ေတာက္တဲ့အကိုက္ခံရၿပီး ျပန္ခြာမရျဖစ္ခဲ့သည့္ ထုိင္းကေလးငယ္


By DVB 17 June 2016
ထိုင္းႏိုင္ငံေျမာက္ပိုင္းမွာ ကေလးတဦး ေတာက္တဲ့ကိုင္မိရာက ေတာက္တဲ့က သူ႔ကိုျပန္ကိုက္ၿပီး ေတာ္ေတာ္နဲ႔ မခြာႏိုင္တဲ့ပံု လူမႈကြန္ရက္မွာ ပ်ံ႔ေနပါတယ္။
အဆိုပါဓာတ္ပံုကို လမ္းပန္းခ႐ုိင္ ၀မ္းေနၿမိဳ႕နယ္ ကယ္ဆယ္ေရးအဖြဲ႔က သူတို႔လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဇြန္ ၁၆ ရက္ေန႔က တင္ခဲ့တာ ျဖစ္ပါတယ္။
ထိုင္းစကားပံုမွာ ေတာက္တဲ့ဆိုတဲ့အေကာင္က တြယ္မိရင္ မိုးႀကိဳးပစ္မွ ခြာလို႔ရတယ္ဆိုတဲ့ ဆို႐ုိးစကားရွိေၾကာင္း ေရးသားထားပါတယ္။
ဓာတ္ပံု တက္လာၿပီးတဲ့ေနာက္ ေတာက္တဲ့ကိုင္ၿပီး ငိုေနတဲ့ ကေလးကို အားလံုး၀ိုင္းသနားေနၿပီး ေတာက္တဲ့ ခြြာထုတ္နည္းအမ်ိဳးမ်ိဳး ရွိပါလွ်က္နဲ႔ ကေလးကို အရင္မကယ္ဘဲ ဓာတ္ပံုသာ႐ုိက္ေနတဲ့သူကိုလည္း ျပစ္တင္ေ၀ဖန္ေနၾကပါတယ္။
ေတာက္တဲ့ အကပ္ခံရရင္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြနဲ႔ သူ႔ပါးစပ္ကို သုတ္လိမ္းရင္ လႊတ္ခ်ေၾကာင္း၊ တခ်ိဳကေတာ့ ေရနဲ႔ ေလာင္းခ်ႏုိင္ေေၾကာင္း၊ တခ်ိဳ႔ကေတာ့ ေတာက္ တဲ့ႏႈတ္ခမ္းကို လက္ညႇိဳးလက္မနဲ႔ ညႇစ္လိုက္ရင္ ကိုက္ထားတဲ့အရာကို လႊတ္လိုက္မွာျဖစ္ေၾကာင္း တေယာက္တမ်ိဳး အႀကံေပးခ်က္ေတြလည္း တက္လာပါတယ္။
ေကာ္မန္႔တခုမွာေတာ့ အဲဒီကေလးဟာ နန္႔ၿမိဳ႕နယ္ကျဖစ္ၿပီး သူငယ္ခ်င္းေတြက ေနာက္ေျပာင္က်ီစယ္ရင္း ေတာက္တဲ့ရွိေနတဲ့ သစ္ပင္ဆီတြန္းခ်ခံရတာလို႔ ျပန္ေရးပါတယ္။
ေနာက္ဆုံးမွာ လူႀကီးေတြက ေတာက္တဲ့ပါးစပ္ကို ဇြန္းနဲ႔ဟၿပီး ကေလးကို ကယ္တင္ခဲ့တယ္လို႔ ဆိုပါတယ္။
........


By DVB 17 June 2016
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ကလေးတဦး တောက်တဲ့ကိုင်မိရာက တောက်တဲ့က သူ့ကိုပြန်ကိုက်ပြီး တော်တော်နဲ့ မခွာနိုင်တဲ့ပုံ လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။
အဆိုပါဓာတ်ပုံကို လမ်းပန်းခရိုင် ၀မ်းနေမြို့နယ် ကယ်ဆယ်ရေးအဖွဲ့က သူတို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇွန် ၁၆ ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းစကားပုံမှာ တောက်တဲ့ဆိုတဲ့အကောင်က တွယ်မိရင် မိုးကြိုးပစ်မှ ခွာလို့ရတယ်ဆိုတဲ့ ဆိုရိုးစကားရှိကြောင်း ရေးသားထားပါတယ်။
ဓာတ်ပုံ တက်လာပြီးတဲ့နောက် တောက်တဲ့ကိုင်ပြီး ငိုနေတဲ့ ကလေးကို အားလုံးဝိုင်းသနားနေပြီး တောက်တဲ့ ခွွာထုတ်နည်းအမျိုးမျိုး ရှိပါလျှက်နဲ့ ကလေးကို အရင်မကယ်ဘဲ ဓာတ်ပုံသာရိုက်နေတဲ့သူကိုလည်း ပြစ်တင်ဝေဖန်နေကြပါတယ်။
တောက်တဲ့ အကပ်ခံရရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေနဲ့ သူ့ပါးစပ်ကို သုတ်လိမ်းရင် လွှတ်ချကြောင်း၊ တချိုကတော့ ရေနဲ့ လောင်းချနိုင်ေကြောင်း၊ တချို့ကတော့ တောက် တဲ့နှုတ်ခမ်းကို လက်ညှိုးလက်မနဲ့ ညှစ်လိုက်ရင် ကိုက်ထားတဲ့အရာကို လွှတ်လိုက်မှာဖြစ်ကြောင်း တယောက်တမျိုး အကြံပေးချက်တွေလည်း တက်လာပါတယ်။
ကော်မန့်တခုမှာတော့ အဲဒီကလေးဟာ နန့်မြို့နယ်ကဖြစ်ပြီး သူငယ်ချင်းတွေက နောက်ပြောင်ကျီစယ်ရင်း တောက်တဲ့ရှိနေတဲ့ သစ်ပင်ဆီတွန်းချခံရတာလို့ ပြန်ရေးပါတယ်။
နောက်ဆုံးမှာ လူကြီးတွေက တောက်တဲ့ပါးစပ်ကို ဇွန်းနဲ့ဟပြီး ကလေးကို ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment