လာဘ္ေပးလာဘ္ယူမႈ ျပဳလုပ္ထားျခင္း ရွိမရွိ ၾကားနာပြဲသုိ ့ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း တက္ေရာက္


ဒါကာၿမိဳ ့တရားရံုးသုိ ့ေရာက္ရွိလာေသာ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာ အားေတြ ့ရစဥ္ (ဆင္ဟြာ)
    ဒါကာ ၊ ဇြန္ ၂ ရက္ (ဆင္ဟြာ)

    ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာသည္ ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္က လာဘ္ေပး လာဘ္ယူမႈမ်ား ျပဳလုပ္ခဲ့သည္ဟူေသာ ဘဂၤလားေဒ့ရွ္ ႏုိင္ငံ အဂတိ လုိက္စားမႈ တုိက္ဖ်က္ေရးအဖြဲ ့(ACC) ၏ စစ္ေဆး ၾကားနာပြဲသုိ ့ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ခါလီဒါဇီယာအား ေထာက္ခံသည့္ ဘဂၤလားေဒ့ရွ္ အမ်ိဳးသားေရး ပါတီ (BNP) မွ ပါတီဝင္ ေထာင္ေပါင္း မ်ားစြာသည္ ဒါကာၿမိဳ ့ရွိ တရားရံုးသုိ ့လာေရာက္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္းအား ႀကိဳဆုိ ေထာက္ခံ အားေပးခဲ့ၾကသည္။

ဇီယာရန္ပံုေငြ အလႊဲသံုးစား ျပဳလုပ္ျခင္းႏွင့္ပတ္သက္ၿပီး  BNP ပါတီ အႀကီးအကဲ ခါလီဒါဇီယာ ႏွင့္ အမႈတြင္ ပါဝင္သူမ်ားကုိ  ဇြန္လ ၂၃ ရက္တြင္ ထပ္မံ စစ္ေဆးရန္ အထူးခံုရံုး အမွတ္ ၃ မွ  တရားသူႀကီး Abu Ahmed Jamadar က ေၾကညာခဲ့သည္။

အဆုိပါ ကိစၥေၾကာင့္ ရာထူးမွ ဖယ္ရွားျခင္း ခံလုိက္ရသည့္ ခါလီဒါဇီယာ က တရားရံုးတြင္ အမႈေရြ႕ဆုိင္းေပးရန္ အသနားခံစာ တင္ခဲ့သည့္အတြက္ အမႈၾကားနာမည့္ေန ့ကုိ ထပ္မံေရႊ ့ဆုိင္းေပးခဲ့ျခင္း ျဖစ္သည္။
ၿပီးခဲ့ေသာ ဧၿပီလ ၁၇ ရက္က ျပဳလုပ္ခဲ့ေသာ အမႈစစ္ေဆး ၾကားနာပြဲသုိ ့ဇီယာ တက္ေရာက္ခဲ့သည္။ ဇီယာ၏ ခင္ပြန္းျဖစ္သူ ယခင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဝန္ႀကီးခ်ဳပ္ေဟာင္း Zaiur Rahmant တာဝန္ယူခဲ့သည့္ ၂ဝဝ၁ ခုႏွစ္ မွ ၂ဝဝ၆ ခုႏွစ္အတြင္း ၄င္းဦးေဆာင္ တည္ေထာင္ထားေသာ ( Zia Charitable Trust ) ဇီယာ လူမႈကူညီေရး အသင္းမွ  အလွဴေငြ ဘဂၤလားေဒ့ရွ္ တာကာ ၃၁.၅ သန္း (အေမရိကန္ ေဒၚလာ ၃၉၇,၄၃၅ ) ကုိ ကုိယ္က်ိဳးအတြက္ အသံုးျပဳခဲ့ေၾကာင္း စြပ္စြဲခံထားရသည္။

အဂတိ လုိက္စားမႈ စြပ္စြဲခ်က္မ်ားႏွင့္ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္း ဇီယာက  လက္ရွိအခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံ၏ အတုိက္အခံ ပါတီဝင္မ်ား အျဖစ္ ရပ္တည္ေနသည့္ ၄င္းႏွင့္ သားျဖစ္သူ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာရွီနာ တုိ႔အား ႏုိင္ငံေရးအရ တုိက္ခုိက္ျခင္းသာ ျဖစ္ေၾကာင္း မၾကာခဏ ေျပာဆုိထားသည္။

 (Xinhua)
http://www.xinhuamyanmar.com
......


ဒါကာမြို ့တရားရုံးသို ့ရောက်ရှိလာသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ အားတွေ ့ရစဉ် (ဆင်ဟွာ)
    ဒါကာ ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့စဉ်က လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟူသော ဘင်္ဂလားဒေ့ရှ် နိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ ့(ACC) ၏ စစ်ဆေး ကြားနာပွဲသို ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခါလီဒါဇီယာအား ထောက်ခံသည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ (BNP) မှ ပါတီဝင် ထောင်ပေါင်း များစွာသည် ဒါကာမြို ့ရှိ တရားရုံးသို ့လာရောက်ပြီး ဝန်ကြီးချုပ်ဟောင်းအား ကြိုဆို ထောက်ခံ အားပေးခဲ့ကြသည်။

ဇီယာရန်ပုံငွေ အလွှဲသုံးစား ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး  BNP ပါတီ အကြီးအကဲ ခါလီဒါဇီယာ နှင့် အမှုတွင် ပါဝင်သူများကို  ဇွန်လ ၂၃ ရက်တွင် ထပ်မံ စစ်ဆေးရန် အထူးခုံရုံး အမှတ် ၃ မှ  တရားသူကြီး Abu Ahmed Jamadar က ကြေညာခဲ့သည်။

အဆိုပါ ကိစ္စကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသည့် ခါလီဒါဇီယာ က တရားရုံးတွင် အမှုရွေ့ဆိုင်းပေးရန် အသနားခံစာ တင်ခဲ့သည့်အတွက် အမှုကြားနာမည့်နေ ့ကို ထပ်မံရွှေ ့ဆိုင်းပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော ဧပြီလ ၁၇ ရက်က ပြုလုပ်ခဲ့သော အမှုစစ်ဆေး ကြားနာပွဲသို ့ဇီယာ တက်ရောက်ခဲ့သည်။ ဇီယာ၏ ခင်ပွန်းဖြစ်သူ ယခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Zaiur Rahmant တာဝန်ယူခဲ့သည့် ၂ဝဝ၁ ခုနှစ် မှ ၂ဝဝ၆ ခုနှစ်အတွင်း ၄င်းဦးဆောင် တည်ထောင်ထားသော ( Zia Charitable Trust ) ဇီယာ လူမှုကူညီရေး အသင်းမှ  အလှူငွေ ဘင်္ဂလားဒေ့ရှ် တာကာ ၃၁.၅ သန်း (အမေရိကန် ဒေါ်လာ ၃၉၇,၄၃၅ ) ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း စွပ်စွဲခံထားရသည်။

အဂတိ လိုက်စားမှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ဇီယာက  လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အတိုက်အခံ ပါတီဝင်များ အဖြစ် ရပ်တည်နေသည့် ၄င်းနှင့် သားဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာရှီနာ တို့အား နိုင်ငံရေးအရ တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း မကြာခဏ ပြောဆိုထားသည်။

 (Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment