လမ္းေလွ်ာက္တတ္ခါစ ကေလး ၅ ႏွစ္တုိင္တိုင္ အဝတ္ဗီရုိထဲ ေသာ့ပိတ္ အဓမၼျပဳခံရ

ကေလးတစ္ေယာက္ကို မိဘအရင္းခ်ာမ်ားမွ သူတို႔ အာသီသေျဖစရာ လိင္ကြ်န္အျဖစ္ အသုံးခ်ႏုိင္ဖုိ႕အတြက္ အဝတ္ဘီရုိထဲမွာ ၅ ႏွစ္လုံးလုံး ေသာ့ပိတ္ခ်ဳပ္ထားခဲ့ပါတယ္။ Lauren Kavanaugh ဟာ ထမင္းစားခြင့္မရိွ၊ ႏွိပ္စက္ညွဥ္းဆဲခံရျပီး သူမ မိခင္နဲ႔ ပေထြးတို႔ရဲ႕ မုဒိမ္းျပဳက်င့္မႈ ညစဥ္ညတုိင္း ခံစားခဲ့ရပါတယ္။

Austria ႏုိင္ငံရဲ႕ လိင္မိစာၦေကာင္ Josef Fritzel ဆိုသူ က်င့္သုံးတဲ့ ႏွိပ္စက္မႈနဲ႔ တစ္ပုံစံတည္း Lauren ရဲ႕ ငယ္ဘဝဟာ ၃ ႏွစ္အရြယ္စက ၄ေပ ၉ေပ ရိွ အဝတ္ဗီရုိတစ္ခုထဲ အက်ဥ္းခ်ခံခဲ့ျပီး ညီကိုယ္ေမာင္ႏွမေတြ၊ ျပင္ပကမာၻနဲ႔ အဆက္ျဖတ္ခံခဲ့ရပါတယ္။ သူမ အသက္ ၈ ႏွစ္အရြယ္မွာ ဗီရုိေလးထဲကေန အျပင္ေခၚထုတ္ခံရခ်ိန္မွာေတာ့ သူမကိုယ္အေလးခ်ိန္ဟာ ၂ ႏွစ္အရြယ္ကေလးပမာ ၂၅.၆ ေပါင္သာ ရိွေနခဲ့ပါတယ္။

ကေလးေတြေပၚ ကာမစိတ္တိမ္းညြတ္မႈရိွတဲ့ ယင္းမိစာၦေတြက Lauren ကို "little secret" လုိ႔ ေခၚဆိုခဲ့ပါတယ္။ သူမကို မုဒိမ္းက်င့္၊ ညွဥ္းပန္းႏွိပ္စက္ဖု႔ိအတြက္သာ အျပင္ထုတ္ၾကတာပါ။ ဒါေပမယ့္ သူတုိ႔ကို ရိတ္မိတဲ့ အိမ္နီးနားခ်င္းေတြကေန ရဲတပ္ဖြ႔ဲကို အသိေပးတဲ့အခါ ဖမ္းမိခဲ့ပါတယ္။ ေနာက္ သူမကို အျမန္ဆုံး ခြဲစိတ္ကုသမႈ ခံယူေစခဲ့ပါတယ္။

အခုအခ်ိန္မွာ အသက္ ၂၁ အရြယ္ ေက်ာင္းသူေလးဘဝေရာက္ေနျပီျဖစ္တဲ့ Lauren ဟာ တျခား လိင္အလြဲသုံးစားမႈကေန လြတ္ေျမာက္ႏုိင္ေအာင္ သူမရဲ႕ တုန္လႈပ္ေျခာက္ျခားဖြယ္ အေတြ႔အၾကဳံကို ရဲရဲတင္းတင္းေျပာဆိုလ်က္ရိွပါတယ္။ေနာက္ပုိင္းမွာ ဗီရိုထဲကေန ဆြဲထုတ္မုဒိမ္းက်င့္ခံတဲ့အေၾကာင္း Lauren ျပန္လည္ေျပာျပခဲ့ပါတယ္။ အဲဒီတုန္းက သူမ ၃ ႏွစ္အရြယ္သာရိွခဲ့တယ္။ ေရမရိွ၊ စားစရာလည္းမရိွ အေမွာင္ထုသာ ရိွတယ္။

သူတုိ႔ ကြ်န္မငုိသံ ဖုံးကြယ္ဖုိ႔ ကန္းထရီးသီခ်င္းေတြ က်ယ္ေလာင္စြာ ဖြင့္ထားတယ္။ အခ်ိန္ၾကာၾကီး ႏွိပ္စက္ျပီးေနာက္ ဗီရုိထဲ ျပန္သြင္းခံရျပီး နာက်င္မႈဒဏ္လူးလိမ့္ေအာင္ ခံစားရပါတယ္။ အေမွာင္ထဲမွာ ဘာမွလုပ္လုိ႔မရဘူး။ အဲဒီမွာပဲအိပ္၊ အဲဒီမွာပဲ အိမ္သာတက္ရပါတယ္။ ေကာ္ေဇာဆုိ စုိရြဲျပီး စုိေနတဲ့ေစာင္ခင္းပါးပါးေလးတစ္ခုပဲ ျခဳံအိပ္ရတယ္လုိ႔ သူမျပန္ေျပာပါတယ္။

Lauren ဟာ ေဆးလိပ္နဲ႔ မီးတုိ႔ ညွဥ္းဆဲ ခံခဲ့ရပါေသးတယ္။ တစ္ရက္မျခား အေတာမသတ္ႏုိင္ေအာင္ နာက်င္မႈေဝဒနာခံစားေနခ်ိန္မွာ ႏိွပ္စက္မႈမခံရတဲ့ အကုိအမေတြ အျပင္ဘက္မွာ ရယ္ေမာျပီး ကစားေနၾကတာ သူမၾကားရပါတယ္။ဆာေလာင္မႈေၾကာင့္ အားအင္ခ်ိနဲ႔ျပီး အတုတ္အေႏွာင္ခံရလုိ႔လည္း ျပန္မခုခံႏုိင္ခဲ့ပါဘူး။ ဗီရုိထဲ ရိွတဲ့ဟာကိုပဲ စားခြင့္ သူမရရိွခဲ့ပါတယ္။ ႏွိပ္စက္ခံရဖုိ႔အတြက္သာ သူမ အျပင္ထြက္ခြင့္ရခဲ့ပါတယ္။

၂၀၀၁ မွာ ကယ္ထုတ္ခံရျပီးေနာက္ သူမကို Lauren Sabrina နဲ႔ Bill Kavanaugh ေမြးစားခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာ သူမဟာ အရုပ္ေတြနဲ႔ ဘယ္လုိကစားရမယ္ဆုိတာေတာင္ မသိခဲ့ပါဘူး။ ျမက္ပင္ကို ပထမဆုံး ေတြ႔တဲ့အခ်ိန္မွာ ကြ်န္မ ၈ ႏွစ္အရြယ္ရိွျပီး ျမက္ပင္ေတြက ေျခေထာက္ကို စူးေနသလုိ ခံစားရတယ္လုိ႔ သူမက ဆုိပါတယ္။ ေရခ်ဳိးေပးတဲ့အခ်ိန္မွာ "ေရနစ္မသတ္ၾကနဲ႔" လုိ႔ ေအာ္ဟစ္ခဲ့တယ္လုိ႔လည္း သိရပါတယ္။

Lauren ဟာ ေက်ာင္းျပန္တက္ျပီး စာေမးပြဲေတြ ေအာင္ျမင္စြာ ျဖတ္သန္းႏုိင္ခဲ့ပါတယ္။ အခုခ်ိန္မွာ သူမ လိင္ကိစၥရဲ႕သားေကာင္ျဖစ္သြားၾကသူေတြကို အကူအညီေပးလ်က္ရိွျပီး ေကာလိပ္ေက်ာင္းမွာ စိတ္ပညာ သင္ၾကားေလ့လာေနပါတယ္။ ေနာက္ႏွစ္ တကၠသိုလ္ဆက္တက္ရန္ စီစဥ္ထားပါတယ္။ ကြ်န္မ စိတ္ကူးအိပ္မက္က အရည္အခ်င္းရိွတဲ့ အတုိင္ပင္ခံပုဂၢဳိလ္တစ္ဦး ျဖစ္ဖုိ႔ပါပဲလုိ႔႔ သူမက ေျပာဆုိခဲ့ပါတယ္။

သူမ မိခင္ Barbara Atkinson နဲ႔ ပေထြး Kenny Atkinson တုိ႔မွာ Lauren ကို မတရားျပဳက်င့္မႈေၾကာင့္ ၂၀၀၂ ခုႏွစ္မွာ အျပစ္ဒဏ္ခ်မွတ္ျပီး တစ္သက္တစ္ကြ်န္းေထာင္ဒဏ္ က်ခံခဲ့ရပါတယ္။ ၂၀၃၁ ခုႏွစ္ထိ လြတ္လမ္းမရိွေၾကာင္း သိရပါတယ္။
TrendMyanmar
.........

ကလေးတစ်ယောက်ကို မိဘအရင်းချာများမှ သူတို့ အာသီသဖြေစရာ လိင်ကျွန်အဖြစ် အသုံးချနိုင်ဖို့အတွက် အဝတ်ဘီရိုထဲမှာ ၅ နှစ်လုံးလုံး သော့ပိတ်ချုပ်ထားခဲ့ပါတယ်။ Lauren Kavanaugh ဟာ ထမင်းစားခွင့်မရှိ၊ နှိပ်စက်ညှဉ်းဆဲခံရပြီး သူမ မိခင်နဲ့ ပထွေးတို့ရဲ့ မုဒိမ်းပြုကျင့်မှု ညစဉ်ညတိုင်း ခံစားခဲ့ရပါတယ်။


Austria နိုင်ငံရဲ့ လိင်မိစ္ဆာကောင် Josef Fritzel ဆိုသူ ကျင့်သုံးတဲ့ နှိပ်စက်မှုနဲ့ တစ်ပုံစံတည်း Lauren ရဲ့ ငယ်ဘဝဟာ ၃ နှစ်အရွယ်စက ၄ပေ ၉ပေ ရှိ အဝတ်ဗီရိုတစ်ခုထဲ အကျဉ်းချခံခဲ့ပြီး ညီကိုယ်မောင်နှမတွေ၊ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရပါတယ်။ သူမ အသက် ၈ နှစ်အရွယ်မှာ ဗီရိုလေးထဲကနေ အပြင်ခေါ်ထုတ်ခံရချိန်မှာတော့ သူမကိုယ်အလေးချိန်ဟာ ၂ နှစ်အရွယ်ကလေးပမာ ၂၅.၆ ပေါင်သာ ရှိနေခဲ့ပါတယ်။

ကလေးတွေပေါ် ကာမစိတ်တိမ်းညွတ်မှုရှိတဲ့ ယင်းမိစ္ဆာတွေက Lauren ကို "little secret" လို့ ခေါ်ဆိုခဲ့ပါတယ်။ သူမကို မုဒိမ်းကျင့်၊ ညှဉ်းပန်းနှိပ်စက်ဖို့အတွက်သာ အပြင်ထုတ်ကြတာပါ။ ဒါပေမယ့် သူတို့ကို ရိတ်မိတဲ့ အိမ်နီးနားချင်းတွေကနေ ရဲတပ်ဖွဲ့ကို အသိပေးတဲ့အခါ ဖမ်းမိခဲ့ပါတယ်။ နောက် သူမကို အမြန်ဆုံး ခွဲစိတ်ကုသမှု ခံယူစေခဲ့ပါတယ်။

အခုအချိန်မှာ အသက် ၂၁ အရွယ် ကျောင်းသူလေးဘဝရောက်နေပြီဖြစ်တဲ့ Lauren ဟာ တခြား လိင်အလွဲသုံးစားမှုကနေ လွတ်မြောက်နိုင်အောင် သူမရဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အတွေ့အကြုံကို ရဲရဲတင်းတင်းပြောဆိုလျက်ရှိပါတယ်။နောက်ပိုင်းမှာ ဗီရိုထဲကနေ ဆွဲထုတ်မုဒိမ်းကျင့်ခံတဲ့အကြောင်း Lauren ပြန်လည်ပြောပြခဲ့ပါတယ်။ အဲဒီတုန်းက သူမ ၃ နှစ်အရွယ်သာရှိခဲ့တယ်။ ရေမရှိ၊ စားစရာလည်းမရှိ အမှောင်ထုသာ ရှိတယ်။

သူတို့ ကျွန်မငိုသံ ဖုံးကွယ်ဖို့ ကန်းထရီးသီချင်းတွေ ကျယ်လောင်စွာ ဖွင့်ထားတယ်။ အချိန်ကြာကြီး နှိပ်စက်ပြီးနောက် ဗီရိုထဲ ပြန်သွင်းခံရပြီး နာကျင်မှုဒဏ်လူးလိမ့်အောင် ခံစားရပါတယ်။ အမှောင်ထဲမှာ ဘာမှလုပ်လို့မရဘူး။ အဲဒီမှာပဲအိပ်၊ အဲဒီမှာပဲ အိမ်သာတက်ရပါတယ်။ ကော်ဇောဆို စိုရွဲပြီး စိုနေတဲ့စောင်ခင်းပါးပါးလေးတစ်ခုပဲ ခြုံအိပ်ရတယ်လို့ သူမပြန်ပြောပါတယ်။

Lauren ဟာ ဆေးလိပ်နဲ့ မီးတို့ ညှဉ်းဆဲ ခံခဲ့ရပါသေးတယ်။ တစ်ရက်မခြား အတောမသတ်နိုင်အောင် နာကျင်မှုဝေဒနာခံစားနေချိန်မှာ နှိပ်စက်မှုမခံရတဲ့ အကိုအမတွေ အပြင်ဘက်မှာ ရယ်မောပြီး ကစားနေကြတာ သူမကြားရပါတယ်။ဆာလောင်မှုကြောင့် အားအင်ချိနဲ့ပြီး အတုတ်အနှောင်ခံရလို့လည်း ပြန်မခုခံနိုင်ခဲ့ပါဘူး။ ဗီရိုထဲ ရှိတဲ့ဟာကိုပဲ စားခွင့် သူမရရှိခဲ့ပါတယ်။ နှိပ်စက်ခံရဖို့အတွက်သာ သူမ အပြင်ထွက်ခွင့်ရခဲ့ပါတယ်။

၂၀၀၁ မှာ ကယ်ထုတ်ခံရပြီးနောက် သူမကို Lauren Sabrina နဲ့ Bill Kavanaugh မွေးစားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ သူမဟာ အရုပ်တွေနဲ့ ဘယ်လိုကစားရမယ်ဆိုတာတောင် မသိခဲ့ပါဘူး။ မြက်ပင်ကို ပထမဆုံး တွေ့တဲ့အချိန်မှာ ကျွန်မ ၈ နှစ်အရွယ်ရှိပြီး မြက်ပင်တွေက ခြေထောက်ကို စူးနေသလို ခံစားရတယ်လို့ သူမက ဆိုပါတယ်။ ရေချိုးပေးတဲ့အချိန်မှာ "ရေနစ်မသတ်ကြနဲ့" လို့ အော်ဟစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Lauren ဟာ ကျောင်းပြန်တက်ပြီး စာမေးပွဲတွေ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အခုချိန်မှာ သူမ လိင်ကိစ္စရဲ့သားကောင်ဖြစ်သွားကြသူတွေကို အကူအညီပေးလျက်ရှိပြီး ကောလိပ်ကျောင်းမှာ စိတ်ပညာ သင်ကြားလေ့လာနေပါတယ်။ နောက်နှစ် တက္ကသိုလ်ဆက်တက်ရန် စီစဉ်ထားပါတယ်။ ကျွန်မ စိတ်ကူးအိပ်မက်က အရည်အချင်းရှိတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်ဖို့ပါပဲလို့့ သူမက ပြောဆိုခဲ့ပါတယ်။

သူမ မိခင် Barbara Atkinson နဲ့ ပထွေး Kenny Atkinson တို့မှာ Lauren ကို မတရားပြုကျင့်မှုကြောင့် ၂၀၀၂ ခုနှစ်မှာ အပြစ်ဒဏ်ချမှတ်ပြီး တစ်သက်တစ်ကျွန်းထောင်ဒဏ် ကျခံခဲ့ရပါတယ်။ ၂၀၃၁ ခုနှစ်ထိ လွတ်လမ်းမရှိကြောင်း သိရပါတယ်။
TrendMyanmar
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment