Pokemon Go ကုိစြဲလမ္းေနၾကတဲ့ အႏုပညာရွင္မ်ား




Pokemon Go ကေတာ့ တကယ့္ကို ႀကီးစိုးေနပါၿပီ။ John Mayer၊ Chrissy Teigen ႏွင့္ Wiz Khalifa ကေတာင္ အျခားေသာကစားသူ ၁၅ သန္းႏွင့္အတူ Pokemon Go ကို စြဲလမ္းေနၾကပါတယ္။

မသိေသးတဲ့သူေတြအတြက္ကေတာ့ Pokemon Go ဆိုတာ တည္ေနရာကို မူတည္ၿပီး ကစားရတဲ့ဂိမ္းတစ္မ်ဳိးျဖစ္ပါတယ္။ ကစားသူေတြက တကယ္အျပင္ဘက္မွာ ၿမိဳ႕တြင္က Starbucks ကေန အီရန္ထိ ဘယ္ေနရာပဲျဖစ္ျဖစ္ Pokemon ကိုဖမ္းဖို႔ႀကိဳးစားရတာပါ။ အေကာင္ေလးကို ဖမ္းမိတဲ့အခ်ိန္မွာ ကိုယ့္အေကာင္ကို စေကးတက္လာေအာင္ ေလ့က်င့္ေပးရမွာျဖစ္ၿပီး ေနာက္ထပ္အေကာင္ေတြကိုပါ လုိက္လံဖမ္းဆီးၿပီး အင္အားေတာင့္တင္းေအာင္ ျပဳလုပ္ရတာျဖစ္ပါတယ္။

 ဇူလိုင္ ၆ ရက္က စထြက္ကတည္းက အသံုးျပဳသူေတြကို Craiglists မွာ “Missed Connections” စာရင္းျပဳလုပ္ေစခဲ့ၿပီး အသက္ ၁၉ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ေယာက္ကေတာ့ အေကာင္ဖမ္းဖို႔ လုိက္ရွာရာကေန လူျပတ္လပ္တဲ့ Wyoming က ျမစ္ထဲမွာ ေသဆံုးသြားၿပီး အေလာင္းရွာေတြ႔တာမ်ဳိးအထိျဖစ္ခဲ့ပါတယ္။



အရမ္းစြဲလမ္းတဲ့ဒီဂိမ္းက အႏၱရာယ္ျဖစ္ေစတဲ့အတြက္ Missouri’s O’Fallon Police Department က သူခိုးေတြဟာ Pokestops ေတြကို ပစ္မွတ္ထားေနေၾကာင္း ဇူလိုင္လ ၁၀ ရက္က Facebook မွာတင္ခဲ့ပါတယ္။ အႏုပညာရွင္ေတြကေတာင္ ဒီဂိမ္းကို ကစားေနၾကပါၿပီ။

ဇူလိုင္လ ၁၂ ရက္က Budapest က ေလဆိပ္မွာ ေလယာဥ္ေစာင့္ေနရင္းနဲ႔ အဆုိေတာ္ Tyga တစ္ေယာက္ ရည္းစား Kylie Jenner ကို မသိက်ဳိးကၽြန္ျပဳထားၿပီး အေကာင္ဖမ္းဖို႔ အသည္းအသန္ ႀကိိဳးစားေနတာကို ေတြ႕ခဲ့ရပါတယ္။ Nick Jonas ႏွင့္အတူ ေဖ်ာ္ေျဖေရးထြက္ေနတဲ့ Demi Lovato ကလည္း ဒီဂိမ္းေၾကာင့္ အာရံုေျပာင္းေနပါတယ္။

 “Demi က ‘ဒီမွာ Pokemon မရွိဘူးလား?’ ဆိုၿပီး အတည္ေပါက္ႀကီးေအာ္ေနပါတယ္။ #thisisoutofhand @ddlovato” လို႔ Nick Jonas အဂၤါေန႔က twitter မွာ ေရးသားခဲ့ပါတယ္။

ဒါေပမယ့္ John Mayer ကေတာ့ စိတ္အႏွစ္ျမွပ္ထားဆံုးသူျဖစ္ႏိုင္ပါတယ္။ သူက ဇူလိုင္လ ၁၀ ရက္၊ စေနေန႔က PokeCoins ၁၄၅၀၀ခု အတြက္ အေမရိကန္ေဒၚလာ ၉၉.၉၉ ေဒၚလာ ေပးဝယ္ခဲ့ပါတယ္။


( RII )

#celebrity.thithtoolwin.com
#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)

Ref : USMagazine

.................................................................

Pokemon Go ကိုစွဲလမ်းနေကြတဲ့ အနုပညာရှင်များ

Pokemon Go ကတော့ တကယ့်ကို ကြီးစိုးနေပါပြီ။ John Mayer၊ Chrissy Teigen နှင့် Wiz Khalifa ကတောင် အခြားသောကစားသူ ၁၅ သန်းနှင့်အတူ Pokemon Go ကို စွဲလမ်းနေကြပါတယ်။

မသိသေးတဲ့သူတွေအတွက်ကတော့ Pokemon Go ဆိုတာ တည်နေရာကို မူတည်ပြီး ကစားရတဲ့ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ကစားသူတွေက တကယ်အပြင်ဘက်မှာ မြို့တွင်က Starbucks ကနေ အီရန်ထိ ဘယ်နေရာပဲဖြစ်ဖြစ် Pokemon ကိုဖမ်းဖို့ကြိုးစားရတာပါ။ အကောင်လေးကို ဖမ်းမိတဲ့အချိန်မှာ ကိုယ့်အကောင်ကို စကေးတက်လာအောင် လေ့ကျင့်ပေးရမှာဖြစ်ပြီး နောက်ထပ်အကောင်တွေကိုပါ လိုက်လံဖမ်းဆီးပြီး အင်အားတောင့်တင်းအောင် ပြုလုပ်ရတာဖြစ်ပါတယ်။

 ဇူလိုင် ၆ ရက်က စထွက်ကတည်းက အသုံးပြုသူတွေကို Craiglists မှာ “Missed Connections” စာရင်းပြုလုပ်စေခဲ့ပြီး အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အကောင်ဖမ်းဖို့ လိုက်ရှာရာကနေ လူပြတ်လပ်တဲ့ Wyoming က မြစ်ထဲမှာ သေဆုံးသွားပြီး အလောင်းရှာတွေ့တာမျိုးအထိဖြစ်ခဲ့ပါတယ်။



အရမ်းစွဲလမ်းတဲ့ဒီဂိမ်းက အန္တရာယ်ဖြစ်စေတဲ့အတွက် Missouri’s O’Fallon Police Department က သူခိုးတွေဟာ Pokestops တွေကို ပစ်မှတ်ထားနေကြောင်း ဇူလိုင်လ ၁၀ ရက်က Facebook မှာတင်ခဲ့ပါတယ်။ အနုပညာရှင်တွေကတောင် ဒီဂိမ်းကို ကစားနေကြပါပြီ။

ဇူလိုင်လ ၁၂ ရက်က Budapest က လေဆိပ်မှာ လေယာဉ်စောင့်နေရင်းနဲ့ အဆိုတော် Tyga တစ်ယောက် ရည်းစား Kylie Jenner ကို မသိကျိုးကျွန်ပြုထားပြီး အကောင်ဖမ်းဖို့ အသည်းအသန် ကြိိုးစားနေတာကို တွေ့ခဲ့ရပါတယ်။ Nick Jonas နှင့်အတူ ဖျော်ဖြေရေးထွက်နေတဲ့ Demi Lovato ကလည်း ဒီဂိမ်းကြောင့် အာရုံပြောင်းနေပါတယ်။

 “Demi က ‘ဒီမှာ Pokemon မရှိဘူးလား?’ ဆိုပြီး အတည်ပေါက်ကြီးအော်နေပါတယ်။ #thisisoutofhand @ddlovato” လို့ Nick Jonas အင်္ဂါနေ့က twitter မှာ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် John Mayer ကတော့ စိတ်အနှစ်မြှပ်ထားဆုံးသူဖြစ်နိုင်ပါတယ်။ သူက ဇူလိုင်လ ၁၀ ရက်၊ စနေနေ့က PokeCoins ၁၄၅၀၀ခု အတွက် အမေရိကန်ဒေါ်လာ ၉၉.၉၉ ဒေါ်လာ ပေးဝယ်ခဲ့ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : USMagazine

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment