BIGBANG အဖြဲ႔၏ “Loser” ေတးဂီတဗီဒီယို You Tube တြင္ ၾကည့္႐ႈသူ သန္း ၁၀၀ ထိ ေရာက္ရွိခဲ့


ေကေပါ့ဟာရယ္

ဆိုးလ္၊ ဇြန္ ၁၄ ။           ။ ေတာင္ကိုရီးယား အမ်ိဳးသား အဆိုေတာ္အဖြဲ႔ BIGBANG အဖြဲ႔၏ ေတးဂီတဗီဒီယို “Loser” သည္ YouTube တြင္ ၾကည့္ရႈသူ သန္း ၁၀၀ ထိ ေရာက္ရွိခဲ့ေၾကာင္း သတင္းတစ္ရပ္တြင္ ေဖာ္ျပထား သည္။

ဇြန္လ ၁၄ ရက္ ကိုရီးယားစံေတာ္ခ်ိန္ နံနက္အေစာပိုင္းက ၾကည့္ရႈသူ သန္းတစ္ရာအထိ ေရာက္ရွိခဲ့ေၾကာင္း YG Entertainment က ေျပာၾကားသည္။၂၀၁၅ ခုႏွစ္ ဧျပီလက ထြက္ရွိခဲ့ေသာ “Loser” သည္ ၾကည့္ရႈသူ သန္းတစ္ရာေက်ာ္ ရရွိခဲ့သည့္ BIGBANG အဖြဲ႔၏ တတိယေျမာက္ ေတးဂီတ ဗီဒီယုိျဖစ္လာသည္။

“ Fantastic Baby” ေတးဂီတဗီဒီယိုျဖင့္ ၾကည့္ရႈသူအမ်ားဆံုးအျဖစ္ မွတ္ေက်ာက္တင္ႏိုင္ခဲ့ သည့္ ပထမဆံုး ကိုရီးယားအမ်ိဳးသား အဆိုေတာ္အဖြဲ႔ ျဖစ္လာျပီးေနာက္ပိုင္း BIGBANG အဖြဲ႔သည္ ၎တို႔၏ ေတးဂီတဗီဒီယုိမ်ားျဖင့္ ၾကည့္ရႈသူ အမ်ားဆံုးအျဖစ္ ဆက္လက္ရွိေနသည္။

ၾကည့္ရႈသူ သန္း၁၀၀ေက်ာ္ရရွိထားသည့္ ၎တို႕၏ ဒုတိယေျမာက္ ေတးဂီတဗီဒီယိုသည္ ျပီးခဲ့သည့္ႏွစ္ ဇန္န၀ါရီလထြက္ရွိခဲ့ေသာ “Bang Bang Bang” ေတးဂီဗီဒီယိုျဖစ္ျပီး သီတင္းပတ္ တစ္ပတ္ၾကာၿပီးေနာက္ “Fantastic Baby” ေတးဂီတဗီဒီယိုသည္ ၾကည့္ရႈသူ သန္း ၂၀၀ ျဖင့္ BIGBANG အဖြဲ႔အတြက္ စံခ်ိန္သစ္ တင္ႏိုင္ခဲ့သည္။

BIGBANG အဖြဲ႔သည္ ဇြန္ ၃၀ ရက္က “BIGBANG MADE” အမည္ရွိ ႐ုပ္ရွင္ကို ထုတ္လုပ္ ျခင္းျဖင့္ အႏုပညာသက္တမ္း ဆယ္ႏွစ္ျပည့္ကို ဆင္ႏႊဲခဲ့ၾကသည္။
Mizzima
..........
BIGBANG အဖွဲ့၏ “Loser” တေးဂီတဗီဒီယို You Tube တွင် ကြည့်ရှုသူ သန်း ၁၀၀ ထိ ရောက်ရှိခဲ့
ဖျော်ဖြေရေး  နိုင်ငံတကာ
ကေပေါ့ဟာရယ်

ဆိုးလ်၊ ဇွန် ၁၄ ။           ။ တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ BIGBANG အဖွဲ့၏ တေးဂီတဗီဒီယို “Loser” သည် YouTube တွင် ကြည့်ရှုသူ သန်း ၁၀၀ ထိ ရောက်ရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ဇွန်လ ၁၄ ရက် ကိုရီးယားစံတော်ချိန် နံနက်အစောပိုင်းက ကြည့်ရှုသူ သန်းတစ်ရာအထိ ရောက်ရှိခဲ့ကြောင်း YG Entertainment က ပြောကြားသည်။၂၀၁၅ ခုနှစ် ဧပြီလက ထွက်ရှိခဲ့သော “Loser” သည် ကြည့်ရှုသူ သန်းတစ်ရာကျော် ရရှိခဲ့သည့် BIGBANG အဖွဲ့၏ တတိယမြောက် တေးဂီတ ဗီဒီယိုဖြစ်လာသည်။

“ Fantastic Baby” တေးဂီတဗီဒီယိုဖြင့် ကြည့်ရှုသူအများဆုံးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ သည့် ပထမဆုံး ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ ဖြစ်လာပြီးနောက်ပိုင်း BIGBANG အဖွဲ့သည် ၎င်းတို့၏ တေးဂီတဗီဒီယိုများဖြင့် ကြည့်ရှုသူ အများဆုံးအဖြစ် ဆက်လက်ရှိနေသည်။

ကြည့်ရှုသူ သန်း၁၀၀ကျော်ရရှိထားသည့် ၎င်းတို့၏ ဒုတိယမြောက် တေးဂီတဗီဒီယိုသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလထွက်ရှိခဲ့သော “Bang Bang Bang” တေးဂီဗီဒီယိုဖြစ်ပြီး သီတင်းပတ် တစ်ပတ်ကြာပြီးနောက် “Fantastic Baby” တေးဂီတဗီဒီယိုသည် ကြည့်ရှုသူ သန်း ၂၀၀ ဖြင့် BIGBANG အဖွဲ့အတွက် စံချိန်သစ် တင်နိုင်ခဲ့သည်။

BIGBANG အဖွဲ့သည် ဇွန် ၃၀ ရက်က “BIGBANG MADE” အမည်ရှိ ရုပ်ရှင်ကို ထုတ်လုပ် ခြင်းဖြင့် အနုပညာသက်တမ်း ဆယ်နှစ်ပြည့်ကို ဆင်နွှဲခဲ့ကြသည်။
Mizzima
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment