ေဆးရံုမွာ ဆရာဝန္အျဖစ္ တစ္လေလာက္ဟန္ေဆာင္ေနတဲ့ ဆယ္ေက်ာ္သက္



အသက္ ၁၇ႏွစ္အရြယ္ ဆယ္ေက်ာ္သက္တစ္ဦးသည္ ဆရာဝန္ဝတ္စုံ ဝတ္ဆင္ကာ သူ႔မ်က္ႏွာတြင္လည္း ခြဲစိတ္ခန္း ဝင္သည့္အခါ တပ္ဆင္ရသည့္ mask ကို တပ္ဆင္ထားျပီး သူ႔ကိုသူ “Dr. Robinson” ဟု ေျပာကာ Florida ရွိ ေဆးရုံတစ္ရုံတြင္ ဆရာဝန္ဟန္ေဆာင္ေနခဲ့သည္မွာ ၁လ ခန္႔ၾကာခဲ့ပါတယ္။

West Palm ကမ္းေျခရွိ St Mary Medical Center ရွိ ဝန္ထမ္းတစ္ဦးအား လူနာတစ္ေယာက္က ကေလး တစ္ေယာက္က ဆရာဝန္ပုံစံဝတ္ဆင္ထားတယ္လို႔ သူထင္တယ္ ဆိုျပီး အရင္ဦးစြာ သတိေပး ခဲ့ပါ တယ္။  ျပင္ပ လူနာဌာနတြင္ အလုပ္လုပ္သည့္ Dr Sebastian Kent ၏ WSB-TV သို႔ ေျပာၾကားခ်က္အရ လက္ေတြ႔ေလ့က်င့္ခန္းေတြ လုပ္တဲ့အခါ သူဟာ လူနာတစ္ေယာက္အျဖစ္ သရုပ္ျပေလ့ရွိျပီး Dr Robinson  ျဖစ္ ပါတယ္ လို႔လည္း သူကိုယ္သူ မိတ္ဆက္ေပးခဲ့ပါတယ္။

 ပထမဦးဆုံး ကၽြန္ေတာ္ ေတြးမိတာက ဒီဆရာဝန္ငယ္ေလးကို ၾကည့္ျပီး ကၽြန္ေတာ့အသက္ဟာ အရမ္း ၾကီးလာျပီလို႔ ထင္မိပါတယ္ လို႔ Dr Kent ကေျပာပါတယ္။ ရဲမ်ား၏ ေျပာၾကားခ်က္အရ Dr Sebastian Kent စာေမးပြဲစစ္ေနခ်ိန္မွာ သူဟာ အခန္းထဲမွာ ရွိေနခဲ့ပါတယ္။ CCTV ကို ျပန္လည္ စစ္ၾကည့္ခဲ့တဲ့အခါမွာလည္း ထို ခ်ာတိတ္ဟာ ေဆးရုံအတြင္း လွည့္လည္ သြားလာေနခဲ့တာ အနည္းဆုံး ၁လ ခန္႔ရွိျပီ ျဖစ္ပါတယ္။ အမည္မေဖာ္လိုသူ ထိုဆယ္ေက်ာ္သက္ ခ်ာတိတ္ကို ဇန္နဝါရီလ ၁၃ရက္ေန႔မွာ လုံျခံဳေရးက ဖမ္းဆီး ခဲ့ ပါတယ္။

 ေဆးရုံဘက္မွ ထိုဆယ္ေက်ာ္သက္ ကေလးဟာ ဘယ္ေတာ့မွ လူနာေတြနဲ႔ မဆက္သြယ္ခဲ့ပါဘူး ဘယ္လူ နာေတြကိုမွလည္း သူဂရုစိုက္ကုသမႈေတြ မလုပ္ခဲ့ပါဘူးလို႔ ေျပာခဲ့ပါတယ္။ မိခင္ျဖစ္သူကေတာ့ သူမရဲ႕ သား ဟာ ေရာဂါရွိခဲ့ျပီး ေဆးေတြေသာက္သုံးေနရတာေၾကာင့္ ခုလိုလုပ္မိတာပါလို႔ မီဒီယာ တစ္ခု ကို ေျပာျပ ခဲ့ ပါတယ္။


( Beauty Syh )

#knowledge.thithtoolwin.com
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)

Ref : Mirror
,,,,,,,,,,,,,


အသက် ၁၇နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးသည် ဆရာဝန်ဝတ်စုံ ဝတ်ဆင်ကာ သူ့မျက်နှာတွင်လည်း ခွဲစိတ်ခန်း ဝင်သည့်အခါ တပ်ဆင်ရသည့် mask ကို တပ်ဆင်ထားပြီး သူ့ကိုသူ “Dr. Robinson” ဟု ပြောကာ Florida ရှိ ဆေးရုံတစ်ရုံတွင် ဆရာဝန်ဟန်ဆောင်နေခဲ့သည်မှာ ၁လ ခန့်ကြာခဲ့ပါတယ်။

West Palm ကမ်းခြေရှိ St Mary Medical Center ရှိ ဝန်ထမ်းတစ်ဦးအား လူနာတစ်ယောက်က ကလေး တစ်ယောက်က ဆရာဝန်ပုံစံဝတ်ဆင်ထားတယ်လို့ သူထင်တယ် ဆိုပြီး အရင်ဦးစွာ သတိပေး ခဲ့ပါ တယ်။  ပြင်ပ လူနာဌာနတွင် အလုပ်လုပ်သည့် Dr Sebastian Kent ၏ WSB-TV သို့ ပြောကြားချက်အရ လက်တွေ့လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ သူဟာ လူနာတစ်ယောက်အဖြစ် သရုပ်ပြလေ့ရှိပြီး Dr Robinson  ဖြစ် ပါတယ် လို့လည်း သူကိုယ်သူ မိတ်ဆက်ပေးခဲ့ပါတယ်။

 ပထမဦးဆုံး ကျွန်တော် တွေးမိတာက ဒီဆရာဝန်ငယ်လေးကို ကြည့်ပြီး ကျွန်တော့အသက်ဟာ အရမ်း ကြီးလာပြီလို့ ထင်မိပါတယ် လို့ Dr Kent ကပြောပါတယ်။ ရဲများ၏ ပြောကြားချက်အရ Dr Sebastian Kent စာမေးပွဲစစ်နေချိန်မှာ သူဟာ အခန်းထဲမှာ ရှိနေခဲ့ပါတယ်။ CCTV ကို ပြန်လည် စစ်ကြည့်ခဲ့တဲ့အခါမှာလည်း ထို ချာတိတ်ဟာ ဆေးရုံအတွင်း လှည့်လည် သွားလာနေခဲ့တာ အနည်းဆုံး ၁လ ခန့်ရှိပြီ ဖြစ်ပါတယ်။ အမည်မဖော်လိုသူ ထိုဆယ်ကျော်သက် ချာတိတ်ကို ဇန်နဝါရီလ ၁၃ရက်နေ့မှာ လုံခြုံရေးက ဖမ်းဆီး ခဲ့ ပါတယ်။

 ဆေးရုံဘက်မှ ထိုဆယ်ကျော်သက် ကလေးဟာ ဘယ်တော့မှ လူနာတွေနဲ့ မဆက်သွယ်ခဲ့ပါဘူး ဘယ်လူ နာတွေကိုမှလည်း သူဂရုစိုက်ကုသမှုတွေ မလုပ်ခဲ့ပါဘူးလို့ ပြောခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ သူမရဲ့ သား ဟာ ရောဂါရှိခဲ့ပြီး ဆေးတွေသောက်သုံးနေရတာကြောင့် ခုလိုလုပ်မိတာပါလို့ မီဒီယာ တစ်ခု ကို ပြောပြ ခဲ့ ပါတယ်။


( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Mirror
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment