အယ္ဂ်ီးရီးယားႏိုင္ငံတြင္ စာေမးပြဲရာသီျဖစ္၍ Facebook ႏွင့္ Twitter ကိုေခတၱပိတ္

အယ္ဂ်ီးရီးယားႏိုင္ငံတြင္ စာေမးပြဲရာသီျဖစ္၍ Facebook ႏွင့္ Twitter ကိုေခတၱပိတ္
အယ္ဂ်ီးရီးယားႏိုင္ငံတြင္ စာေမးပြဲရာသီျဖစ္၍ Facebook ႏွင့္ Twitter ကို ေခတၱပိတ္ထား
တကၠသိုလ္ဝင္ခြင့္ စာေမးပြဲဆိုတာ အေရးႀကီးတာနဲ႔အညီ ေက်ာင္းသားေတြ မိဘေတြဟာ သမာတဲ့နည္းေရာ မသမာတဲ့နည္းေရာ အကုန္သုံးၿပီး စာေမးပြဲမွာ အမွတ္ေကာင္းေအာင္ လုပ္ၾကပါတယ္။ အက်င့္ပ်က္တဲ့ ပညာေရးဝန္ထမ္းေတြေၾကာင့္ ေမးခြန္းေတြအျပင္ကို ေပါက္ကုန္ေတာ့တာေပါ့။

အယ္ဂ်ီးရီးယားအာဏာပိုင္ေတြဟာ လူသုံးမ်ားတဲ့ လူမႈကြန္ရက္ ဝက္ဘ္ဆိုက္ေတြျဖစ္တဲ့ Facebook နဲ႔ Twitter တို႔ကို စာေမးပြဲရာသီမွာ ေခတၱ ပိတ္ထားပါတယ္။ အြန္လိုင္းကေနေျဖရတဲ့ စာေမးပြဲေတြမွာ မသမာမႈေတြျဖစ္ မွာကိုလည္း တားဆီးလိုတဲ့သေဘာနဲ႔ ခုလို လုပ္ရတာပါလို႔ အစိုးရမီဒီယာက တနဂၤေႏြေန႔က ထုတ္ျပန္ထား ပါတယ္။ စာေမးပြဲေမးခြန္းေတြ လူမႈကြန္ရက္ မီဒီယာေပၚကို တက္သြားခဲ့တာမို႔ ေသာင္းေပါင္းမ်ားစြာေသာ တကၠသိုလ္ဝင္ တန္း ေက်ာင္းသားေတြဟာ စာေမးပြဲကို ျပန္လည္ေျဖဆိုခဲ့ရပါတယ္။

“ လူမႈကြန္ရက္မီဒီယာေတြ ပိတ္ထားျခင္းဟာ တကၠသိုလ္ဝင္တန္းစာေမး ပြဲေတြ ေျဖရမွာေၾကာင့္ ျဖစ္ပါတယ္” လို႔ အစိုးရအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါ တယ္။ မဟုတ္တဲ့ေမးခြန္းေတြလည္း လူမႈကြန္ရက္ေပၚမွာ တက္ေနခဲ့ ၿပီး ေက်ာင္းသားေတြ အေျဖမွားမွာစိုးလို႔ပါ ဆိုၿပီးလည္း အာဏာပိုင္က ျပန္ လည္ေျဖရွင္းထားပါတယ္။ စာေမးပြဲေျဖေနတဲ့အခ်ိန္မွာ 3G Mobile အင္တာနက္ကြန္ရက္ကိုလည္း ရပ္ဆိုင္းထားမွာပါလို႔ သိရပါတယ္။

ယခုလအေစာပိုင္းကတည္းက ေမးခြန္းအျပင္ေပါက္မႈနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားပညာေရးဌာနနဲ႔ ပုံႏွိပ္တိုက္ေတြ မွာ အလုပ္လုပ္ေနတဲ့ လူဒါဇင္ ေတာ္ေတာ္မ်ားမ်ားကို ရဲက ဖမ္းဆီးခဲ့ပါတယ္။ ၂၀၁၆ ပညာသင္ႏွစ္ အထက္တန္းစာေမးပြဲေမးခြန္းေတြလည္း လူမႈကြန္ရက္မီဒီယာေပၚ ကို ေပါက္ၾကားသြားခဲ့ဖူးပါတယ္။

Ref: UPI
........
အယ်ဂျီးရီးယားနိုင်ငံတွင် စာမေးပွဲရာသီဖြစ်၍ Facebook နှင့် Twitter ကို ခေတ္တပိတ်ထား
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဆိုတာ အရေးကြီးတာနဲ့အညီ ကျောင်းသားတွေ မိဘတွေဟာ သမာတဲ့နည်းရော မသမာတဲ့နည်းရော အကုန်သုံးပြီး စာမေးပွဲမှာ အမှတ်ကောင်းအောင် လုပ်ကြပါတယ်။ အကျင့်ပျက်တဲ့ ပညာရေးဝန်ထမ်းတွေကြောင့် မေးခွန်းတွေအပြင်ကို ပေါက်ကုန်တော့တာပေါ့။

အယ်ဂျီးရီးယားအာဏာပိုင်တွေဟာ လူသုံးများတဲ့ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Facebook နဲ့ Twitter တို့ကို စာမေးပွဲရာသီမှာ ခေတ္တ ပိတ်ထားပါတယ်။ အွန်လိုင်းကနေဖြေရတဲ့ စာမေးပွဲတွေမှာ မသမာမှုတွေဖြစ် မှာကိုလည်း တားဆီးလိုတဲ့သဘောနဲ့ ခုလို လုပ်ရတာပါလို့ အစိုးရမီဒီယာက တနင်္ဂနွေနေ့က ထုတ်ပြန်ထား ပါတယ်။ စာမေးပွဲမေးခွန်းတွေ လူမှုကွန်ရက် မီဒီယာပေါ်ကို တက်သွားခဲ့တာမို့ သောင်းပေါင်းများစွာသော တက္ကသိုလ်ဝင် တန်း ကျောင်းသားတွေဟာ စာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့ရပါတယ်။

“ လူမှုကွန်ရက်မီဒီယာတွေ ပိတ်ထားခြင်းဟာ တက္ကသိုလ်ဝင်တန်းစာမေး ပွဲတွေ ဖြေရမှာကြောင့် ဖြစ်ပါတယ်” လို့ အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပါ တယ်။ မဟုတ်တဲ့မေးခွန်းတွေလည်း လူမှုကွန်ရက်ပေါ်မှာ တက်နေခဲ့ ပြီး ကျောင်းသားတွေ အဖြေမှားမှာစိုးလို့ပါ ဆိုပြီးလည်း အာဏာပိုင်က ပြန် လည်ဖြေရှင်းထားပါတယ်။ စာမေးပွဲဖြေနေတဲ့အချိန်မှာ 3G Mobile အင်တာနက်ကွန်ရက်ကိုလည်း ရပ်ဆိုင်းထားမှာပါလို့ သိရပါတယ်။

ယခုလအစောပိုင်းကတည်းက မေးခွန်းအပြင်ပေါက်မှုနဲ့ ပတ်သက်ပြီး အမျိုးသားပညာရေးဌာနနဲ့ ပုံနှိပ်တိုက်တွေ မှာ အလုပ်လုပ်နေတဲ့ လူဒါဇင် တော်တော်များများကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၆ ပညာသင်နှစ် အထက်တန်းစာမေးပွဲမေးခွန်းတွေလည်း လူမှုကွန်ရက်မီဒီယာပေါ် ကို ပေါက်ကြားသွားခဲ့ဖူးပါတယ်။

Ref: UPI
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment