အရီဇိုးနားမွ မိခင္တစ္ဦး သားသံုးေယာက္ကို သတ္ၿပီး ဗီရိုထဲ၀ွက္ထားခဲ့



ဖီးနစ္၊ ဇြန္-၃

အရီဇိုးနားျပည္နယ္မွ မိခင္တစ္ဦးမ်ာ သားသံုးေယာက္ကို ဓားျဖင့္ အေသထိုးသတ္ၿပီး၊ အေလာင္းမ်ားကို ဗီရိုထဲတြင္ ၀ွက္ထားကာ ကိုုုယ့္ကိုယ္ကို သတ္ေသရန္လည္း ႀကိဳးစားခဲ့သည္ဟု ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ေရခ်ိဳးခန္းထဲတြင္ ဒဏ္ရာမ်ားႏွင့္ သူမကို အစ္ကိုျဖစ္သူက ေတြ႕ရွိၿပီးေနာက္ ရဲတပ္ဖြဲ႕သို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့သည္ဟု အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ထိတ္လန္႔တုန္လႈပ္ဖြယ္ အခင္းျဖစ္ရာေနရာသို႔ ေရာက္ရွိလာခ်ိန္တြင္ မိခင္ျဖစ္သူမွာ သူမကိုယ္သူမ ၀မ္းဗိုက္ကို ဓားျဖင့္ထိုးခဲ့ပံုေပၚသည္ဟု ဖီးနစ္ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
“သူမက ကေလးေတြ အိမ္မွာမရွိဘူးလို႔ ရဲေတြကို ေျပာဖို႔ႀကိဳးစားေနခဲ့တယ္”ဟု ဖီးနစ္ ရဲတပ္ၾကပ္ႀကီး ထရင့္ ခရမ့္က ေျပာၾကားခဲ့သည္။


ထို႔ေနာက္ ဓားဒဏ္ရာျဖင့္ ေသဆံုးေနသည့္ ၅ႏွစ္ႏွင့္ ၈ႏွစ္အရြယ္ သားမ်ား၏ ရုပ္အေလာင္းမ်ားကို အေပၚထပ္ဗီရိုထဲတြင္ ေတြ႕ရွိခဲ့ၾကသည့္အျပင္ ထိုဗီရိုထဲတြင္ပင္ ႏွစ္လသားအရြယ္ အငယ္ဆံုးသားငယ္ေလး၏ ရုပ္အေလာင္းကိုလည္း ခရီးေဆာင္အိတ္ထဲ ထည့္ပိတ္ထားသည္ကို ေတြ႕ရွိရသည္ဟု ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

မိခင္ႏွင့္ကေလးမ်ား၏ အမည္မ်ားကိုမူ ရဲတပ္ဖြဲ႕က ခ်က္ခ်င္းထုတ္ျပန္ႏိုင္ခဲ့ျခင္းမရွိေပ။
မိခင္ျဖစ္သူကို ေဆးရံုသို႔ ယူေဆာင္သြားခဲ့ၾကၿပီး လူသတ္မႈတစ္ခုအေနျဖင့္ အမႈကို စံုစမ္းစစ္ေဆးလွ်က္ရွိသည္ဟု ရဲက ေျပာၾကားသည္။ ကိုယ္၀န္ရွိေနေၾကာင္း သူမက ေျပာၾကားခဲ့ေသာ္လည္း ကိုယ္၀န္ကို အတည္ျပဳႏိုင္သလားဆိုသည္မွာမူ မကြဲျပားေသးေပ။

အမ်ိဳးသမီး၏ အစ္ကိုျဖစ္သူကမူ ၄င္းမွာ အစ္မျဖစ္သူႏွင့္ အတူေနထိုင္ေၾကာင္း၊ အစ္မျဖစ္သူက သူ႔ကို အိမ္အျပင္ထုတ္ၿပီး ေသာ့ခတ္ထားေၾကာင္း၊ သို႔ရာတြင္ အိမ္ထဲေရာက္ေအာင္၀င္ႏို္င္ခဲ့ၿပီး ဒဏ္ရာမ်ားႏွင့္ အစ္မျဖစ္သူကို ေတြ႕လိုက္ရျခင္ျဖစ္ေၾကာင္း စံုစမ္းစစ္ေဆးသူမ်ားကို ေျပာၾကားခဲ့သည္ဟု ဆိုသည္။

စီအင္အင္
AM
china.com Myanmar
https://www.facebook.com/china.com.mm
.........



ဖီးနစ်၊ ဇွန်-၃

အရီဇိုးနားပြည်နယ်မှ မိခင်တစ်ဦးမျာ သားသုံးယောက်ကို ဓားဖြင့် အသေထိုးသတ်ပြီး၊ အလောင်းများကို ဗီရိုထဲတွင် ၀ှက်ထားကာ ကိုုုယ့်ကိုယ်ကို သတ်သေရန်လည်း ကြိုးစားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရေချိုးခန်းထဲတွင် ဒဏ်ရာများနှင့် သူမကို အစ်ကိုဖြစ်သူက တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာချိန်တွင် မိခင်ဖြစ်သူမှာ သူမကိုယ်သူမ ၀မ်းဗိုက်ကို ဓားဖြင့်ထိုးခဲ့ပုံပေါ်သည်ဟု ဖီးနစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
“သူမက ကလေးတွေ အိမ်မှာမရှိဘူးလို့ ရဲတွေကို ပြောဖို့ကြိုးစားနေခဲ့တယ်”ဟု ဖီးနစ် ရဲတပ်ကြပ်ကြီး ထရင့် ခရမ့်က ပြောကြားခဲ့သည်။



ထို့နောက် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် ၅နှစ်နှင့် ၈နှစ်အရွယ် သားများ၏ ရုပ်အလောင်းများကို အပေါ်ထပ်ဗီရိုထဲတွင် တွေ့ရှိခဲ့ကြသည့်အပြင် ထိုဗီရိုထဲတွင်ပင် နှစ်လသားအရွယ် အငယ်ဆုံးသားငယ်လေး၏ ရုပ်အလောင်းကိုလည်း ခရီးဆောင်အိတ်ထဲ ထည့်ပိတ်ထားသည်ကို တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မိခင်နှင့်ကလေးများ၏ အမည်များကိုမူ ရဲတပ်ဖွဲ့က ချက်ချင်းထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။
မိခင်ဖြစ်သူကို ဆေးရုံသို့ ယူဆောင်သွားခဲ့ကြပြီး လူသတ်မှုတစ်ခုအနေဖြင့် အမှုကို စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ရဲက ပြောကြားသည်။ ကိုယ်ဝန်ရှိနေကြောင်း သူမက ပြောကြားခဲ့သော်လည်း ကိုယ်ဝန်ကို အတည်ပြုနိုင်သလားဆိုသည်မှာမူ မကွဲပြားသေးပေ။

အမျိုးသမီး၏ အစ်ကိုဖြစ်သူကမူ ၄င်းမှာ အစ်မဖြစ်သူနှင့် အတူနေထိုင်ကြောင်း၊ အစ်မဖြစ်သူက သူ့ကို အိမ်အပြင်ထုတ်ပြီး သော့ခတ်ထားကြောင်း၊ သို့ရာတွင် အိမ်ထဲရောက်အောင်ဝင်နို်င်ခဲ့ပြီး ဒဏ်ရာများနှင့် အစ်မဖြစ်သူကို တွေ့လိုက်ရခြင်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

စီအင်အင်
AM
china.com Myanmar
https://www.facebook.com/china.com.mm
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment