IS အဖြဲ႔ဝင္ ေဆာ္ဒီႏုိင္ငံသား အမႊာညီအကို ႏွစ္ဦးက ၄င္းတို႔၏ မိသားစု အား တိုက္ခိုက္

ကိုယ့္မိခင္ကို ျပန္သတ္သည့္ IS အစြန္းေရာက္ အဖြဲ႔ဝင္ အမႊာ ႏွစ္ဦး အားေတြ႕ရစဥ္ (ဓာတ္ပံု-အင္တာနက္)

    ရီယာ့ဒ္၊ ဇြန္ ၂၅ ရက္ (ဆင္ဟြာ)

    IS အစြန္းေရာက္ အဖြဲ႔ဝင္ ျဖစ္သည့္ ေဆာ္ဒီႏုိင္ငံသား အမႊာညီအကို ႏွစ္ဦးသည္ ၄င္းတုိ႔၏ မိသားစုဝင္ မ်ားအား တိုက္ခိုက္ခဲ့ၿပီး မိခင္ကို ျပန္လည္ သတ္ျဖတ္ခဲ့ေၾကာင္း ေဆာ္ဒီအာေရဗ်ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး႒ာန က ဇြန္လ ၂၄ ရက္တြင္ ေၾကညာခဲ့သည္ဟု ႏိုင္ငံပိုင္ သတင္း႒ာန ကေဖာ္ျပခဲ့သည္။

ကာလစ္ဒ္ ႏွင့္ ဆလတ္ဒ္ အမည္ရွိ အမႊာညီအကို ႏွစ္ဦးသည္ ရီယာ့ဒ္ၿမိဳ႕ရွိ ၄င္းတို႔၏ ေနအိမ္၌ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ကာ ၄င္းတို႔၏ ဖခင္ႏွင့္ ညီအကို တစ္ဦး ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႔၏ ေျပာၾကားခ်က္အရ အမႊာညီအကို ႏွစ္ဦးသည္ ၄င္းတို႔၏ မိခင္အား စတိုခန္းထဲ၌ ပိတ္ေလွာင္ထားကာ ေသဆံုးသည္အထိ ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထုိးခဲ့ေၾကာင္း သိရသည္။

အဆိုပါ လူသတ္သမား ႏွစ္ဦးအား အရုဏ္တက္ခ်ိန္တြင္ ဖမ္းမိခဲ့ေသာ္လည္း  ထိုသို႔ တိုက္ခိုက္ရျခင္း၏ ရည္ရြယ္ခ်က္ကိုမူ မသိရွိေသးေၾကာင္း သိရသည္။

လြန္ခဲ့သည့္ ႏွစ္ အနည္းငယ္အတြင္း အဆိုပါ ျဖစ္ရပ္မ်ဳိးကဲ့သို႕ IS တပ္ဖြဲ႔ဝင္မ်ားက ၄င္းတို႔၏ မိသားစုဝင္မ်ားကို ျပန္လည္ သတ္ျဖတ္ခဲ့မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com
........

ကိုယ့်မိခင်ကို ပြန်သတ်သည့် IS အစွန်းရောက် အဖွဲ့ဝင် အမွှာ နှစ်ဦး အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

    ရီယာ့ဒ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

    IS အစွန်းရောက် အဖွဲ့ဝင် ဖြစ်သည့် ဆော်ဒီနိုင်ငံသား အမွှာညီအကို နှစ်ဦးသည် ၄င်းတို့၏ မိသားစုဝင် များအား တိုက်ခိုက်ခဲ့ပြီး မိခင်ကို ပြန်လည် သတ်ဖြတ်ခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဇွန်လ ၂၄ ရက်တွင် ကြေညာခဲ့သည်ဟု နိုင်ငံပိုင် သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

ကာလစ်ဒ် နှင့် ဆလတ်ဒ် အမည်ရှိ အမွှာညီအကို နှစ်ဦးသည် ရီယာ့ဒ်မြို့ရှိ ၄င်းတို့၏ နေအိမ်၌ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ၄င်းတို့၏ ဖခင်နှင့် ညီအကို တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အမွှာညီအကို နှစ်ဦးသည် ၄င်းတို့၏ မိခင်အား စတိုခန်းထဲ၌ ပိတ်လှောင်ထားကာ သေဆုံးသည်အထိ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်သမား နှစ်ဦးအား အရုဏ်တက်ချိန်တွင် ဖမ်းမိခဲ့သော်လည်း  ထိုသို့ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်ကိုမူ မသိရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် အနည်းငယ်အတွင်း အဆိုပါ ဖြစ်ရပ်မျိုးကဲ့သို့ IS တပ်ဖွဲ့ဝင်များက ၄င်းတို့၏ မိသားစုဝင်များကို ပြန်လည် သတ်ဖြတ်ခဲ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment