစိုက်နေတဲ့လှံကြီးနဲ့တစ်ခါရောက်လာဖူးပါတယ်။ ဒီတစ်ခါမှာတော့ ပတ်ဝန်းကျင်စောင့်ရှောက်ရေးအဖွဲ့ဟာ ဆင်ကြီးဘယ်လိုလုုပ်သူတိုု့ိကို ပြန်ရှာတွေ့လည်းဆိုတာ အံ့သြခဲ့ရပါတယ်။
ဒီတစ်ခါမှာတော့ မတူညီတဲ့ ဒဏ်ရာနဲ့ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဆင်ကြီးကိုကူညီခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ David Batesက” ကျွန်တော်တို့ဘက်ကို ဆင်ကြီးတစ်ကောင်ဦးတည်လာနေတယ်လိုု့
သတင်းရကတည်းကကျွန်တော်တို့ မျှော်လင့်နေတာပါ။ အခုတော့ Timဖြစ်နေပါတယ်။ သူ့ကိုပြန်တွ့ရတာ ပျော်သွားပါတယ်။ ဒါပေမယ့်အနီးကပ်ကြည့်တော့မှ တစ်ခုခုမှားနေပြီဆိုုတာသိရတာပါ။ သူ့ရဲ့နားရွက်နားမှာ လှံစိုက်နေပြီး သူ့ဦးခေါင်းက သွေထွက်နေပါတယ်။ ကျောက်ခဲနဲ့လည်း အပေါက်ခံထားရပုံပါပဲ”လိုု့ပြောခဲ့ပါတယ်။
ဆင်ကြီးကို ဒေသခံမုဆိုးအချို့ တိုုက်ခိုက်ခဲ့ပုံပေါ်ပြီး ကယ်ဆယ်ရေးအဖွဲ့ဟာ တိရစ္ဆာန်ကုဆရာဝန်နဲ့
ဆင်ကြီးကိုကုသပေးခဲ့ပါတယ်။ မေ့ဆေးပေးပြီး လှံကိုနှုတ်ပေးခဲ့ပါတယ်။ အခုတော့ ဆင်ကြီးပြန်လည်သက်သာနေပြီလို့သိရပါတယ်။
Source: metro
Shwemom
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment