တ႐ုတ္ဘဏ္သူေဌး တေယာက္ ေထာင္ထဲမွာ ေသ

တ႐ုတ္ စီးပြားေရး ဖြံ့ၿဖိဳးမွုနဲ႔ အတူ ျခစားမွုေတြရွိ
တ႐ုတ္ နိုင္ငံမွာ အက်င့္ပ်က္ ျခစားမွုနဲ႔ အေရးယူခံေနရတဲ့ ဘဏ္ သူေဌးႀကီး တေယာက္ ေထာင္ထဲမွာ ေသဆုံးသြားတယ္လို႔ တ႐ုတ္ အစိုးရ သတင္း ဌာနေတြက ေဖာ္ျပပါတယ္။

ေသသြားတဲ့ Tao Liming ဟာ တ႐ုတ္ျပည္မွာ ပဥၥမ အႀကီးဆုံး ဘဏ္ျဖစ္တဲ့ စာပို႔ စုေငြဘဏ္ႀကီး ရဲ့ အမွုေဆာင္ အရာရွိခ်ဳပ္ေဟာင္း ျဖစ္ပါတယ္။

ေဆာက္လုပ္ေရး ကုမၸဏီ တခုကေန ေဒၚလာ တသန္းခြဲ ေက်ာ္ လာဘ္စားမွု၊ အာဏာ အလြဲသုံးစား လုပ္ၿပီး အာမခံနဲ႔ ေခ်းေငြ ထုတ္ေပးမွုေတြနဲ႔ သူ႔ကို ၂ဝ၁၂ ခုႏွစ္ထဲက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

မစၥတာ Tao ရဲ့ အမွုကို လူၾကားမွာ စစ္ေဆးတာ မရွိခဲ့ပါဘူး။

သူ႔ကို ေထာင္တသက္ ျပစ္ဒဏ္ခ်မွတ္ ထားတာကို အယူခံ ဝင္ေနတုန္းမွာ ေသဆုံးသြားတယ္လို႔ သူ႔ေရွ႕ေနက ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.........

တရုတ် စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အတူ ခြစားမှုတွေရှိ
တရုတ် နိုင်ငံမှာ အကျင့်ပျက် ခြစားမှုနဲ့ အရေးယူခံနေရတဲ့ ဘဏ် သူဌေးကြီး တယောက် ထောင်ထဲမှာ သေဆုံးသွားတယ်လို့ တရုတ် အစိုးရ သတင်း ဌာနတွေက ဖော်ပြပါတယ်။

သေသွားတဲ့ Tao Liming ဟာ တရုတ်ပြည်မှာ ပဥ္စမ အကြီးဆုံး ဘဏ်ဖြစ်တဲ့ စာပို့ စုငွေဘဏ်ကြီး ရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း ဖြစ်ပါတယ်။

ဆောက်လုပ်ရေး ကုမ္ပဏီ တခုကနေ ဒေါ်လာ တသန်းခွဲ ကျော် လာဘ်စားမှု၊ အာဏာ အလွဲသုံးစား လုပ်ပြီး အာမခံနဲ့ ချေးငွေ ထုတ်ပေးမှုတွေနဲ့ သူ့ကို ၂ဝ၁၂ ခုနှစ်ထဲက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Tao ရဲ့ အမှုကို လူကြားမှာ စစ်ဆေးတာ မရှိခဲ့ပါဘူး။

သူ့ကို ထောင်တသက် ပြစ်ဒဏ်ချမှတ် ထားတာကို အယူခံ ဝင်နေတုန်းမှာ သေဆုံးသွားတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment