အရပ္ရွည္ခ်င္လြန္းလုိ႔ငါးႏွစ္ေလာက္ အသားအနာခံခဲ့တဲ့မိန္းမပ်ိဳ




By netsetaw - June 16, 2016

hypochondroplasia ေရာဂါေၾကာင့္ လူတစ္ေယာက္ရဲ႕ ပုံမွန္အသက္အရြယ္မွာ ရွိသင့္တဲ့အရြယ္အစားနဲ႔ အရပ္အေမာင္းထက္ ေသးပုေနတဲ့ဘ၀နဲ႔ ျဖတ္သန္းေနရတဲ့ Sanika အမည္ရ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕ ေရာဂါကုိကုသဖုိ႔အတြက္ အလြန္နာၾကင္ခဲ့ရမႈကို သည္းခံကာ အလြန္ျပင္းထန္တဲ့ ကုသနည္းေအာက္မွာ ငါးႏွစ္ေလာက္ အခ်ိန္ကုန္ခဲ့ရတယ္လုိ႔ သိရပါတယ္။ သူမဟာ ေက်ာင္းေနစဥ္အရြယ္မွာ အရြယ္အစားပုပုေသးေသးေလးမုိ႔ အတန္းေဖာ္ေတြက ‘mini-me’ လုိ႔ ေခၚျခင္းကို ခံခဲ့ရၿပီး ေက်ာင္းသြားရမွာေတာင္ ရွက္ေၾကာက္ခဲ့ရတယ္လုိ႔ သိရပါတယ္။


သူမဟာ အရပ္ရွည္ဖုိ႔ကို စိတ္အားထက္သန္ေနခဲ့ၿပီး အတန္းထဲမွာ အခ်ိဳ႕မိန္းကေလးေတြဟာ သူမထက္ အစေပါင္းမ်ားစြာ အရပ္ရွည္ေနခဲ့လုိ႔ အရပ္ရွည္ဖုိ႔ဆုိ ဘာကုိပဲလုပ္ရလုပ္ရလုိ႔ စိတ္ပုိင္းျဖတ္ခဲ့တယ္လုိ႔ သိရပါတယ္။ Sanika ရဲ႕ အရပ္ဟာ 3.5 လက္မသာ ရွိၿပီး အသက္(19)ႏွစ္မတုိင္မီကတည္းက hypochondroplasia ဆုိတဲ့ ေရာဂါကုိ ခံစားခဲ့ရပါတယ္။ အဲဒီေရာဂါဟာ သာမန္ထက္ အ႐ုိးအဆစ္ေတြတုိတဲ့ ေရာဂါျဖစ္ပါတယ္။ အရပ္ရွည္ဖုိ႔ စိတ္အားထက္သန္ေနတဲ့ Sanika ဟာ  Leeds General Infirmary က ပါရဂူႀကီးနဲ႔ တုိင္ပင္ခဲ့ပါတယ္။ ပါရဂူႀကီးရဲ႕ အေျဖကေတာ့ ေျခေထာက္ရွည္ဖုိ႔အတြက္ ခြဲစိပ္ကုသမႈ လုပ္ရမွာ ျဖစ္ၿပီး ေပါင္ 8000 ကုန္က်မယ္လုိ႔ ဆုိပါတယ္။ Sanika က ” ပါရဂူႀကီးဟာ အရပ္ရွည္ဖုိ႔အတြက္ဆုိရင္ ေျခေထာက္အ႐ုိးေတြကို ခ်ိဳးပစ္ဖုိ႔ လုိအပ္ၿပီး … အ႐ုိးအစားထုိးခြဲစိပ္ထည့္ရမွာ ျဖစ္ေၾကာင္း၊ မေတာ္တဆမႈနဲ႔ အ႐ုိးက်ိဳးခဲ့သူေတြဟာလည္း ဒီနည္းနဲ႔ က်ဳိးတဲ့ေျခလက္ဟာ အျခားတစ္ခုထက္ ပုိရွည္ျခင္းျဖစ္ေၾကာင္း၊ ဒီကုသနည္းကုိ သုံးမယ္ဆုိရင္ မခံမရပ္ႏုိင္ေအာင္ နာက်င္ရမွာျဖစ္ၿပီး၊ အိပ္ယာထဲမွာ လဲေနရမွာျဖစ္ေၾကာင္း အသိေပးခဲ့ပါတယ္ … ကၽြန္မ အဲဒါကုိ လုပ္ဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္ ” လုိ႔ သူမက ဖြင့္ဟခဲ့ပါတယ္။

သူမဟာ ေလးႏွစ္ေက်ာ္ငါးႏွစ္အတြင္း ေျခေထာက္အ႐ုိးကုိ ခ်ိဳးကာ ၾကပ္စည္းခဲ့ရတဲ့ ဒဏ္ရာေတြေၾကာင့္ ေျခေထာက္အေရျပားေပၚမွာ အမာရြတ္ေတြ၊ အ႐ိႈးရာေတြ ဒါဇင္နဲ႔ခ်ီၿပီး တင္က်န္ရစ္ခဲ့ရပါတယ္။ 2010 ခုႏွစ္ ႏုိ၀င္ဘာလမွာ ရွစ္နာရီၾကာ ခြဲစိပ္မႈ ခံယူခဲ့ၿပီး 2014 ခုႏွစ္ ဧၿပီလမွာ ၾကပ္စည္းထားတဲ့ ကိရိယာေတြကုိ ဖယ္ရွားႏုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူမရဲ႕ ပုံစံဟာ ေျခေထာက္ေတြက အနည္းငယ္ သိသိသာသာ ပုိၿပီးရွည္လွ်ားေနခဲ့ပါတယ္။ အဲဒီအတြက္လည္း သူမက စိတ္ထဲမွာ စႏုိးစေနာင့္ မျဖစ္ဘူးလုိ႔လည္း ဆုိပါတယ္။ သူမဟာ လက္ရွိ သူမရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး ေက်နပ္လွ်က္ ရွိကာ ခံစားခ်က္ကုိလည္း ထုတ္ေဖာ္ခဲ့ပါတယ္။ သူမက ” အခုအခ်ိန္မွာေတာ့ ကၽြန္မ အြန္လုိင္းေပၚမွာ ေကာင္ေလးတစ္ေယာက္ေယာက္နဲ႔ခ်ိန္းေတြဖုိ႔ အဆင္သင့္ျဖစ္ေနပါၿပီ … ကၽြန္မဘ၀မွာေတာ့ ဒီအျဖစ္အပ်က္ဟာ အေကာင္းဆုံးပါဘဲ …တစ္ေန႔ေန႔မွာ ကၽြန္မလည္း တစ္ျခားအမ်ိဳးသမီးေတြလုိ ေဒါက္ျမင့္ဖိနပ္ လွလွေလး ၀တ္ဆင္ႏုိင္မွာပါ  ” လုိ႔ ဆုိခဲ့ပါတယ္။

source : mirror.co.uk

..........................................

အရပ်ရှည်ချင်လွန်းလို့ငါးနှစ်လောက် အသားအနာခံခဲ့တဲ့မိန်းမပျို
By netsetaw - June 16, 2016

hypochondroplasia ရောဂါကြောင့် လူတစ်ယောက်ရဲ့ ပုံမှန်အသက်အရွယ်မှာ ရှိသင့်တဲ့အရွယ်အစားနဲ့ အရပ်အမောင်းထက် သေးပုနေတဲ့ဘဝနဲ့ ဖြတ်သန်းနေရတဲ့ Sanika အမည်ရ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ရောဂါကိုကုသဖို့အတွက် အလွန်နာကြင်ခဲ့ရမှုကို သည်းခံကာ အလွန်ပြင်းထန်တဲ့ ကုသနည်းအောက်မှာ ငါးနှစ်လောက် အချိန်ကုန်ခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ ကျောင်းနေစဉ်အရွယ်မှာ အရွယ်အစားပုပုသေးသေးလေးမို့ အတန်းဖော်တွေက ‘mini-me’ လို့ ခေါ်ခြင်းကို ခံခဲ့ရပြီး ကျောင်းသွားရမှာတောင် ရှက်ကြောက်ခဲ့ရတယ်လို့ သိရပါတယ်။


သူမဟာ အရပ်ရှည်ဖို့ကို စိတ်အားထက်သန်နေခဲ့ပြီး အတန်းထဲမှာ အချို့မိန်းကလေးတွေဟာ သူမထက် အစပေါင်းများစွာ အရပ်ရှည်နေခဲ့လို့ အရပ်ရှည်ဖို့ဆို ဘာကိုပဲလုပ်ရလုပ်ရလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်လို့ သိရပါတယ်။ Sanika ရဲ့ အရပ်ဟာ 3.5 လက်မသာ ရှိပြီး အသက်(19)နှစ်မတိုင်မီကတည်းက hypochondroplasia ဆိုတဲ့ ရောဂါကို ခံစားခဲ့ရပါတယ်။ အဲဒီရောဂါဟာ သာမန်ထက် အရိုးအဆစ်တွေတိုတဲ့ ရောဂါဖြစ်ပါတယ်။ အရပ်ရှည်ဖို့ စိတ်အားထက်သန်နေတဲ့ Sanika ဟာ  Leeds General Infirmary က ပါရဂူကြီးနဲ့ တိုင်ပင်ခဲ့ပါတယ်။ ပါရဂူကြီးရဲ့ အဖြေကတော့ ခြေထောက်ရှည်ဖို့အတွက် ခွဲစိပ်ကုသမှု လုပ်ရမှာ ဖြစ်ပြီး ပေါင် 8000 ကုန်ကျမယ်လို့ ဆိုပါတယ်။ Sanika က ” ပါရဂူကြီးဟာ အရပ်ရှည်ဖို့အတွက်ဆိုရင် ခြေထောက်အရိုးတွေကို ချိုးပစ်ဖို့ လိုအပ်ပြီး … အရိုးအစားထိုးခွဲစိပ်ထည့်ရမှာ ဖြစ်ကြောင်း၊ မတော်တဆမှုနဲ့ အရိုးကျိုးခဲ့သူတွေဟာလည်း ဒီနည်းနဲ့ ကျိုးတဲ့ခြေလက်ဟာ အခြားတစ်ခုထက် ပိုရှည်ခြင်းဖြစ်ကြောင်း၊ ဒီကုသနည်းကို သုံးမယ်ဆိုရင် မခံမရပ်နိုင်အောင် နာကျင်ရမှာဖြစ်ပြီး၊ အိပ်ယာထဲမှာ လဲနေရမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ် … ကျွန်မ အဲဒါကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

သူမဟာ လေးနှစ်ကျော်ငါးနှစ်အတွင်း ခြေထောက်အရိုးကို ချိုးကာ ကြပ်စည်းခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် ခြေထောက်အရေပြားပေါ်မှာ အမာရွတ်တွေ၊ အရှိုးရာတွေ ဒါဇင်နဲ့ချီပြီး တင်ကျန်ရစ်ခဲ့ရပါတယ်။ 2010 ခုနှစ် နို၀င်ဘာလမှာ ရှစ်နာရီကြာ ခွဲစိပ်မှု ခံယူခဲ့ပြီး 2014 ခုနှစ် ဧပြီလမှာ ကြပ်စည်းထားတဲ့ ကိရိယာတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ ပုံစံဟာ ခြေထောက်တွေက အနည်းငယ် သိသိသာသာ ပိုပြီးရှည်လျှားနေခဲ့ပါတယ်။ အဲဒီအတွက်လည်း သူမက စိတ်ထဲမှာ စနိုးစနောင့် မဖြစ်ဘူးလို့လည်း ဆိုပါတယ်။ သူမဟာ လက်ရှိ သူမရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျေနပ်လျှက် ရှိကာ ခံစားချက်ကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ သူမက ” အခုအချိန်မှာတော့ ကျွန်မ အွန်လိုင်းပေါ်မှာ ကောင်လေးတစ်ယောက်ယောက်နဲ့ချိန်းတွေဖို့ အဆင်သင့်ဖြစ်နေပါပြီ … ကျွန်မဘဝမှာတော့ ဒီအဖြစ်အပျက်ဟာ အကောင်းဆုံးပါဘဲ …တစ်နေ့နေ့မှာ ကျွန်မလည်း တစ်ခြားအမျိုးသမီးတွေလို ဒေါက်မြင့်ဖိနပ် လှလှလေး ၀တ်ဆင်နိုင်မှာပါ  ” လို့ ဆိုခဲ့ပါတယ်။

source : mirror.co.uk
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment