အာဏာသိမ္းရန္ႀကံစည္မႈ အျပစ္ရွိသည္ဆိုသည့္ ဘာသာေရးေခါင္းေဆာင္ကို ေပးပို႔ရန္ အေမရိကန္ကို တူရကီသမၼတ ေတာင္းဆို




အစၥတန္ဘူလ္၊ ဇူလိုင္ ၁၇ ။                  ။ ႏိုင္ငံအား ခိုင္ခုိင္မာမာ ျပန္လည္ထိန္းခ်ဳပ္ႏုိင္ၿပီးျဖစ္ေၾကာင္း ေၾကညာရာတြင္ တူရကီသမၼတ ရီဆက္ေတယစ္အာဒိုဂန္က လူေပါင္း ၂၀၀ ေက်ာ္ ေသဆုံးရသည့္ စစ္တပ္၏ အာဏာသိမ္းရန္ ႀကံစည္မႈ၌ အျပစ္ရွိသူ ျပည္ေျပး အစၥလာမ္ဘာသာေရးေခါင္းေဆာင္အား အေမရိကန္ႏိုင္ငံအေနျဖင့္ ဖမ္းဆီးကာ တရားခံလႊဲေျပာင္းေစလိုေၾကာင္း ဇူလိုင္ ၁၆ ရက္က ေတာင္းဆိုလိုက္သည္။

အေမရိကန္တြင္ ေနထိုင္လ်က္ရွိသည့္ အစၥလာမ္ဘာသာေရးေခါင္းေဆာင္ ဖတ္တူလက္ဂူလန္အား တူရကီတြင္ မတည္ၿငိမ္မႈမ်ား ေပၚေပါက္ေအာင္ မီးေမႊးေနသည္ဟု သမၼတ အာဒိုဂန္က စြပ္စြဲထားသူျဖစ္သည္။ တိုက္႐ုိက္အားျဖင့္ မေဖာ္ထုတ္ႏုိင္ေသာ္လည္း ဖတ္တူလက္ဂူလန္သည္ အတိတ္က တူရကီ၌ ျဖစ္ပြားေသာ အစိုးရျဖဳတ္ခ်အာဏာသိမ္းမႈမ်ားတြင္ ၎၏ အရိပ္အေငြ႔မကင္းေၾကာင္း ယူဆရသည္။

ယခုကဲ့သို႔ အာဏာသိမ္းရန္ ႀကံစည္မႈျဖစ္ပြားျခင္းက စစ္တပ္အတြင္း မေက်နပ္မႈမ်ား နက္႐ႈိင္းစြာျဖစ္ေပၚေနသည္ကို ျမင္ေတြ႔ရသည္။ သို႔ေသာ္လည္း အာဏာသိမ္းသည့္ ညေနာက္ပိုင္း ဖမ္းဆီးမႈမ်ား ျပဳလုပ္ေနၿပီျဖစ္ေသာ္လည္း မည္သူက ႀကိဳးကိုင္ကာ မည္သည့္အေၾကာင္းေၾကာင့္ ယခုကဲ့သို႔ အာဏာသိမ္းရျခင္းျဖစ္ေၾကာင္းကုိမူ မသိရေသးေပ။

ေနတိုးမဟာမိတ္ႏွင့္ အိုင္အက္စ္တိုက္ခိုက္ေရးတြင္ အေမရိကန္၏ မိတ္ဖက္ျဖစ္ေသာ တူရကီႏိုင္ငံ၏ ႏိုင္ငံေရးစနစ္အေပၚ အာဏာသိမ္းရန္ ႀကံစည္မႈေနာက္ပိုင္း မည္သုိ႔ဆက္လက္ျဖစ္ေနသည္ကိုလည္း မသိရေသးေပ။

ဆီးရီးယားႏွင့္ အီရတ္တြင္ အိုင္အက္စ္တိုက္ခိုက္ေရးတြင္ အေမရိကန္ေလေၾကာင္းထိုးစစ္မ်ားဆင္ႏႊဲႏိုင္ေရးအတြက္ ခြင့္ျပဳေပးထားသည့္ တူရကီ၏ Incirlik ေလတပ္စခန္းပတ္လည္ကို တူရကီအာဏာပိုင္မ်ားက ပိတ္ပစ္ၿပီးေနာက္တြင္ သမၼတအာဒိုဂန္က ၎ကို တုၿပိဳင္ေနသည့္ ၿပိဳင္ဖက္အား အျပစ္ေပးမႈတြင္ အေမရိကန္အေနျဖင့္ ပါဝင္ေပးရန္လည္း တိုက္တြန္းသည္။

"တူရကီႏိုင္ငံက ဂူလန္ရဲ႕ လက္ခ်က္ေၾကာင့္ ေတာ္ေတာ္ေလး ထိခိုက္ဒုကၡေရာက္ရတယ္။ ကၽြန္ေတာ္အေနနဲ႔ အေမရိကန္နဲ႔ သမၼတအိုဘားမားတို႔ကို ေတာင္းဆိုတယ္။ ဖတ္တူလက္ဂူလန္ကို ဖမ္းထားရင္ ဖမ္းထား ဒါမွမဟုတ္လည္း တူရကီႏိုင္ငံကို ျပန္ပို႔ေပးဖို႔ ေတာင္းဆိုတယ္။ ကၽြန္ေတာ္တုိ႔ဟာ မဟာဗ်ဴဟာမိတ္ဖက္ေတြ ဒါမွမဟုတ္ စံျပမိတ္ေဆြႏိုင္ငံျဖစ္တယ္ဆိုရင္ေတာ့ ဘာလုပ္သင့္တယ္ဆိုတာ အေမရိကန္အေနနဲ႔ သိမယ္ထင္ပါတယ္။"ဟု အစၥတန္ဘူလ္ရွိ ေနအိမ္အနီး လာေရာက္ေထာက္ခံေသာ လူအုပ္အား အာဒိုဂန္က ေျပာခဲ့ျခင္းျဖစ္သည္။

http://mizzimaburmese.com/article/16126

................................................

အာဏာသိမ်းရန်ကြံစည်မှု အပြစ်ရှိသည်ဆိုသည့် ဘာသာရေးခေါင်းဆောင်ကို ပေးပို့ရန် အမေရိကန်ကို တူရကီသမ္မတ တောင်းဆို


အစ္စတန်ဘူလ်၊ ဇူလိုင် ၁၇ ။                  ။ နိုင်ငံအား ခိုင်ခိုင်မာမာ ပြန်လည်ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ကြေညာရာတွင် တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က လူပေါင်း ၂၀၀ ကျော် သေဆုံးရသည့် စစ်တပ်၏ အာဏာသိမ်းရန် ကြံစည်မှု၌ အပြစ်ရှိသူ ပြည်ပြေး အစ္စလာမ်ဘာသာရေးခေါင်းဆောင်အား အမေရိကန်နိုင်ငံအနေဖြင့် ဖမ်းဆီးကာ တရားခံလွှဲပြောင်းစေလိုကြောင်း ဇူလိုင် ၁၆ ရက်က တောင်းဆိုလိုက်သည်။

အမေရိကန်တွင် နေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဖတ်တူလက်ဂူလန်အား တူရကီတွင် မတည်ငြိမ်မှုများ ပေါ်ပေါက်အောင် မီးမွှေးနေသည်ဟု သမ္မတ အာဒိုဂန်က စွပ်စွဲထားသူဖြစ်သည်။ တိုက်ရိုက်အားဖြင့် မဖော်ထုတ်နိုင်သော်လည်း ဖတ်တူလက်ဂူလန်သည် အတိတ်က တူရကီ၌ ဖြစ်ပွားသော အစိုးရဖြုတ်ချအာဏာသိမ်းမှုများတွင် ၎င်း၏ အရိပ်အငွေ့မကင်းကြောင်း ယူဆရသည်။

ယခုကဲ့သို့ အာဏာသိမ်းရန် ကြံစည်မှုဖြစ်ပွားခြင်းက စစ်တပ်အတွင်း မကျေနပ်မှုများ နက်ရှိုင်းစွာဖြစ်ပေါ်နေသည်ကို မြင်တွေ့ရသည်။ သို့သော်လည်း အာဏာသိမ်းသည့် ညနောက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်နေပြီဖြစ်သော်လည်း မည်သူက ကြိုးကိုင်ကာ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အာဏာသိမ်းရခြင်းဖြစ်ကြောင်းကိုမူ မသိရသေးပေ။

နေတိုးမဟာမိတ်နှင့် အိုင်အက်စ်တိုက်ခိုက်ရေးတွင် အမေရိကန်၏ မိတ်ဖက်ဖြစ်သော တူရကီနိုင်ငံ၏ နိုင်ငံရေးစနစ်အပေါ် အာဏာသိမ်းရန် ကြံစည်မှုနောက်ပိုင်း မည်သို့ဆက်လက်ဖြစ်နေသည်ကိုလည်း မသိရသေးပေ။

ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်တိုက်ခိုက်ရေးတွင် အမေရိကန်လေကြောင်းထိုးစစ်များဆင်နွှဲနိုင်ရေးအတွက် ခွင့်ပြုပေးထားသည့် တူရကီ၏ Incirlik လေတပ်စခန်းပတ်လည်ကို တူရကီအာဏာပိုင်များက ပိတ်ပစ်ပြီးနောက်တွင် သမ္မတအာဒိုဂန်က ၎င်းကို တုပြိုင်နေသည့် ပြိုင်ဖက်အား အပြစ်ပေးမှုတွင် အမေရိကန်အနေဖြင့် ပါဝင်ပေးရန်လည်း တိုက်တွန်းသည်။

"တူရကီနိုင်ငံက ဂူလန်ရဲ့ လက်ချက်ကြောင့် တော်တော်လေး ထိခိုက်ဒုက္ခရောက်ရတယ်။ ကျွန်တော်အနေနဲ့ အမေရိကန်နဲ့ သမ္မတအိုဘားမားတို့ကို တောင်းဆိုတယ်။ ဖတ်တူလက်ဂူလန်ကို ဖမ်းထားရင် ဖမ်းထား ဒါမှမဟုတ်လည်း တူရကီနိုင်ငံကို ပြန်ပို့ပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်တို့ဟာ မဟာဗျူဟာမိတ်ဖက်တွေ ဒါမှမဟုတ် စံပြမိတ်ဆွေနိုင်ငံဖြစ်တယ်ဆိုရင်တော့ ဘာလုပ်သင့်တယ်ဆိုတာ အမေရိကန်အနေနဲ့ သိမယ်ထင်ပါတယ်။"ဟု အစ္စတန်ဘူလ်ရှိ နေအိမ်အနီး လာရောက်ထောက်ခံသော လူအုပ်အား အာဒိုဂန်က ပြောခဲ့ခြင်းဖြစ်သည်။

http://mizzimaburmese.com/article/16126
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment