မအိပ္မေန အလုပ္လုပ္သူမ်ား ဦးေႏွာက္ရင့္ေရာ္မႈ ျမန္ဆန္လာ


သဘာဝအတိုင္း အိပ္စက္ခ်ိန္တြင္ မအိပ္မေန အလုပ္လုပ္ ကိုင္သူမ်ားတြင္ အခ်ိန္ မတုိင္မီ ဦးေႏွာက္ အိုမင္းရင့္ေရာ္မႈ ျဖစ္ပြားႏိုင္ၿပီး ဉာဏ္ကိုလည္း ထိုင္းမိႈင္း ေစႏိုင္ေၾကာင္း သိပၸံပညာရွင္ မ်ားက သတိေပး လိုက္ၿပီး ၁ဝ ႏွစ္ခန္႔ အိပ္ေရးပ်က္ခံ အလုပ္လုပ္ သူမ်ား၏ ဦးေႏွာက္သည္ ေျခာက္ႏွစ္စာ ထက္မနည္း အိုမင္း ရင့္ေရာ္ႏိုင္ၿပီး ဦးေႏွာက္ ပံုမွန္ ျပန္ျဖစ္ရန္ ငါးႏွစ္ခန္႔ ျပန္အိပ္ရန္ လိုအပ္ေၾကာင္း သိရသည္။

မွတ္ဉာဏ္ ေပ်ာက္ဆံုးျခင္းကို ခံစားရေလ့ ရွိေသာ သက္ႀကီး ရြယ္အိုမ်ား သည္လည္း အိပ္မရသည့္ ေဝဒနာကို ခံစားရေလ့ ရွိေသာေၾကာင့္ အထက္ ေဖာ္ျပပါ အတိုင္း ဦးေႏွာက္ကို ထိခိုက္ ႏိုင္သည္ဟု ကြၽမ္းက်င္သူ မ်ားက ဆိုသည္။ ခႏၶာ ကိုယ္တြင္း ဇီဝနာရီ မ်ားက လူကို ေန႔ အခ်ိန္တြင္ လႈပ္ရွားေစၿပီး ညအခ်ိန္တြင္ အိပ္စက္ ေစရာဝယ္ ဤ သဘာဝ ျဖစ္စဥ္ကို ဆန္႔က်င္ပါလွ်င္ ရင္သားကင္ဆာ၊ အဝလြန္ ေရာဂါႏွင့္ အျခား ေရာဂါမ်ဳိးစံုကို မျဖစ္ ျဖစ္ေအာင္ ညႇိဳ႕ယူ ေနသည္ႏွင့္ တူေနမည္ ျဖစ္သည္။

ဦးေႏွာက္သည္ အသက္ ရလာသည္ႏွင့္ အမွ် သဘာဝ အတိုင္း အိုမင္း ရင့္ေရာ္မည္ ျဖစ္ေသာ္လည္း ညအခ်ိန္ အိပ္ေရး ပ်က္ခံျခင္း အခ်ိန္ၾကာ လာသည္ႏွင့္ အမွ် ၁ဝ ႏွစ္ခန္႔ ဆက္တိုက္ အိပ္စက္ခ်ိန္ မမွန္သူ မ်ားသည္ ၄င္းတို႔ထက္ အသက္ ေျခာက္ႏွစ္ခြဲ ခန္႔ ပိုႀကီးသူမ်ား ႏွင့္ ဦးေႏွာက္ အိုမင္းမႈျခင္း တူညီေနတတ္ သည္ကို ျပင္သစ္ သိပၸံပညာရွင္ မ်ားက လူေပါင္း သံုးေထာင္ေက်ာ္ တို႔၏ မွတ္ဉာဏ္၊ စဥ္းစားေတြးေခၚ ႏိုင္စြမ္း၊ သင္ယူႏိုင္စြမ္း တို႔ကို စိစစ္ေလ့လာ အတည္ျပဳ ခဲ့ျခင္း ျဖစ္သည္။

သို႔ျဖစ္၍ သဘာဝတရား ကို လြန္ဆန္ျခင္း မျပဳေသာ ေန႔ပိုင္း အလုပ္လုပ္ျခင္း ကိုသာ ဦးစားေပး သင့္ၿပီး ညအိပ္ေရး ပ်က္သည့္ အတြက္ ေန႔လယ္ပိုင္းတြင္ အစားထိုး အိပ္စက္ျခင္း၊ ညအလုပ္ခ်ိန္ အတြင္း ႀကိဳးၾကား ႀကိဳးၾကား အိပ္စက္ေပးျခင္း တို႔သည္ ဦးေႏွာက္ က်န္းမာေရးကို အေထာက္အကူ ျပဳမည္ မဟုတ္ေၾကာင္း သိရသည္။



( Beauty Syh )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Mirror
.......

သဘာဝအတိုင်း အိပ်စက်ချိန်တွင် မအိပ်မနေ အလုပ်လုပ် ကိုင်သူများတွင် အချိန် မတိုင်မီ ဦးနှောက် အိုမင်းရင့်ရော်မှု ဖြစ်ပွားနိုင်ပြီး ဉာဏ်ကိုလည်း ထိုင်းမှိုင်း စေနိုင်ကြောင်း သိပ္ပံပညာရှင် များက သတိပေး လိုက်ပြီး ၁ဝ နှစ်ခန့် အိပ်ရေးပျက်ခံ အလုပ်လုပ် သူများ၏ ဦးနှောက်သည် ခြောက်နှစ်စာ ထက်မနည်း အိုမင်း ရင့်ရော်နိုင်ပြီး ဦးနှောက် ပုံမှန် ပြန်ဖြစ်ရန် ငါးနှစ်ခန့် ပြန်အိပ်ရန် လိုအပ်ကြောင်း သိရသည်။

မှတ်ဉာဏ် ပျောက်ဆုံးခြင်းကို ခံစားရလေ့ ရှိသော သက်ကြီး ရွယ်အိုများ သည်လည်း အိပ်မရသည့် ဝေဒနာကို ခံစားရလေ့ ရှိသောကြောင့် အထက် ဖော်ပြပါ အတိုင်း ဦးနှောက်ကို ထိခိုက် နိုင်သည်ဟု ကျွမ်းကျင်သူ များက ဆိုသည်။ ခန္ဓာ ကိုယ်တွင်း ဇီဝနာရီ များက လူကို နေ့ အချိန်တွင် လှုပ်ရှားစေပြီး ညအချိန်တွင် အိပ်စက် စေရာဝယ် ဤ သဘာဝ ဖြစ်စဉ်ကို ဆန့်ကျင်ပါလျှင် ရင်သားကင်ဆာ၊ အဝလွန် ရောဂါနှင့် အခြား ရောဂါမျိုးစုံကို မဖြစ် ဖြစ်အောင် ညှို့ယူ နေသည်နှင့် တူနေမည် ဖြစ်သည်။

ဦးနှောက်သည် အသက် ရလာသည်နှင့် အမျှ သဘာဝ အတိုင်း အိုမင်း ရင့်ရော်မည် ဖြစ်သော်လည်း ညအချိန် အိပ်ရေး ပျက်ခံခြင်း အချိန်ကြာ လာသည်နှင့် အမျှ ၁ဝ နှစ်ခန့် ဆက်တိုက် အိပ်စက်ချိန် မမှန်သူ များသည် ၄င်းတို့ထက် အသက် ခြောက်နှစ်ခွဲ ခန့် ပိုကြီးသူများ နှင့် ဦးနှောက် အိုမင်းမှုခြင်း တူညီနေတတ် သည်ကို ပြင်သစ် သိပ္ပံပညာရှင် များက လူပေါင်း သုံးထောင်ကျော် တို့၏ မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ် နိုင်စွမ်း၊ သင်ယူနိုင်စွမ်း တို့ကို စိစစ်လေ့လာ အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ သဘာဝတရား ကို လွန်ဆန်ခြင်း မပြုသော နေ့ပိုင်း အလုပ်လုပ်ခြင်း ကိုသာ ဦးစားပေး သင့်ပြီး ညအိပ်ရေး ပျက်သည့် အတွက် နေ့လယ်ပိုင်းတွင် အစားထိုး အိပ်စက်ခြင်း၊ ညအလုပ်ချိန် အတွင်း ကြိုးကြား ကြိုးကြား အိပ်စက်ပေးခြင်း တို့သည် ဦးနှောက် ကျန်းမာရေးကို အထောက်အကူ ပြုမည် မဟုတ်ကြောင်း သိရသည်။



( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : Mirror
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment