Hillary Clinton ကို သမၼတ Obama ေထာက္ခံ


သမၼတ Obama ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးတေယာက္လည္းျဖစ္၊ သမၼတကေတာ္ေဟာင္း တေယာက္လည္း ျဖစ္တဲ့ မစၥက္ ကလင္တန္ တို႔ကိုေတြ႔ရစဥ္ (ႏို၀င္ဘာ ၂၀၁၂)
အေမရိကန္ သမၼတ Barack Obama က ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတ ကိုယ္စားလွယ္ေလာင္း အျဖစ္ဖို႔ေသခ်ာေနတဲ့ Hillary Clinton ကို တရားဝင္ေထာက္ခံမႈ ေပးလိုက္ပါၿပီ။ ရီပါတ္ဘလစ္ပါတီရဲ႕ သမၼတေလာင္းျဖစ္ဖို႔ ေသခ်ာေနတဲ့ Donald Trump ကို ဒီမိုကရက္တစ္ပါတီက စည္းစည္းလံုးလံုးနဲ႔ ေခ်မႈန္းႏုိင္ဖို႔ က်ိဳးစားတဲ့ အေနနဲ႔ ၾကာသပေတးေန႔မွာ မစၥစ္ကလင္တန္ရဲ႕ ၿပိဳင္ဘက္ Bernie Sanders နဲ႔ ေတြ႔ဆံုအၿပီးမွာ သမၼတက အခုလို ေထာက္ခံမႈ ေပးလိုက္တာပါ။

ကလင္တန္မဲဆြယ္ပြဲ ဗီြဒီယိုေခြထဲမွာ သမၼတက အခုလို ေျပာဆိုလိုက္တာ ျဖစ္ၿပီး သမၼတ တေယာက္ျဖစ္လာဖို႔ ဘယ္ေလာက္ခက္ခဲတယ္ ဆိုတာကို သူသိသလို ဒီလိုသိလို႔လည္း သူ႔ရဲ႕ အရင္ ႏိုင္ငံျခားေရးဝန္ႀကီးတေယာက္လည္းျဖစ္၊ သမၼတကေတာ္ေဟာင္း တေယာက္လည္း ျဖစ္တဲ့ မစၥက္ ကလင္တန္ရဲ့ ဒီတာဝန္ထမ္းေဆာင္ႏိုင္စြမ္း ရွိတာကို သူသိတာ ျဖစ္ေၾကာင္း ေျပာပါတယ္။

တကယ္ေတာ့ သမၼတတာဝန္ကို ယူဖို႔ သူ႔လိုအရည္ခ်င္းရွိတဲ့သူ တေယာက္မွ ရွိမယ္မထင္သလုိ သူမဟာ ရဲစြမ္းသတၱိနဲ႔ ျပည့္စံုၿပီး သမၼတ တာဝန္ကို အျပည့္အဝထမ္းေဆာင္မယ့္ ႏွလံုးရည္၊ အၾကင္နာစြမ္းအားေတြနဲ႔ ျပည့္စံုသူတေယာက္ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

သမၼတအိုဘားမားဟာ ဗုဒၶဟူးေန႔မွာ Wisconsin ျပည္နယ္မွာ မစၥစ္ကလင္တန္နဲ႔ အတူ ပထမဆံုး မဲဆြယ္ေပးမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

သမၼတအိုဘားမားဟာ သန္းေပါင္းမ်ားစြာ အထူးသျဖင့္ လူငယ္ လူရြယ္ေတြၾကား ေရပန္းစားတဲ့ Vermont အထက္လႊတ္ေတာ္အမတ္ Bernie Sanders နဲ႔ Oval ရံုးခန္းမွာ တရာရီၾကာ ေတြ႔ဆံုုေဆြးေႏြးခဲ့အၿပီးမွာ အခုလို မစၥစ္ကလင္တန္ကို တရားဝင္ ေထာက္ခံေၾကာင္း ေျပာၾကားခဲ့တာပါ။

ေတြ႔ဆံုပြဲ အၿပီး မစၥတာ Sanders က မစၥစ္ကလင္တန္ကို ေထာက္ခံမႈ မေပးေသးေပမယ့္ သူမနဲ႔ မၾကာခင္မွာ ေတြ႔ဆံုၿပီး မစၥတာ Trump သမၼတ မျဖစ္ေရးအတြက္ တတ္ႏိုင္တာအားလံုး ကူညီဖို႔ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............


သမ္မတ Obama နှင့် နိုင်ငံခြားရေးဝန်ကြီးတယောက်လည်းဖြစ်၊ သမ္မတကတော်ဟောင်း တယောက်လည်း ဖြစ်တဲ့ မစ္စက် ကလင်တန် တို့ကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၀၁၂)
အမေရိကန် သမ္မတ Barack Obama က ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ်ဖို့သေချာနေတဲ့ Hillary Clinton ကို တရားဝင်ထောက်ခံမှု ပေးလိုက်ပါပြီ။ ရီပါတ်ဘလစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာနေတဲ့ Donald Trump ကို ဒီမိုကရက်တစ်ပါတီက စည်းစည်းလုံးလုံးနဲ့ ချေမှုန်းနိုင်ဖို့ ကျိုးစားတဲ့ အနေနဲ့ ကြာသပတေးနေ့မှာ မစ္စစ်ကလင်တန်ရဲ့ ပြိုင်ဘက် Bernie Sanders နဲ့ တွေ့ဆုံအပြီးမှာ သမ္မတက အခုလို ထောက်ခံမှု ပေးလိုက်တာပါ။

ကလင်တန်မဲဆွယ်ပွဲ ဗွီဒီယိုခွေထဲမှာ သမ္မတက အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး သမ္မတ တယောက်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲတယ် ဆိုတာကို သူသိသလို ဒီလိုသိလို့လည်း သူ့ရဲ့ အရင် နိုင်ငံခြားရေးဝန်ကြီးတယောက်လည်းဖြစ်၊ သမ္မတကတော်ဟောင်း တယောက်လည်း ဖြစ်တဲ့ မစ္စက် ကလင်တန်ရဲ့ ဒီတာဝန်ထမ်းဆောင်နိုင်စွမ်း ရှိတာကို သူသိတာ ဖြစ်ကြောင်း ပြောပါတယ်။

တကယ်တော့ သမ္မတတာဝန်ကို ယူဖို့ သူ့လိုအရည်ချင်းရှိတဲ့သူ တယောက်မှ ရှိမယ်မထင်သလို သူမဟာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး သမ္မတ တာဝန်ကို အပြည့်အဝထမ်းဆောင်မယ့် နှလုံးရည်၊ အကြင်နာစွမ်းအားတွေနဲ့ ပြည့်စုံသူတယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

သမ္မတအိုဘားမားဟာ ဗုဒ္ဓဟူးနေ့မှာ Wisconsin ပြည်နယ်မှာ မစ္စစ်ကလင်တန်နဲ့ အတူ ပထမဆုံး မဲဆွယ်ပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတအိုဘားမားဟာ သန်းပေါင်းများစွာ အထူးသဖြင့် လူငယ် လူရွယ်တွေကြား ရေပန်းစားတဲ့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ Oval ရုံးခန်းမှာ တရာရီကြာ တွေ့ဆုုံဆွေးနွေးခဲ့အပြီးမှာ အခုလို မစ္စစ်ကလင်တန်ကို တရားဝင် ထောက်ခံကြောင်း ပြောကြားခဲ့တာပါ။

တွေ့ဆုံပွဲ အပြီး မစ္စတာ Sanders က မစ္စစ်ကလင်တန်ကို ထောက်ခံမှု မပေးသေးပေမယ့် သူမနဲ့ မကြာခင်မှာ တွေ့ဆုံပြီး မစ္စတာ Trump သမ္မတ မဖြစ်ရေးအတွက် တတ်နိုင်တာအားလုံး ကူညီဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment