ျပင္သစ္ ရဲအရာရွိကို သတ္သူအား စံုစမ္း ေဖာ္ထုတ္ႏိုင္ခဲ႔


အခင္းျဖစ္ပြားသည့္ ေနရာရွိ လမ္းအား ရဲကား တစ္စီး ပိတ္ရပ္ထားစဥ္ (ဓာတ္ပံု- အင္္တာနက္)
    ပဲရစ္၊ ဇြန္ ၁၄ ရက္ (ဆင္ဟြာ)

    ျပင္သစ္ အဆင့္ျမင့္ ရဲအရာရွိႏွင့္ ခ်စ္သူ မိန္းကေလးအား သတ္ခဲ့ေၾကာင္း စြပ္စြဲ ခံထားရသူမွာ အိုင္အက္စ္ အၾကမ္းဖက္အဖြဲ႕ သစၥာခံထားသူ အသက္ ၂၅ ႏွစ္အရြယ္ အမ်ိဳးသား တစ္ဦး ျဖစ္ေၾကာင္း စံုစမ္း ေဖာ္ထုတ္ ႏိုင္ခဲ႔သည္ဟု ေဒသဆိုင္ရာ မီဒီယာက ဇြန္လ ၁၄ ရက္တြင္ သတင္း တင္ျပထားသည္။

ယင္း အမ်ိဳးသား လာေရာ့စ္စီ အဗၺလာ (Larossi Abballa) သည္ အစြန္းေရာက္ စစ္ေသြးၾကြမ်ား အား ပါကစၥတန္သို႔ သြားေရာက္ ရာတြင္ အကူအညီ ေပးခဲ႔မႈေၾကာင့္ ၂၀၁၁ ခုႏွစ္တြင္ အဖမ္းခံခဲ႔ရၿပီး ၂၀၁၃ ခုႏွစ္တြင္ ေထာင္သံုးႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခံခဲ႔ရသူ ျဖစ္ေၾကာင္း ရဲအရာရွိ တစ္ဦး၏ ေျပာၾကားခ်က္အား ကိုးကား၍ ျပင္သစ္ ေရဒီယို RMC-Info က သတင္း တင္ျပထားသည္။

အဆင့္ျမင့္ ရဲအရာရွိႏွင့္ ျပည္ထဲေရး ဝန္ႀကီး႒ာနမွ ဝန္ထမ္းျဖစ္သူ ၎၏ မိန္းကေလး တို႔သည္ ဇြန္လ ၁၃ ရက္ ညပိုင္းက ပဲရစ္ၿမိဳ႕၏ အေနာက္ဘက္ ဆင္ေျခဖံုးရပ္ကြက္ Magnanville တြင္ အသတ္ ခံခဲ့ရသည္။
အိုင္အက္စ္ႏွင့္ ဆက္စပ္မႈ ရွိသည့္ သတင္း ေအဂ်င္စီက အဆိုပါ တိုက္ခိုက္မႈမွာ IS Fighter အဖြဲ႕က လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း တင္ျပထားသည္။ 

(Xinhua)
http://www.xinhuamyanmar.com
........


အခင်းဖြစ်ပွားသည့် နေရာရှိ လမ်းအား ရဲကား တစ်စီး ပိတ်ရပ်ထားစဉ် (ဓာတ်ပုံ- အင််တာနက်)
    ပဲရစ်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

    ပြင်သစ် အဆင့်မြင့် ရဲအရာရှိနှင့် ချစ်သူ မိန်းကလေးအား သတ်ခဲ့ကြောင်း စွပ်စွဲ ခံထားရသူမှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ သစ္စာခံထားသူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ် နိုင်ခဲ့သည်ဟု ဒေသဆိုင်ရာ မီဒီယာက ဇွန်လ ၁၄ ရက်တွင် သတင်း တင်ပြထားသည်။

ယင်း အမျိုးသား လာရော့စ်စီ အဗ္ဗလာ (Larossi Abballa) သည် အစွန်းရောက် စစ်သွေးကြွများ အား ပါကစ္စတန်သို့ သွားရောက် ရာတွင် အကူအညီ ပေးခဲ့မှုကြောင့် ၂၀၁၁ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ထောင်သုံးနှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ပြင်သစ် ရေဒီယို RMC-Info က သတင်း တင်ပြထားသည်။

အဆင့်မြင့် ရဲအရာရှိနှင့် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ဝန်ထမ်းဖြစ်သူ ၎င်း၏ မိန်းကလေး တို့သည် ဇွန်လ ၁၃ ရက် ညပိုင်းက ပဲရစ်မြို့၏ အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက် Magnanville တွင် အသတ် ခံခဲ့ရသည်။
အိုင်အက်စ်နှင့် ဆက်စပ်မှု ရှိသည့် သတင်း အေဂျင်စီက အဆိုပါ တိုက်ခိုက်မှုမှာ IS Fighter အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တင်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment