တ႐ုတ္မွာေဆာက္တဲ့ အီဂ်စ္ ျခေသၤ့႐ုပ္ႀကီး


 ပုံတူ လက္ရာေတြနဲ႔ ခရီးသြားေတြကို ဆြဲေဆာင္
တ႐ုတ္ နိုင္ငံ အေနာက္ေျမာက္ပိုင္းက သဲကႏၲာရထဲမွာ အီဂ်စ္ ျခေသၤ့႐ုပ္ႀကီး တခု တည္ေဆာက္ ခဲ့ပါတယ္။

Lanzhou ယဥ္ေက်းမွု အေမြအႏွစ္ ဥယ်ာဥ္မွာ ဒီ ျခေသၤ့႐ုပ္ႀကီး အျပင္ ဂရိက ပန္သီယြန္ ဘုရားေက်ာင္းႀကီးနဲ႔ ကမၻာ့ အေမြအႏွစ္ အေဆာက္အအုံေတြကို ပုံတူ ကူး တည္ေဆာက္ ျပသေနပါတယ္။

တခါက ပိုးလမ္းမႀကီး ေပၚမွာ တည္ရွိခဲ့တဲ့ Lanzhou ၿမိဳ႕ဟာ ဒီလို ပုံတူ လက္ရာေတြနဲ႔ ကမၻာလွည့္ ခရီးသြားေတြ၊ ႐ုပ္ရွင္ သမားေတြကို ဆြဲေဆာင္ဖို႔ ႀကိဳးစား ေနတာလို႔ ခ်ိဳင္းနား ေဒလီ သတင္းစာက ေရးသား ပါတယ္။
ဂရိက ဘုရားေက်ာင္းႀကီးကို ပုံတူကူး တည္ေဆာက္
ဒါေပမဲ့ တခ်ိဳ႕ ေနရာေတြမွာေတာ့ အီဂ်စ္က ကန္႔ကြက္လို႔ ျပန္ဖ်က္ဆီးခဲ့ရတဲ့ ျခေသၤ့႐ုပ္ႀကီးေတြလည္း တ႐ုတ္ျပည္မွာ ရွိေနပါတယ္။

ဒီလို ပုံတူေတြကို ႐ုပ္ရွင္ ႐ုပ္သံ ရိုက္ကူးရာမွာ ေနာက္ခံ အျဖစ္သုံးတာဟာ နိုင္ငံတကာ ဥပေဒနဲ႔ မညီဘူးဆိုၿပီး အီဂ်စ္က ယူနက္စကို အဖြဲ႕ကို တိုင္ၾကား ခဲ့တာပါ။

အီဂ်စ္ ျခေသၤ့႐ုပ္သာမက အေမရိကန္ ကြန္ဂရက္ အေဆာက္အအုံကိုပါ တ႐ုတ္ ဘုရားေက်ာင္းပုံစံ ပုံတူကူး တည္ေဆာက္ၿပ တာလည္း ရွိပါတယ္။

ဟန္က်ိဳးၿမိဳ႕က ေစ်းႀကီးတဲ့ အိမ္ရာ တခုမွာေတာ့ ပဲရစ္က အီဖယ္ ေမၽွာ္စင္ ပုံစံ အတုကို ေဆာက္ထားတာ ေပ ၃၅ဝ ျမင့္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............


 ပုံတူ လက်ရာတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်
တရုတ် နိုင်ငံ အနောက်မြောက်ပိုင်းက သဲကန္တာရထဲမှာ အီဂျစ် ခြင်္သေ့ရုပ်ကြီး တခု တည်ဆောက် ခဲ့ပါတယ်။

Lanzhou ယဉ်ကျေးမှု အမွေအနှစ် ဥယျာဉ်မှာ ဒီ ခြင်္သေ့ရုပ်ကြီး အပြင် ဂရိက ပန်သီယွန် ဘုရားကျောင်းကြီးနဲ့ ကမ္ဘာ့ အမွေအနှစ် အဆောက်အအုံတွေကို ပုံတူ ကူး တည်ဆောက် ပြသနေပါတယ်။

တခါက ပိုးလမ်းမကြီး ပေါ်မှာ တည်ရှိခဲ့တဲ့ Lanzhou မြို့ဟာ ဒီလို ပုံတူ လက်ရာတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ၊ ရုပ်ရှင် သမားတွေကို ဆွဲဆောင်ဖို့ ကြိုးစား နေတာလို့ ချိုင်းနား ဒေလီ သတင်းစာက ရေးသား ပါတယ်။

ဂရိက ဘုရားကျောင်းကြီးကို ပုံတူကူး တည်ဆောက်
ဒါပေမဲ့ တချို့ နေရာတွေမှာတော့ အီဂျစ်က ကန့်ကွက်လို့ ပြန်ဖျက်ဆီးခဲ့ရတဲ့ ခြင်္သေ့ရုပ်ကြီးတွေလည်း တရုတ်ပြည်မှာ ရှိနေပါတယ်။

ဒီလို ပုံတူတွေကို ရုပ်ရှင် ရုပ်သံ ရိုက်ကူးရာမှာ နောက်ခံ အဖြစ်သုံးတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးဆိုပြီး အီဂျစ်က ယူနက်စကို အဖွဲ့ကို တိုင်ကြား ခဲ့တာပါ။

အီဂျစ် ခြင်္သေ့ရုပ်သာမက အမေရိကန် ကွန်ဂရက် အဆောက်အအုံကိုပါ တရုတ် ဘုရားကျောင်းပုံစံ ပုံတူကူး တည်ဆောက်ပြ တာလည်း ရှိပါတယ်။

ဟန်ကျိုးမြို့က စျေးကြီးတဲ့ အိမ်ရာ တခုမှာတော့ ပဲရစ်က အီဖယ် မျှော်စင် ပုံစံ အတုကို ဆောက်ထားတာ ပေ ၃၅ဝ မြင့်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment