ပါကစၥတန္တြင္ လူမႈမီဒီယာတြင္ ေက်ာ္ၾကားသူ အစ္မျဖစ္သူကို ဂုဏ္သိကၡာအတြက္ သတ္ျဖတ္သည့္ ေမာင္ျဖစ္သူအား ဖမ္းမိ



အစၥလန္မာဘတ္၊ ဇူလိုင္ ၁၇ ။            ။ ပါကစၥတန္ႏုိင္ငံတြင္ လူမႈမီဒီယာ၌ ထင္ေပၚေက်ာ္ၾကားသူ ကြန္ဒီးဘာေလာ့စ္အား ျပန္သတ္ခဲ့သည့္ ၎၏ ေမာင္ျဖစ္သူကို ဖမ္းဆီးမိသည္။

အသက္ ၂၅ ႏွစ္ရွိ ဝါဇမ္းကို ဒါရာဂါဇီခန္းၿမိဳ႕တြင္ ဇူလိုင္ ၁၆ ရက္က ဖမ္းဆီးမိျခင္းျဖစ္သည္။

ဝါဇမ္းက အစ္မျဖစ္သူ ဘာေလာ့စ္အား မိသားစုဂုဏ္သိကၡာမဲ့ေအာင္လုပ္

သည့္အတြက္ေၾကာင့္ ေဆးခတ္ကာ လည္ပင္းညွစ္ သတ္ျဖတ္ခဲ့သည္ဟု ဝန္ခံေၾကာင္း  Dawn သတင္းစာက ေဖာ္ျပသည္။
အသက္ ၂၆ ႏွစ္ရွိ ဘာေလာ့စ္သည္ လူမႈမီဒီယာတြင္ ရံဖန္ရံခါ ညစ္ညမ္းသည့္ ပုံမ်ား၊ ကြန္မန္႔မ်ားႏွင့္ ဗီဒီယိုမ်ား တင္ျခင္းေၾကာင့္ လူသိမ်ားလာခဲ့သည္။

မၾကာေသးမီကလည္း မြတ္စလင္ဘာသာေရးေခါင္းေဆာင္တစ္ဦးႏွင့္ တြဲ႐ုိက္သည့္ ဓာတ္ပုံေၾကာင္း အျငင္းပြားေဝဖန္စရာမ်ား ျဖစ္ခဲ့သည္။

ထုိပုံေၾကာင့္ပင္ ေမာင္ျဖစ္သူ ဝါဇမ္းက ျပန္သတ္ျဖစ္ေစသည့္ အေၾကာင္းတြင္ တစ္ရပ္ပါဝင္ခဲ့ျခင္းျဖစ္ေၾကာင္း Dawn သတင္းစာက ရဲဌာနကုိ ကိုးကားေဖာ္ျပသည္။

"ကၽြန္ေတာ္ သူ႔ကို သတ္တာကို သူ သိေတာင္ သိလိုက္မွာ မဟုတ္ဘူး။ ကၽြန္ေတာ္က သူကို ေဆးခတ္ထားတယ္။ ၿပီးေတာ့မွ လည္ပင္းညွစ္ သတ္လိုက္တာပဲ။"ဟု ဝါဇမ္းက ေျပာေၾကာင္း သတင္းစာတြင္ ေဖာ္ျပသည္။

http://mizzimaburmese.com/article/16139

.........................................

ပါကစ္စတန်တွင် လူမှုမီဒီယာတွင် ကျော်ကြားသူ အစ်မဖြစ်သူကို ဂုဏ်သိက္ခာအတွက် သတ်ဖြတ်သည့် မောင်ဖြစ်သူအား ဖမ်းမိ

အစ္စလန်မာဘတ်၊ ဇူလိုင် ၁၇ ။            ။ ပါကစ္စတန်နိုင်ငံတွင် လူမှုမီဒီယာ၌ ထင်ပေါ်ကျော်ကြားသူ ကွန်ဒီးဘာလော့စ်အား ပြန်သတ်ခဲ့သည့် ၎င်း၏ မောင်ဖြစ်သူကို ဖမ်းဆီးမိသည်။

အသက် ၂၅ နှစ်ရှိ ဝါဇမ်းကို ဒါရာဂါဇီခန်းမြို့တွင် ဇူလိုင် ၁၆ ရက်က ဖမ်းဆီးမိခြင်းဖြစ်သည်။

ဝါဇမ်းက အစ်မဖြစ်သူ ဘာလော့စ်အား မိသားစုဂုဏ်သိက္ခာမဲ့အောင်လုပ်

သည့်အတွက်ကြောင့် ဆေးခတ်ကာ လည်ပင်းညှစ် သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံကြောင်း  Dawn သတင်းစာက ဖော်ပြသည်။
အသက် ၂၆ နှစ်ရှိ ဘာလော့စ်သည် လူမှုမီဒီယာတွင် ရံဖန်ရံခါ ညစ်ညမ်းသည့် ပုံများ၊ ကွန်မန့်များနှင့် ဗီဒီယိုများ တင်ခြင်းကြောင့် လူသိများလာခဲ့သည်။

မကြာသေးမီကလည်း မွတ်စလင်ဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် တွဲရိုက်သည့် ဓာတ်ပုံကြောင်း အငြင်းပွားဝေဖန်စရာများ ဖြစ်ခဲ့သည်။

ထိုပုံကြောင့်ပင် မောင်ဖြစ်သူ ဝါဇမ်းက ပြန်သတ်ဖြစ်စေသည့် အကြောင်းတွင် တစ်ရပ်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း Dawn သတင်းစာက ရဲဌာနကို ကိုးကားဖော်ပြသည်။

"ကျွန်တော် သူ့ကို သတ်တာကို သူ သိတောင် သိလိုက်မှာ မဟုတ်ဘူး။ ကျွန်တော်က သူကို ဆေးခတ်ထားတယ်။ ပြီးတော့မှ လည်ပင်းညှစ် သတ်လိုက်တာပဲ။"ဟု ဝါဇမ်းက ပြောကြောင်း သတင်းစာတွင် ဖော်ပြသည်။

http://mizzimaburmese.com/article/16139
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment