ခင္ပြန္းနဲ႔ကေလး(၅)ေယာက္ကိုပစ္သြားျပီး အိမ္ေဖာ္ေကာင္မေလးနဲ႔ယူသြားတဲ့အမ်ိဳးသမီး






By Shwemom - June 24, 2016


Wayne Gardinerလို႔အမည္ရတဲ့ အမ်ိဳးသားတစ္ဦးက ကေလး၅ဦးရဲ့ဖခင္ျဖစ္ပါတယ္။ တစ္ေန႕ေတာ့ အသက္၁၇နွစ္ အရြယ္ေကာင္မေလး
တစ္ေယာက္ အိမ္ေျခမဲ့ျဖစ္ေနတာကိုုေတြ႕လို႔ အိမ္ကိုေခၚလာရင္ ဇနီးသည္အတြက္ေရာကေလးအတြက္
ေရာ အဆင္ေျပမယ္ထင္ကာ ကယ္တင္ခဲ့ပါတယ္။ ဒါေပမယ့္ သူရဲ့အၾကင္နာတရားဟာ အဆံုးသတ္မလွျဖစ္သြားခဲ့ပါတယ္

ကေလးမေလးရဲ့အမည္ဟာ Tamsin Beezer ျဖစ္ျပီး Wayneရဲ့မိန္းမျဖစ္သူ အသက္၃၈ႏွစ္အရြယ္Sarahနဲ႔ အတူတူအလုပ္လုပ္ဖူးသူျဖစ္ပါတယ္။
 ဒီကေလးမေလးကို သူ႕ရဲ့အိမ္ကႏွင္ထုတ္ခဲ့လို႔ Tamsinဟာ အိမ္ေျခရာမဲ့ေလးျဖစ္လာတာပါ။ ကေလးမေလးကို အိမ္မွာေခၚထားဖို႔Wayneက
 သူ႕မိန္းမSarahကို တိုင္ပင္ခဲ့ပါတယ္။

“ဒီကေလးမေလး လုံျခံဳေအာင္ ကြ်န္ေတာ္တို႔အိမ္ကိုေခၚထားဖို႔ ကြ်န္ေတာ္ကြ်န္ေတာ့္မိန္းမကို ေျပာခဲ့ပါတယ္။ ကြ်န္ေတာ္
အရမ္းလုပ္ခ်င္ခဲ့လို႔ေတာ့ မဟုတ္ပါဘူး။ ဒါဟာ လုပ္သင့္တယ္ထင္လို႔ပါ။ ကေလးမေလးကလည္း အျပစ္ကင္းစင္တဲ့ပံုုစံ
မ်ိဳးေလးေလ။ ကြ်န္ေတာ္တို႔က ကေလး၅ေယာက္နဲ႔ မိသားစုအၾကီးတစ္ခုေလ။ ဒါ့ေၾကာင့္ေနာက္ထပ္တစ္ေယာက္တိုး
လာတာ အရမ္းၾကီးက်ယ္တဲ့ ကိစၥေတာ့ ဟုတ္မွာမဟုတ္ဘူးလို႔ထင္ခဲ့မိတယ္ေလ။’လို႔ Wayneက ျပန္ေျပာျပပါတယ္။

 Wayneနဲ႔Sarahတို႔ရဲ့ သမီးအၾကီးဆံုး Lucyဟာ အိမ္ခြဲေနတာေၾကာင့္ Tamsinဟာ အိမ္မွာ အမၾကီးလိုျဖစ္လာခဲ့ပါ
တယ္။ ဒါေပမယ့္ ၂ပတ္အၾကာမွာေတာ့ သူ႕ဇနီးSarahရဲ့ အမူအရာေတြ ေျပာင္းလဲလာခဲ့ပါတယ္။ တစ္ခါတစ္ေလ ညဥ့္
နက္မွျပန္လာတဲ့ အရက္ေတြ၊ ေဆးလိပ္ေတြေသာက္လာတယ္။ တစ္ခါဆိုရင္ ဆိုဖာေပၚမွာ၂ေယာက္သားနမ္းေနၾကပါ
တယ္။
“ကြ်န္ေတာ္က Sarahတစ္ေယာက္ ကြ်န္ေတာ့္လိုပဲ Tamsinကို သမီးေလးလိုခ်စ္လို႔ပဲလို႔ထင္ေနခဲ့တာပါ။ ကြ်န္ေတာ္
တို႔မွာလည္း သူ႕အရြယ္နီးပါး သမီးေလးေတြရွိတာကို။ တကယ္တမ္းမွာေတာ့ သူတိုု႔၂ေယာက္က နီးစပ္လာၾကျပီးကြ်န္
ေတာ္တို႔မိသားစုကေတာ့ ျပိဳကြဲသြားခဲ့ပါတယ္”လိုု႔ ဝိန္းက ေျပာျပခဲ့ပါတယ္။

တစ္လအၾကာမွာေတာ့ Sarahဟာ မိသားစုကို သူဟာ Tamsinနဲ႔အတူအိမ္ကေနထြက္သြားေတာ့မွာ ျဖစ္ေၾကာင္း
ေၾကျငာခဲ့ပါတယ္။ ထြက္သြားျပီးသိပ္မၾကာဘူး။ သမီးၾကီးလူစီက လူမႈကြန္ယက္ေပၚမွာ မိခင္Sarahနဲ႔ Tamsinတို႔
Relationshipေၾကျငာခဲ့ေၾကာင္း ကြ်န္ေတာ့္ကိုဖုုန္းဆက္ျပီးေျပာျပခဲ့ပါတယ္။

“ကြ်န္ေတာ္ မယံုနုုိင္ခဲ့ပါဘူး။ ကြ်န္ေတာ္ဟာသတစ္ခုလိုု႔ပဲ ထင္ေနခဲ့ပါတယ္။ ဘယ္လိုလုပ္ကြ်န္ေတာ့္မိန္းမကကြ်န္ေတာ္
တို႔သမီးထက္ငယ္တဲ့ေကာင္မေလးနဲ႔ လိုက္ေျပးသြားရတာလဲ၊ ကြ်န္ေတာ္ အိမ္ေျခမဲ့ေနတဲ့ကေလးတစ္ေယာက္ကို ကယ္
တင္တာဟာ မွန္ကန္တဲ့လုပ္ရပ္လို႔ထင္ခဲ့တာေလဗ်ာ။ ဒီလိုုျဖစ္လိမ့္မယ္လို႔ ကြ်န္ေတာ္ဘယ္တုန္းကမွ မေတြးမိခဲ့ဘူး။ ကြ်န္ ေတာ္တို႔
တစ္မိသားစုလံုး ပါစပ္အေဟာင္းသားျဖစ္ခဲ့ရပါတယ္။ကေလးေတြက အရမ္းခံစားေနရပါတယ္။ ကြ်န္ေတာ္တို႔
လက္ထပ္တာႏွစ္ေပါင္းမ်ားစြာၾကာခဲ့ျပီျဖစ္ျပီး သူမိန္းမအခ်င္းခ်င္းၾကိဳက္တတ္မွန္း ကြ်န္ေတာ္လံုုးဝမသိခဲ့ပါဘူး။”လို႔ ေနာင္
တရစြာ ဆိုခဲ့ပါတယ္။

ေနာက္ထပ္လအနည္းငယ္အၾကာမွာ ဆိုရွယ္မီဒီယာေပၚမွာ Sarah နဲ႔ Tamsinတို႔ ေစ့စပ္တဲ့ သတင္းတက္လာခဲ့ပါတယ္။အခုေတာ့
အရာအားလံုးျပီးဆံုုးသြားခဲ့ျပီျဖစ္ျပီး Wayneဟာ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ဖိုု႔ပဲ အာရံုစိုုက္ထားတယ္လို႔ သိရပါတယ္။

Source:thesun

Shwemom

..............................................

ခင်ပွန်းနဲ့ကလေး(၅)ယောက်ကိုပစ်သွားပြီး အိမ်ဖော်ကောင်မလေးနဲ့ယူသွားတဲ့အမျိုးသမီး
By Shwemom - June 24, 2016


Wayne Gardinerလို့အမည်ရတဲ့ အမျိုးသားတစ်ဦးက ကလေး၅ဦးရဲ့ဖခင်ဖြစ်ပါတယ်။ တစ်နေ့တော့ အသက်၁၇နှစ် အရွယ်ကောင်မလေး
တစ်ယောက် အိမ်ခြေမဲ့ဖြစ်နေတာကိုုတွေ့လို့ အိမ်ကိုခေါ်လာရင် ဇနီးသည်အတွက်ရောကလေးအတွက်
ရော အဆင်ပြေမယ်ထင်ကာ ကယ်တင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အကြင်နာတရားဟာ အဆုံးသတ်မလှဖြစ်သွားခဲ့ပါတယ်

ကလေးမလေးရဲ့အမည်ဟာ Tamsin Beezer ဖြစ်ပြီး Wayneရဲ့မိန်းမဖြစ်သူ အသက်၃၈နှစ်အရွယ်Sarahနဲ့ အတူတူအလုပ်လုပ်ဖူးသူဖြစ်ပါတယ်။
 ဒီကလေးမလေးကို သူ့ရဲ့အိမ်ကနှင်ထုတ်ခဲ့လို့ Tamsinဟာ အိမ်ခြေရာမဲ့လေးဖြစ်လာတာပါ။ ကလေးမလေးကို အိမ်မှာခေါ်ထားဖို့Wayneက
 သူ့မိန်းမSarahကို တိုင်ပင်ခဲ့ပါတယ်။

“ဒီကလေးမလေး လုံခြုံအောင် ကျွန်တော်တို့အိမ်ကိုခေါ်ထားဖို့ ကျွန်တော်ကျွန်တော့်မိန်းမကို ပြောခဲ့ပါတယ်။ ကျွန်တော်
အရမ်းလုပ်ချင်ခဲ့လို့တော့ မဟုတ်ပါဘူး။ ဒါဟာ လုပ်သင့်တယ်ထင်လို့ပါ။ ကလေးမလေးကလည်း အပြစ်ကင်းစင်တဲ့ပုံုစံ
မျိုးလေးလေ။ ကျွန်တော်တို့က ကလေး၅ယောက်နဲ့ မိသားစုအကြီးတစ်ခုလေ။ ဒါ့ကြောင့်နောက်ထပ်တစ်ယောက်တိုး
လာတာ အရမ်းကြီးကျယ်တဲ့ ကိစ္စတော့ ဟုတ်မှာမဟုတ်ဘူးလို့ထင်ခဲ့မိတယ်လေ။’လို့ Wayneက ပြန်ပြောပြပါတယ်။

 Wayneနဲ့Sarahတို့ရဲ့ သမီးအကြီးဆုံး Lucyဟာ အိမ်ခွဲနေတာကြောင့် Tamsinဟာ အိမ်မှာ အမကြီးလိုဖြစ်လာခဲ့ပါ
တယ်။ ဒါပေမယ့် ၂ပတ်အကြာမှာတော့ သူ့ဇနီးSarahရဲ့ အမူအရာတွေ ပြောင်းလဲလာခဲ့ပါတယ်။ တစ်ခါတစ်လေ ညဥ့်
နက်မှပြန်လာတဲ့ အရက်တွေ၊ ဆေးလိပ်တွေသောက်လာတယ်။ တစ်ခါဆိုရင် ဆိုဖာပေါ်မှာ၂ယောက်သားနမ်းနေကြပါ
တယ်။
“ကျွန်တော်က Sarahတစ်ယောက် ကျွန်တော့်လိုပဲ Tamsinကို သမီးလေးလိုချစ်လို့ပဲလို့ထင်နေခဲ့တာပါ။ ကျွန်တော်
တို့မှာလည်း သူ့အရွယ်နီးပါး သမီးလေးတွေရှိတာကို။ တကယ်တမ်းမှာတော့ သူတိုု့၂ယောက်က နီးစပ်လာကြပြီးကျွန်
တော်တို့မိသားစုကတော့ ပြိုကွဲသွားခဲ့ပါတယ်”လိုု့ ဝိန်းက ပြောပြခဲ့ပါတယ်။

တစ်လအကြာမှာတော့ Sarahဟာ မိသားစုကို သူဟာ Tamsinနဲ့အတူအိမ်ကနေထွက်သွားတော့မှာ ဖြစ်ကြောင်း
ကြေငြာခဲ့ပါတယ်။ ထွက်သွားပြီးသိပ်မကြာဘူး။ သမီးကြီးလူစီက လူမှုကွန်ယက်ပေါ်မှာ မိခင်Sarahနဲ့ Tamsinတို့
Relationshipကြေငြာခဲ့ကြောင်း ကျွန်တော့်ကိုဖုုန်းဆက်ပြီးပြောပြခဲ့ပါတယ်။

“ကျွန်တော် မယုံနုုိင်ခဲ့ပါဘူး။ ကျွန်တော်ဟာသတစ်ခုလိုု့ပဲ ထင်နေခဲ့ပါတယ်။ ဘယ်လိုလုပ်ကျွန်တော့်မိန်းမကကျွန်တော်
တို့သမီးထက်ငယ်တဲ့ကောင်မလေးနဲ့ လိုက်ပြေးသွားရတာလဲ၊ ကျွန်တော် အိမ်ခြေမဲ့နေတဲ့ကလေးတစ်ယောက်ကို ကယ်
တင်တာဟာ မှန်ကန်တဲ့လုပ်ရပ်လို့ထင်ခဲ့တာလေဗျာ။ ဒီလိုုဖြစ်လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ကျွန် တော်တို့
တစ်မိသားစုလုံး ပါစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။ကလေးတွေက အရမ်းခံစားနေရပါတယ်။ ကျွန်တော်တို့
လက်ထပ်တာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး သူမိန်းမအချင်းချင်းကြိုက်တတ်မှန်း ကျွန်တော်လုံုးဝမသိခဲ့ပါဘူး။”လို့ နောင်
တရစွာ ဆိုခဲ့ပါတယ်။

နောက်ထပ်လအနည်းငယ်အကြာမှာ ဆိုရှယ်မီဒီယာပေါ်မှာ Sarah နဲ့ Tamsinတို့ စေ့စပ်တဲ့ သတင်းတက်လာခဲ့ပါတယ်။အခုတော့
အရာအားလုံးပြီးဆုံုးသွားခဲ့ပြီဖြစ်ပြီး Wayneဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖိုု့ပဲ အာရုံစိုုက်ထားတယ်လို့ သိရပါတယ်။

Source:thesun

Shwemom
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment