ဂ်ပန္ေျမာက္ပိုင္းတြင္ ဝက္ဝံကိုက္၍ လူ ၄ ဦး ေသဆံုးၿပီးေနာက္ သတိေပးခ်က္ ထုတ္ျပန္

ဝက္ဝံ တစ္ေကာင္အား ေတြ႕ရစဥ္ (ဓာတ္ပံု- အင္တာနက္)
    တိုက်ိဳ၊ ဇြန္ ၁၄ ရက္ (ဆင္ဟြာ)

    ဝက္ဝံ တိုက္ခိုက္ ခံထားရပံုၿပီး ေသဆံုးေနသည့္ လူ ၄ ဦးအား ေတြ႕ရွိၿပီးေနာက္ ေတာင္ထူထပ္သည့္ ေနရာမ်ား အား ေရွာင္ရွား ေနထိုင္ၾကရန္ ဂ်ပန္ႏိုင္ငံ ေျမာက္ပိုင္း၌ ေနထိုင္သူမ်ားအား သတိေပး ထားခဲ႔ေၾကာင္း သိရသည္။

လတ္တေလာ ရွာေဖြ ေတြ႕ရွိထားသည့္ လူ ၄ ဦး၏ ရုပ္အေလာင္းမ်ားတြင္ ေတြ႕ရသည့္ ကိုက္ရာမ်ားႏွင့္ ကုတ္ျခစ္ရာမ်ားအရ တိရစာၦန္ႀကီး တစ္ေကာင္၏ လက္ခ်က္ ျဖစ္ႏိုင္ေၾကာင္း အကီတာ စီရင္စုရွိ ကာဇုႏိုၿမိဳ႕က တာဝန္ရွိသူ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ႔ၿပီး အလားတူ တိုက္ခိုက္မႈမ်ိဳးမ်ားအား ႀကိဳတင္ကာကြယ္ႏိုင္ရန္ ေတာ ေတာင္ ထူထပ္သည့္ ေနရာဝန္းက်င္ရွိ လူမ်ားအား သတိေပးထားခဲဲ့ျခင္း ျဖစ္သည္။

အကီတာစီရင္စုရွိ ရဲက ေၾကာက္မက္ဖြယ္ ဒဏ္ရာမ်ားျဖင့္ ဆိုးဝါးစြာ ကုတ္ဖဲ႔ခံထားရသည့္ အမ်ိဳးသမီး တစ္ဦး၏ ရုပ္အေလာင္းအား ဇြန္လ ၁၀ ရက္ ေတြ႕ရွိခဲ႔ၿပီး ၎အား မည္သူမည္ဝါ ျဖစ္ေၾကာင္း ခြဲျခားရန္ပင္ မျဖစ္ႏိုင္ေၾကာင္း ေဒသဆိုင္ရာ အာဏာပိုင္မ်ားက ေျပာသည္။

အာမိုရိ စီရင္စုအနီး ေနထိုင္သည့္ အသက္ ၇၄ ႏွစ္အရြယ္ စုဝါ ဆူဇူကီးသည္ ေတာထဲတြင္ တစ္ဦးတည္း ေတာရိုင္း သစ္ပင္မ်ား ခူးေနစဥ္တြင္ တိုက္ခိုက္ျခင္း ခံရေၾကာင္း သိရသည္။ ၎သည္ ဝက္ဝံ တိုက္ခိုက္ျခင္းေၾကာင့္ ေသဆံုးခဲ႔သည့္ ေလးဦးေျမာက္ ျဖစ္သည္။

ဇြန္လ ၁၀ ရက္က ဆူဇူကီး ေသဆံုးခဲ့သည့္ ေနရာမွ ၁၀ မီတာခန္႔ အကြာတြင္ ေတာအုပ္တစ္ခုအတြင္း အာရွ ဝက္ဝံနက္ အမ တစ္ေကာင္အား ေတာလိုက္မုဆိုးမ်ားက ပစ္သတ္ႏိုင္ခဲ႔သည္။

အကီတာ စီရင္စုအတြင္း ဝက္ဝံက လူအား တိုက္ခိုက္မႈမွာ မၾကာခဏ ျဖစ္ပြားေလ့ရွိၿပီး သဘာဝ ပတ္ဝန္းက်င္ ဆိုင္ရာ ဝန္ႀကီး႒ာန စာရင္းအရ ၁၉၇၉ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ ဝက္ဝံ တိုက္ခိုက္မႈေၾကာင့္ လူ ၈ ဦး ေသဆံုးခဲ႔ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com/
............

ဝက်ဝံ တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    တိုကျို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

    ဝက်ဝံ တိုက်ခိုက် ခံထားရပုံပြီး သေဆုံးနေသည့် လူ ၄ ဦးအား တွေ့ရှိပြီးနောက် တောင်ထူထပ်သည့် နေရာများ အား ရှောင်ရှား နေထိုင်ကြရန် ဂျပန်နိုင်ငံ မြောက်ပိုင်း၌ နေထိုင်သူများအား သတိပေး ထားခဲ့ကြောင်း သိရသည်။

လတ်တလော ရှာဖွေ တွေ့ရှိထားသည့် လူ ၄ ဦး၏ ရုပ်အလောင်းများတွင် တွေ့ရသည့် ကိုက်ရာများနှင့် ကုတ်ခြစ်ရာများအရ တိရစ္ဆာန်ကြီး တစ်ကောင်၏ လက်ချက် ဖြစ်နိုင်ကြောင်း အကီတာ စီရင်စုရှိ ကာဇုနိုမြို့က တာဝန်ရှိသူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အလားတူ တိုက်ခိုက်မှုမျိုးများအား ကြိုတင်ကာကွယ်နိုင်ရန် တော တောင် ထူထပ်သည့် နေရာဝန်းကျင်ရှိ လူများအား သတိပေးထားခဲဲ့ခြင်း ဖြစ်သည်။

အကီတာစီရင်စုရှိ ရဲက ကြောက်မက်ဖွယ် ဒဏ်ရာများဖြင့် ဆိုးဝါးစွာ ကုတ်ဖဲ့ခံထားရသည့် အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်းအား ဇွန်လ ၁၀ ရက် တွေ့ရှိခဲ့ပြီး ၎င်းအား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားရန်ပင် မဖြစ်နိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။

အာမိုရိ စီရင်စုအနီး နေထိုင်သည့် အသက် ရ၄ နှစ်အရွယ် စုဝါ ဆူဇူကီးသည် တောထဲတွင် တစ်ဦးတည်း တောရိုင်း သစ်ပင်များ ခူးနေစဉ်တွင် တိုက်ခိုက်ခြင်း ခံရကြောင်း သိရသည်။ ၎င်းသည် ဝက်ဝံ တိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့သည့် လေးဦးမြောက် ဖြစ်သည်။

ဇွန်လ ၁၀ ရက်က ဆူဇူကီး သေဆုံးခဲ့သည့် နေရာမှ ၁၀ မီတာခန့် အကွာတွင် တောအုပ်တစ်ခုအတွင်း အာရှ ဝက်ဝံနက် အမ တစ်ကောင်အား တောလိုက်မုဆိုးများက ပစ်သတ်နိုင်ခဲ့သည်။

အကီတာ စီရင်စုအတွင်း ဝက်ဝံက လူအား တိုက်ခိုက်မှုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးဋ္ဌာန စာရင်းအရ ၁၉၇၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဝက်ဝံ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment