သမီးတစ္ေယာက္ေမြးတုိင္း သစ္ပင္ ၁၁၁ ပင္စိုက္ရတဲ့ ရြာေလး

အိႏၵိယႏုိင္ငံ Rajasthan ခရုိင္က Piplantri ဆုိတဲ့ ရြာေလးမွာ သမီးမိန္းကေလးတစ္ေယာက္ေမြးတုိင္း သစ္ပင္ ၁၁၁ ပင္စိုက္ရတဲ့ ဓေလ့တစ္ခုရွိပါတယ္။ ရြာသားတစ္ေယာက္စီက သမီးေမြးတာကို ဂုဏ္ျပဳတဲ့အေနနဲ႔ သစ္ပင္စုိက္တာ ျဖစ္ပါတယ္။ ဒီဓေလ့စခဲ့တာကေတာ့ ရြာလူၾကီးတစ္ဦးရဲ႕ သမီးတစ္ဦးျဖစ္တဲ့ Kiran ဆိုတဲ့ေကာင္မေလးက အသက္ အရြယ္ ငယ္ငယ္ေလးနဲ႔ ေသဆုံးခဲ့ပါတယ္။ အရမ္းကို ဝမ္းနည္းေနတဲ့ ဖခင္ျဖစ္သူက တျခားရြာသူရြာသားေတြမွာရွိတဲ့ သူတုိ႔ရဲ႕ သမီးေလးေတြကို တန္ဖိုးထားေအာင္ လုပ္ေပးပါ့မယ္လို႔ သစၥာဆိုခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္းကစျပီး ရြာသားေတြမွာ သမီးမိန္းကေလး တစ္ေယာက္ေမြးတုိင္း တန္ဖိုးထားမႈကို ျပတဲ့အေနနဲ႔ သစ္ပင္ေပါင္း ၁၁၁ ပင္စိုက္ေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ အခုဆုိရင္ ဒီရြာေလးေၾကာင့္ ကမာၻေပၚမွာ မိန္းကေလးေတြကို ဂုဏ္ျပဳစိုက္ပ်ဳိးထားတဲ့ သစ္ပင္ေပါင္း ၂၅၀,၀၀၀ ရွိေနျပီ ျဖစ္ပါတယ္။

ဒီအေလ့အက်င့္က ကမာၻၾကီးအတြက္ေရာ၊ ရြာသားေတြအတြက္ပါ အရမ္းကို ေကာင္းက်ဳိးျပဳတဲ့ အက်င့္တစ္ခုျဖစ္ျပီး ပုံမွန္အားျဖင့္ မိန္းကေလးေတြရဲ႕ တန္ဖိုးကို ခ်ဳိးႏွိမ္ထားတဲ့ အိႏၵိယႏုိင္ငံလုိ ႏုိင္ငံမ်ဳိးမွာ မိန္းကေလးေမြးတာကုိ ဂုဏ္ျပဳတာက အရမ္းကို ရွားပါးျပီး အားေပးသင့္တဲ့ဓေလ့တစ္ခု ျဖစ္ပါတယ္။ Piplantri ရြာမွာ ကေလးတစ္ဦးေမြးလာရင္ ရြာသားေတြက ရူပီး ၂၁၀၀၀ နဲ႔ မိဘျဖစ္သူဆီက ရူပီး ၁၀၀၀၀ ကို ကေလးရဲ႕ေနာင္ေရးအတြက္ စုထားေပးၾကပါတယ္။ မိဘေတြအေနနဲ႔ သမီးျဖစ္သူကို ပညာသင္ၾကားေပးဖုိ႔၊ အသက္ ၁၈ ႏွစ္ ျပည့္မွ အိမ္ေထာင္ျပဳေပးဖုိ႔နဲ႔ သူ႔ကို ဂုဏ္ျပဳျပီး စုိက္ပ်ဳိးထားတဲ့ အပင္ေတြကုိ ေစာင့္ေရွာက္ဖုိ႔ေတြကို က်မ္းက်ိန္လႊာမွာ လက္မွတ္ေရးထုိးၾကရပါတယ္။

ထူးျခားခ်က္ကေတာ့ ရြာသားေတြက သစ္ပင္ေတြကုိ အေသးစိတ္ကို ဂရုစိုက္ေစာင့္ေရွာက္ၾကပါတယ္။ ေနာက္ျပီး သစ္ပင္ေတြကုိ ျခစားျခင္းမွ ကာကြယ္ဖုိ႔အတြက္ သစ္ပင္ေတြၾကားထဲမွာ ရွားေစာင္း လက္ပတ္ပင္ေတြကုိ စုိက္ထားေလ့ရွိၾကပါတယ္။ အခုအခါမွာေတာ့ ရွားေစာင္းလက္ပတ္ပင္ေတြကုိ ေဖ်ာ္ရည္၊ ဂ်ယ္လ္၊ စားစရာေတြ အျဖစ္ျပဳလုပ္ေရာင္းခ်လာၾကတာေၾကာင့္ ရွားေစာင္းလက္ပတ္ပင္ေတြက သူတုိ႔ရြာရဲ႕ အဓိက ဝင္ေငြရေစတဲ့ အပင္တစ္မ်ဳိး ျဖစ္လာေနျပီျဖစ္ပါတယ္။ ဒီရြာေလးက ကမာၻၾကီးကို ပုိျပီးစိမ္းလန္းေအာင္ ျပဳလုပ္ေပးေနတာနဲ႔ တျပိဳင္နက္ အမ်ိဳးသမီးေတြရဲ႕ ရပိုင္ခြင့္ေတြကိုလည္း တုိးတက္ေစေနတာပဲ ျဖစ္ပါတယ္။
TrendMyanmar
.......
သမီးတစ်ယောက်မွေးတိုင်း သစ်ပင် ၁၁၁ ပင်စိုက်ရတဲ့ ရွာလေး

အိန္ဒိယနိုင်ငံ Rajasthan ခရိုင်က Piplantri ဆိုတဲ့ ရွာလေးမှာ သမီးမိန်းကလေးတစ်ယောက်မွေးတိုင်း သစ်ပင် ၁၁၁ ပင်စိုက်ရတဲ့ ဓလေ့တစ်ခုရှိပါတယ်။ ရွာသားတစ်ယောက်စီက သမီးမွေးတာကို ဂုဏ်ပြုတဲ့အနေနဲ့ သစ်ပင်စိုက်တာ ဖြစ်ပါတယ်။ ဒီဓလေ့စခဲ့တာကတော့ ရွာလူကြီးတစ်ဦးရဲ့ သမီးတစ်ဦးဖြစ်တဲ့ Kiran ဆိုတဲ့ကောင်မလေးက အသက် အရွယ် ငယ်ငယ်လေးနဲ့ သေဆုံးခဲ့ပါတယ်။ အရမ်းကို ဝမ်းနည်းနေတဲ့ ဖခင်ဖြစ်သူက တခြားရွာသူရွာသားတွေမှာရှိတဲ့ သူတို့ရဲ့ သမီးလေးတွေကို တန်ဖိုးထားအောင် လုပ်ပေးပါ့မယ်လို့ သစ္စာဆိုခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းကစပြီး ရွာသားတွေမှာ သမီးမိန်းကလေး တစ်ယောက်မွေးတိုင်း တန်ဖိုးထားမှုကို ပြတဲ့အနေနဲ့ သစ်ပင်ပေါင်း ၁၁၁ ပင်စိုက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အခုဆိုရင် ဒီရွာလေးကြောင့် ကမ္ဘာပေါ်မှာ မိန်းကလေးတွေကို ဂုဏ်ပြုစိုက်ပျိုးထားတဲ့ သစ်ပင်ပေါင်း ၂၅၀,၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။

ဒီအလေ့အကျင့်က ကမ္ဘာကြီးအတွက်ရော၊ ရွာသားတွေအတွက်ပါ အရမ်းကို ကောင်းကျိုးပြုတဲ့ အကျင့်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် မိန်းကလေးတွေရဲ့ တန်ဖိုးကို ချိုးနှိမ်ထားတဲ့ အိန္ဒိယနိုင်ငံလို နိုင်ငံမျိုးမှာ မိန်းကလေးမွေးတာကို ဂုဏ်ပြုတာက အရမ်းကို ရှားပါးပြီး အားပေးသင့်တဲ့ဓလေ့တစ်ခု ဖြစ်ပါတယ်။ Piplantri ရွာမှာ ကလေးတစ်ဦးမွေးလာရင် ရွာသားတွေက ရူပီး ၂၁၀၀၀ နဲ့ မိဘဖြစ်သူဆီက ရူပီး ၁၀၀၀၀ ကို ကလေးရဲ့နောင်ရေးအတွက် စုထားပေးကြပါတယ်။ မိဘတွေအနေနဲ့ သမီးဖြစ်သူကို ပညာသင်ကြားပေးဖို့၊ အသက် ၁၈ နှစ် ပြည့်မှ အိမ်ထောင်ပြုပေးဖို့နဲ့ သူ့ကို ဂုဏ်ပြုပြီး စိုက်ပျိုးထားတဲ့ အပင်တွေကို စောင့်ရှောက်ဖို့တွေကို ကျမ်းကျိန်လွှာမှာ လက်မှတ်ရေးထိုးကြရပါတယ်။

ထူးခြားချက်ကတော့ ရွာသားတွေက သစ်ပင်တွေကို အသေးစိတ်ကို ဂရုစိုက်စောင့်ရှောက်ကြပါတယ်။ နောက်ပြီး သစ်ပင်တွေကို ခြစားခြင်းမှ ကာကွယ်ဖို့အတွက် သစ်ပင်တွေကြားထဲမှာ ရှားစောင်း လက်ပတ်ပင်တွေကို စိုက်ထားလေ့ရှိကြပါတယ်။ အခုအခါမှာတော့ ရှားစောင်းလက်ပတ်ပင်တွေကို ဖျော်ရည်၊ ဂျယ်လ်၊ စားစရာတွေ အဖြစ်ပြုလုပ်ရောင်းချလာကြတာကြောင့် ရှားစောင်းလက်ပတ်ပင်တွေက သူတို့ရွာရဲ့ အဓိက ဝင်ငွေရစေတဲ့ အပင်တစ်မျိုး ဖြစ်လာနေပြီဖြစ်ပါတယ်။ ဒီရွာလေးက ကမ္ဘာကြီးကို ပိုပြီးစိမ်းလန်းအောင် ပြုလုပ်ပေးနေတာနဲ့ တပြိုင်နက် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေကိုလည်း တိုးတက်စေနေတာပဲ ဖြစ်ပါတယ်။
TrendMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment