ကိုယ့်မိန်းမနဲ့ လိင်ဆက်ဆံနေတဲ့ယောက်ျားကို လမ်းပေါ်ထိဆွဲထုတ်ပြီး ပညာပေးခဲ့တဲ့ခင်ပွန်း
ကိုယ့်မိန်းမနဲ့ လိင်ဆက်ဆံနေတဲ့ယောက်ျားကို လမ်းပေါ်ထိဆွဲထုတ်ပြီး ပညာပေးခဲ့တဲ့ခင်ပွန်း
( Paing A K )
Ref : Mirror
.....
ကိုယ့်မိန်းမနဲ့ လိင်ဆက်ဆံနေတဲ့ယောကျ်ားကို လမ်းပေါ်ထိဆွဲထုတ်ပြီး ပညာပေးခဲ့တဲ့ခင်ပွန်း
တရုတ်နိုင်ငံက လမ်းမပေါ်မှာတော့ ယောကျ်ားတစ်ယောက်က အဝတ်တွေမပါဘဲ ကိုယ်တုံးလုံးဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ကို အားရပါးရ ရိုက်လိုက် ၊ ကန်လိုက်ပြုလုပ်နေပါတယ်။ အကြောင်းကတော့ သူ့မိန်းမနဲ့ ဖောက်ပြန်နေတဲ့သူကို ၊ သူတို့ လိင်ဆက်ဆံနေစဉ်အတွင်းမှာ ခင်ပွန်းသည်ဖြစ်သူက လက်ပူးလက်ကြပ်မိခဲ့တာကြောင့် လမ်းမပေါ်အထိ ဆွဲထုတ်လာပြီး အားရပါးရ ကန်ကြောက်ရိုက်နှက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ကန်ကြောက်နေချိန်မှာတော့ ဘေးနားက လူတစ်ချို့ရှိနေပေမယ့်လည်း ဒီအကြောင်းကို သိနေပုံပေါ်ပြီး တစ်ယောက်မှ ဝင်မဆွဲဘဲ ပွဲကြည့်ပရိသတ်အဖြစ်သာ ရှိနေခဲ့ကြပါတယ်။ လိင်ဆက်ဆံနေတာကိုတော့ ခင်ပွန်းသည်က ကားထဲမှာ တွေ့ခဲ့တာလား ၊ အိမ်ထဲက အိပ်ရာထဲမှာ တွေ့ခဲ့လို့လားဆိုတာကတော့ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။
အရင်ဆုံးတော့ ဒေါသထွက်နေတဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ဒီယောကျ်ားကို ခြံဝန်းတွင်းမှာပဲ ပညာပေးနေပေမယ့် မှတ်လောက်သားလောက်အောင်ဆိုပြီး ၊ လမ်းပေါ်ကို ဆွဲထုတ်ရိုက်နှက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အားရပါးရ ကန်ကြောက်ခံခဲ့ရပြီးတဲ့အချိန်မှာတော့ ဒဏ်ရာတွေနဲ့ အမျိုးသားဟာ ချက်ချင်းထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ကန်ကြောက်နေချိန်မှာတော့ ဒေါသထွက်နေတဲ့ ခင်ပွန်းသည်ဖြစ်သူက ဆဲရေးမှုတွေလည်း ပြုလုပ်နေခဲ့ပြီး နောက်တစ်ခါဒီလိုပြုလုပ်ရင် အသေသတ်ပစ်မယ်လို့ ကြွေးကြော်နေခဲ့တယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment