ကုိယ့္အဖြဲ႕သားေတြကို သူလွ်ိဳလုပ္တယ္ဆုိၿပီး ျပန္သတ္တဲ့IS



By netsetaw - June 7, 201

IS အဖြဲ႕ဟာ မိမိအဖြဲ႕သား 38 ဦးကုိ ေတြကုိ သူလွ်ိဳလုပ္တယ္ဆုိတဲ့ သံသယနဲ႔ လူထုေရွ႕ေမွာက္မွာ
ကြပ္မ်က္ခဲ့ပါတယ္။ ယခုေနာက္ပုိင္း IS အဖြဲ႕ဟာ မဟာမိတ္တပ္ဖြဲ႕ေတြရဲ႕ တိတိက်က်ပစ္မွတ္ထား တုိက္
ခုိက္မႈေတြကို အႀကိမ္ႀကိမ္ခံခဲ့ရၿပီးဒီအခ်က္ကို ေထာက္ဆကာ မိမိတုိ႔အဖြဲ႔ထဲမွာ ရန္သူကုိ သတင္း
အတိက်ေပးၿပီး သစၥာေဖာက္ေနတဲ့သူေတြ ရွိတယ္လုိ႔ IS ေခါင္းေဆာင္ပုိင္းက ယုံၾကည္ခဲ့ပါတယ္။
 မၾကာေသးမီက တူနီးရွားဂ်ီဟက္တစ္ဦးျဖစ္တဲ့ IS ထိပ္သီးကြန္မန္ဒုိေခါင္းေဆာင္Abu Hayjaa al ရဲ႕ ကား တုိက္ခုိက္ခံရမႈမွာ Abu Hayjaa al ေသဆုံးခဲ့ၿပီးေနာက္ပုိင္း ေနရာေဒသ တိတိက်က် တုိက္
ခုိက္ခံရမႈေတြအတြက္ အဖြဲ႕ထဲမွာ သူလွ်ိဳေတြရွိေနၿပီလုိ႔ ယူဆကာ သံသယရွိသူ အဖြဲ႕သားေတြကုိ ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

အဆုိပါ သံသယရွိသူေတြကို IS အဖြဲ႕ရဲ႕ Daesh Leader ေတြက သတ္ျဖတ္ဖုိ႔ တာ၀န္ယူခဲ့ၿပီး အခ်ိဳ႕မွာ ဖမ္းဆီးထိန္းသိမ္းထားစဥ္ အလြန္အကၽြံစစ္ေဆးမႈေတြေၾကာင့္ ေသဆုံးခဲ့တယ္လုိ႔လည္း သိရပါတယ္။ ယခု
ကြပ္မ်က္ခဲ့တဲ့ အဖြဲ႕၀င္ စုစုေပါင္းမွာ 38 ေယာက္အထိ ရွိၿပီး၊ ဒါဇင္နဲ႔ခ်ီေသာ ရာဇ၀တ္သားေတြကုိ အရွင္
လတ္လတ္ အက္စစ္ကန္ထဲမွာ လက္ျပန္ႀကိဳးတုပ္ ႏွစ္သက္ခဲ့တယ္လုိ႔ သိရပါတယ္။ ၿဗိတိန္အေျခစုိက္
ဆီးရီးယား လူ႕အခြင့္ေရးလႈပ္ရွားသူ Rami Abdurrahman က အဆုိပါကိစၥရပ္အေပၚ ၎အျမင္ကုိ
 ေျပာၾကားရာမွာ ” အသတ္ခံရသူေတြဟာ … ရန္သူကို GPS စနစ္ေတြ ပါ၀င္တဲ့ အခ်က္အလတ္ေတြ ေပးပုိ႔ခဲ့တယ္လုိ႔ ယူဆျခင္း ခံခဲ့ရပါတယ္ … ဒါေၾကာင့္ အျခားတပ္ဖြဲ႕၀င္ေတြကုိလည္း သတိေပးတဲ့ အေနနဲ႔
ဒီလူေတြကုိ လူထုေရွ႕မွာ ကြပ္မ်က္ျခင္းျဖစ္ပုံရပါတယ္ …” လုိ႔ ေျပာခဲ့ပါတယ္။ IS အဖြဲ႕ဟာ ယခုေနာက္ပုိင္း မဟာမိတ္တပ္ဖြဲေတြရဲ႕ တုိက္ခုိက္ျခင္းကို မၾကာခဏခံခဲ့ရၿပီး ၿပီးခဲ့တဲ့ ရက္ပုိင္းကလည္း IS ရဲ႕
ထိပ္သီးေခါင္းေဆာင္ျဖစ္တဲ့ ” လူသတ္သမားႀကီး”အမည္ခံ ေခါင္းေဆာင္လည္း က်ဆုံးခဲ့ပါတယ္။ လက္ရွိအေျခအေနအရ IS အဖြဲ႕ထဲမွာပင္ ေနရာလုတုိက္ပြဲေတြျဖစ္ေပၚေနတယ္လုိ႔ သိရၿပီး လက္ေအာက္ငယ္သားေတြအေပၚ လုပ္ခလစာေတြ ေလွ်ာ့ခ်ခဲ့လုိ႔လည္း မတည္ၿငိမ္မႈေတြ ျဖစ္
ေနတယ္လုိ႔ သိရပါတယ္။

source : metro.co.uk

.................................

ကိုယ့်အဖွဲ့သားတွေကို သူလျှိုလုပ်တယ်ဆိုပြီး ပြန်သတ်တဲ့IS
By netsetaw - June 7, 201

IS အဖွဲ့ဟာ မိမိအဖွဲ့သား 38 ဦးကို တွေကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ လူထုရှေ့မှောက်မှာ
ကွပ်မျက်ခဲ့ပါတယ်။ ယခုနောက်ပိုင်း IS အဖွဲ့ဟာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ တိတိကျကျပစ်မှတ်ထား တိုက်
ခိုက်မှုတွေကို အကြိမ်ကြိမ်ခံခဲ့ရပြီးဒီအချက်ကို ထောက်ဆကာ မိမိတို့အဖွဲ့ထဲမှာ ရန်သူကို သတင်း
အတိကျပေးပြီး သစ္စာဖောက်နေတဲ့သူတွေ ရှိတယ်လို့ IS ခေါင်းဆောင်ပိုင်းက ယုံကြည်ခဲ့ပါတယ်။
 မကြာသေးမီက တူနီးရှားဂျီဟက်တစ်ဦးဖြစ်တဲ့ IS ထိပ်သီးကွန်မန်ဒိုခေါင်းဆောင်Abu Hayjaa al ရဲ့ ကား တိုက်ခိုက်ခံရမှုမှာ Abu Hayjaa al သေဆုံးခဲ့ပြီးနောက်ပိုင်း နေရာဒေသ တိတိကျကျ တိုက်
ခိုက်ခံရမှုတွေအတွက် အဖွဲ့ထဲမှာ သူလျှိုတွေရှိနေပြီလို့ ယူဆကာ သံသယရှိသူ အဖွဲ့သားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အဆိုပါ သံသယရှိသူတွေကို IS အဖွဲ့ရဲ့ Daesh Leader တွေက သတ်ဖြတ်ဖို့ တာဝန်ယူခဲ့ပြီး အချို့မှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် အလွန်အကျွံစစ်ဆေးမှုတွေကြောင့် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ယခု
ကွပ်မျက်ခဲ့တဲ့ အဖွဲ့ဝင် စုစုပေါင်းမှာ 38 ယောက်အထိ ရှိပြီး၊ ဒါဇင်နဲ့ချီသော ရာဇဝတ်သားတွေကို အရှင်
လတ်လတ် အက်စစ်ကန်ထဲမှာ လက်ပြန်ကြိုးတုပ် နှစ်သက်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်အခြေစိုက်
ဆီးရီးယား လူ့အခွင့်ရေးလှုပ်ရှားသူ Rami Abdurrahman က အဆိုပါကိစ္စရပ်အပေါ် ၎င်းအမြင်ကို
 ပြောကြားရာမှာ ” အသတ်ခံရသူတွေဟာ … ရန်သူကို GPS စနစ်တွေ ပါ၀င်တဲ့ အချက်အလတ်တွေ ပေးပို့ခဲ့တယ်လို့ ယူဆခြင်း ခံခဲ့ရပါတယ် … ဒါကြောင့် အခြားတပ်ဖွဲ့ဝင်တွေကိုလည်း သတိပေးတဲ့ အနေနဲ့
ဒီလူတွေကို လူထုရှေ့မှာ ကွပ်မျက်ခြင်းဖြစ်ပုံရပါတယ် …” လို့ ပြောခဲ့ပါတယ်။ IS အဖွဲ့ဟာ ယခုနောက်ပိုင်း မဟာမိတ်တပ်ဖွဲတွေရဲ့ တိုက်ခိုက်ခြင်းကို မကြာခဏခံခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း IS ရဲ့
ထိပ်သီးခေါင်းဆောင်ဖြစ်တဲ့ ” လူသတ်သမားကြီး”အမည်ခံ ခေါင်းဆောင်လည်း ကျဆုံးခဲ့ပါတယ်။ လက်ရှိအခြေအနေအရ IS အဖွဲ့ထဲမှာပင် နေရာလုတိုက်ပွဲတွေဖြစ်ပေါ်နေတယ်လို့ သိရပြီး လက်အောက်ငယ်သားတွေအပေါ် လုပ်ခလစာတွေ လျှော့ချခဲ့လို့လည်း မတည်ငြိမ်မှုတွေ ဖြစ်
နေတယ်လို့ သိရပါတယ်။

source : metro.co.uk
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment