ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဆိုတဲ့ အိမ်
 လော့အိန်ဂျလိစ် မြို့မှာ တည်ရှိတဲ့ ဒီ အဆင့်မြင့် လုံးချင်းအိမ်ဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ စံချိန်တင် အိမ်ခြံမြေ ဈေး တွေ အားလုံးကို ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Bel Air မြို့နယ်က တောင်ကုန်းတစ်ခုအပေါ် မှာ တည်ဆောက်ထားတဲ့ ထို အိမ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ လည်း အကြီးဆုံး အိမ်တစ်လုံး ဖြစ်နေပြီး ဈေးကွက်ထဲကို စရောက်လာကတည်းက အမေရိကန် ဒေါ်လာ သန်း ၅၀၀ ( စတာလင်ပေါင်း ၃၃၀ သန်း) တန်ဖိုးရှိနေပါတယ်။
လက်ရှိ စံချိန်တင် အိမ်ခြံမြေဈေးတွေအရ East Hamptons က လုံးချင်အိမ်တစ်လုံးကို မနှစ်က စတာလင်ပေါင် ၉၆ သန်း နဲ့ ရောင်းချခဲ့ပြီး ဗြိတိန်မှာတော့ ၂၀၁၁ ခုနှစ်က လန်ဒန် ပန့်ဟောက်စ် တစ်ခုကို စတာလင်ပေါင် ၁၄၄ သန်းနဲ့ ရောင်းချခဲ့ဖူးပါတယ်။
( Beauty Syh )
Ref : Mirror
.........
 လော့အိန်ဂျလိစ် မြို့မှာ တည်ရှိတဲ့ ဒီ အဆင့်မြင့် လုုံးချင်းအိမ်ဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ စံချိန်တင် အိမ်ခြံမြေ စျေး တွေ အားလုံးကို ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Bel Air မြို့နယ်က တောင်ကုန်းတစ်ခုအပေါ် မှာ တည်ဆောက်ထားတဲ့ ထို အိမ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ လည်း အကြီးဆုံး အိမ်တစ်လုံး ဖြစ်နေပြီး စျေးကွက်ထဲကို စရောက်လာကတည်းက အမေရိကန် ဒေါ်လာ သန်း ၅၀၀ ( စတာလင်ပေါင်း ၃၃၀ သန်း) တန်ဖိုးရှိနေပါတယ်။
ထို အိမ်ကို ဒီဇိုင်းပညာရှင် Paul McLean က ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားပြီး စုစုပေါင်းအကျယ်အဝန်း ရ၄၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။ ထို အကျယ်အဝန်းဟာ အခြား အိမ် ၃ လုံးပေါင်းတာထက် စတုရန်းပေ ၁၀၀၀၀ ကျော် ကျယ်ဝန်းနေပါသေးတယ်။
ထိုစီမံကိန်းကို ရုပ်ရှင် ပရိုဂျူဆာ ဟောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် Nile Niami  က ဦးဆောင်တည်ဆောက်နေတာဖြစ်ပြီး လ ပေါင်း ၂၀ အတွင်း Bloomberg က ဖော်ပြထားပါတယ်။
ထို အိမ်မှာ ကား ၃၀ ပါကင်ထိုးနိုင်တဲ့ ကားဂိုဒေါင်တွေ ၊ မိုနာကို စတိုင် လောင်းကစားရုံ တစ်ခု နဲ့ အိမ်ရဲ့ မာစတာ အိပ်ခန်း ရဲ့ အကျယ်ဟာ ၅၀၀၀ စတုရန်းပေကျယ်ဝန်းတယ်လို့ ဆိုထားပါတယ်။
လက်ရှိ စံချိန်တင် အိမ်ခြံမြေစျေးတွေအရ East Hamptons က လုံးချင်အိမ်တစ်လုံးကို မနှစ်က စတာလင်ပေါင် ၉၆ သန်း နဲ့ ရောင်းချခဲ့ပြီး ဗြိတိန်မှာတော့ ၂၀၁၁ ခုနှစ်က လန်ဒန် ပန့်ဟောက်စ် တစ်ခုကို စတာလင်ပေါင် ၁၄၄ သန်းနဲ့ ရောင်းချခဲ့ဖူးပါတယ်။
( Beauty Syh )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Mirror
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment