လက္ဘႏြန္တြင္ အေသခံ ဗံုးေဖာက္ခြဲမႈေၾကာင့္ လူ ၅ ဦး ေသဆံုးၿပီး ၁၅ ဦး ဒဏ္ရာရ

လက္ဘႏြန္ႏိုင္ငံတြင္ ဗံုးေပါက္ကြဲမႈ တစ္ခုအား ေတြ႕ရစဥ္ (ဓာတ္ပံု- အင္တာနက္)
    ေဘရြတ္၊ ဇြန္ ၂၇ ရက္ (ဆင္ဟြာ)

    လက္ဘႏြန္ႏို္င္ငံ အေနာက္ပိုင္း နယ္စပ္ေက်းရြာ တစ္ခုကို ပစ္မွတ္ထားၿပီး ဇြန္လ ၂၇ ရက္ အေစာပိုင္းက အေသခံ ဗံုးေဖာက္ခြဲသူ ၄ ဦးက ဗံုးေဖာက္ခြဲခဲ႔ရာ အနည္ဆံုး လူ ၅ ဦး ေသဆံုးခဲ့ၿပီး ၁၅ ဦး ဒဏ္ရာရရွိခဲ႔ေၾကာင္း National News Agency (NNA) က သတင္း တင္ျပထားသည္။

အေသခံ ဗံုးေဖာက္ခြဲမည့္ သူမ်ားသည္ လက္ဘႏြန္ႏိုင္ငံ အေရွ႕ေျမာက္ နယ္စပ္ၿမိဳ႕ Qaa ရွိ အေကာက္ခြန္ စင္တာ တစ္ခုအနီးတြင္ ပစ္မွတ္ထား တိုက္ခိုက္ခဲ႔သည္။ အေသခံ ဗံုးေဖာက္ခြဲသူမ်ား အျပင္ လူ ၅ ဦး ေသဆံုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္ဘႏြန္ ၾကက္ေျခနီ လုပ္ငန္း ေဆာင္ရြက္ေရးဆိုင္ရာ ညႊန္ၾကားေရးမွဴး ေဂ်ာ့ရွ္ ကက္တန္နာက လူ ၁၅ ဦး ဒဏ္ရာရရွိခဲ႔ၿပီး ေလးဦးမွာ စိုးရိမ္ရေၾကာင္း ေျပာၾကားခဲ႔သည္။

Qaa ၿမိဳ႕သည္ Ras Baalbek ၏ ေျမာက္ဘက္ ကီလိုမီတာမ်ားစြာ အကြာ၌ တည္ရွိၿပီး အိုင္အက္စ္ စစ္ေသြးၾကြ ရာေပါင္းမ်ားစြာ ထိန္းခ်ဳပ္ထားရာၿမိဳ႕လည္း ျဖစ္သည္။ ယင္းၿမိဳ႕သို႔ စစ္တပ္မွလည္း အေျမာက္မ်ား၊ ေလေၾကာင္း တိုက္ခိုက္မႈမ်ားျဖင့္ ပစ္မွတ္ထားကာ ပံုမွန္ တိုက္ခိုက္ေလ့ရွိသည္။

အဆိုပါ ေပါက္ကြဲမႈ ျဖစ္ပြားခဲ႔သည့္ေနရာတြင္ အစိုးရ စစ္တပ္က တပ္ျဖန္႔ခ်ထားသလို ေနာက္ထပ္ အေသခံဗံုးခြဲ တိုက္ခိုက္မႈမ်ား ျဖစ္ႏိုင္သည့္အတြက္ ေနအိမ္အတြင္း၌သာ ေနထိုင္ၾကရန္ ေျပာၾကားထားေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
....

လက်ဘနွန်နိုင်ငံတွင် ဗုံးပေါက်ကွဲမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဘေရွတ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

    လက်ဘနွန်နို်င်ငံ အနောက်ပိုင်း နယ်စပ်ကျေးရွာ တစ်ခုကို ပစ်မှတ်ထားပြီး ဇွန်လ ၂၇ ရက် အစောပိုင်းက အသေခံ ဗုံးဖောက်ခွဲသူ ၄ ဦးက ဗုံးဖောက်ခွဲခဲ့ရာ အနည်ဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း National News Agency (NNA) က သတင်း တင်ပြထားသည်။

အသေခံ ဗုံးဖောက်ခွဲမည့် သူများသည် လက်ဘနွန်နိုင်ငံ အရှေ့မြောက် နယ်စပ်မြို့ Qaa ရှိ အကောက်ခွန် စင်တာ တစ်ခုအနီးတွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အသေခံ ဗုံးဖောက်ခွဲသူများ အပြင် လူ ၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ဘနွန် ကြက်ခြေနီ လုပ်ငန်း ဆောင်ရွက်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျော့ရှ် ကက်တန်နာက လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လေးဦးမှာ စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

Qaa မြို့သည် Ras Baalbek ၏ မြောက်ဘက် ကီလိုမီတာများစွာ အကွာ၌ တည်ရှိပြီး အိုင်အက်စ် စစ်သွေးကြွ ရာပေါင်းများစွာ ထိန်းချုပ်ထားရာမြို့လည်း ဖြစ်သည်။ ယင်းမြို့သို့ စစ်တပ်မှလည်း အမြောက်များ၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားကာ ပုံမှန် တိုက်ခိုက်လေ့ရှိသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာတွင် အစိုးရ စစ်တပ်က တပ်ဖြန့်ချထားသလို နောက်ထပ် အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်နိုင်သည့်အတွက် နေအိမ်အတွင်း၌သာ နေထိုင်ကြရန် ပြောကြားထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment