
၇..၆..၁၆





DuwunNews
.........
ဟီလာရီကလင်တန် သမ္မတလောင်းဖြစ်ရန် သေချာသွားပြီဖြစ်

၇..၆..၁၆

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း တရားဝင် ထုတ်ပြန်ကြေညာမှုကို ဇူလိုင်လအတွင်း ဖီလာဒဲလ်ဖီးယားမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းဖြစ်ရန် လိုအပ်တဲ့ ထောက်ခံမဲအရေအတွက်ကို ဟီလာရီကလင်တန်က ရရှိခဲ့ပြီဖြစ်ကြောင်း အေပီသတင်းဌာနက ယမန်နေ့က ပြောကြားပါတယ်။

ဟီလာရီက ပွာတိုရီကိုမှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းရွေးပွဲမှာ အနိုင်ရခဲ့ပြီးနောက် မဲအရေအတွက် ၂,၃၈၃ မဲ ရရှိခဲ့ပြီဖြစ်ကာ သမ္မတလောင်းဖြစ်ရန် သေချာသွားပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း တရားဝင် ထုတ်ပြန်ကြေညာမှုကို ဇူလိုင်လအတွင်း ဖီလာဒဲလ်ဖီးယားမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရီပတ်ဘလစ်ကင်ပါတီ သမ္မတလောင်းရွေးပွဲမှာလည်း ဒေါ်နယ်ထရန့်က အစောပိုင်းကတည်းက သမ္မတလောင်းဖြစ်ရန် သေချာခဲ့ပြီးဖြစ်ရာ ယခုနှစ် ပြုလုပ်မယ့် အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲမှာ ဟီလာရီနဲ့ ထရန့်တို့ ယှဉ်ပြိုင်ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။

DuwunNews
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment