ဆိုင္ကယ္ဦးထုပ္မေဆာင္းေသာ ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္ကို ယာဥ္ထိန္းရဲက ဒဏ္႐ိုက္၊ ၀န္ႀကီးခ်ဳပ္က လူသိရွင္ၾကားျပန္လည္ေတာင္းပန္

ဖႏြမ္းပင္၊ ဇြန္ ၂၃

ကေမၻာဒီယား၀န္ႀကီးခ်ဳပ္ ဟြန္ ဆန္သည္ ဆိုင္ကယ္စီးစဥ္ အကာ အကြယ္ဦးထုပ္ေဆာင္းမထားသျဖင့္ ယာဥ္ထိန္းရဲတစ္ဦးက ၀န္ႀကီးခ်ဳပ္ မွန္းသိေသာ္လည္း ရပ္တန္႔စစ္ေဆး မွတ္တမ္းယူခဲ့ၿပီး ဒဏ္ေငြရီယယ္ ၁၅၀၀၀ (ျမန္မာေငြက်ပ္ ၄၅၀၀ ခန္႔) ေပးေဆာင္ေစခဲ့သည္ဟု ဇြန္ ၂၃ ရက္ ဆင္ဟြာသတင္းတြင္ေဖာ္ျပ ထားသည္။

၀န္ႀကီးခ်ဳပ္သည္ ဇြန္ ၁၈ ရက္ က ကို႔ေကာင္ျပည္နယ္၊ ဆရီအမ္ ဘယ္ခ႐ိုင္သို႔ေရာက္ရွိစဥ္ ေဒသခံ ဆုိင္ကယ္ကယ္ရီတစ္စီးကို အေပ်ာ္ သေဘာျဖင့္ ခဏတာငွားရမ္းစီးနင္း ရာ ဆုိင္ကယ္ဦးထုပ္မေဆာင္းသ ျဖင့္ ယာဥ္ထိန္းရဲ၏ ဒဏ္တပ္ျခင္း ကိုခံလိုက္ရျခင္းျဖစ္သည္။

ဆုိင္ကယ္စီးစဥ္ ဦးထုပ္မ ေဆာင္းခဲ့မႈႏွင့္ပတ္သက္၍ ၀န္ႀကီး ခ်ဳပ္က ဇြန္ ၂၀ ရက္တြင္ လူသိရွင္ ၾကားေတာင္းပန္စကားဆိုခဲ့ၿပီး ဇြန္ ၂၂ ရက္တြင္ ဒဏ္ေငြထမ္းေဆာင္ ၿပီးၿပီျဖစ္ေၾကာင္း ေဖ့စ္ဘြတ္ခ္မွတစ္ ဆင့္ အသိေပးခဲ့သည္။ ၎င္းအား ဖမ္းဆီးဒဏ္တပ္ခဲ့သည့္ ယာဥ္ထိန္း ရဲကိုလည္း ခ်ီးမြမ္းခဲ့ကာ ေက်းဇူး တင္စကားဆိုခဲ့ၿပီး ဥပေဒ၏အထက္ တြင္ မည္သူမွ်မရွိေၾကာင္း၊ ဥပေဒ ျပဳလႊတ္ေတာ္အမတ္မ်ားႏွင့္ ၀န္ႀကီး ခ်ဳပ္တို႔သည္လည္း စည္းကမ္းဥပေဒ ေဖာက္ဖ်က္ပါက အေရးယူခံရမည္ ျဖစ္ေၾကာင္းေျပာၾကားသည္။
Ref: Xinhua

Democracy Today
................
ဆိုင်ကယ်ဦးထုပ်မဆောင်းသော ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို ယာဉ်ထိန်းရဲက
ဒဏ်ရိုက်၊ ၀န်ကြီးချုပ်က လူသိရှင်ကြားပြန်လည်တောင်းပန်

ဖနွမ်းပင်၊ ဇွန် ၂၃

ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန် ဆန်သည် ဆိုင်ကယ်စီးစဉ် အကာ အကွယ်ဦးထုပ်ဆောင်းမထားသဖြင့် ယာဉ်ထိန်းရဲတစ်ဦးက ၀န်ကြီးချုပ် မှန်းသိသော်လည်း ရပ်တန့်စစ်ဆေး မှတ်တမ်းယူခဲ့ပြီး ဒဏ်ငွေရီယယ် ၁၅၀၀၀ (မြန်မာငွေကျပ် ၄၅၀၀ ခန့်) ပေးဆောင်စေခဲ့သည်ဟု ဇွန် ၂၃ ရက် ဆင်ဟွာသတင်းတွင်ဖော်ပြ ထားသည်။

၀န်ကြီးချုပ်သည် ဇွန် ၁၈ ရက် က ကို့ကောင်ပြည်နယ်၊ ဆရီအမ် ဘယ်ခရိုင်သို့ရောက်ရှိစဉ် ဒေသခံ ဆိုင်ကယ်ကယ်ရီတစ်စီးကို အပျော် သဘောဖြင့် ခဏတာငှားရမ်းစီးနင်း ရာ ဆိုင်ကယ်ဦးထုပ်မဆောင်းသ ဖြင့် ယာဉ်ထိန်းရဲ၏ ဒဏ်တပ်ခြင်း ကိုခံလိုက်ရခြင်းဖြစ်သည်။

ဆိုင်ကယ်စီးစဉ် ဦးထုပ်မ ဆောင်းခဲ့မှုနှင့်ပတ်သက်၍ ၀န်ကြီး ချုပ်က ဇွန် ၂၀ ရက်တွင် လူသိရှင် ကြားတောင်းပန်စကားဆိုခဲ့ပြီး ဇွန် ၂၂ ရက်တွင် ဒဏ်ငွေထမ်းဆောင် ပြီးပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်မှတစ် ဆင့် အသိပေးခဲ့သည်။ ၎င်းင်းအား ဖမ်းဆီးဒဏ်တပ်ခဲ့သည့် ယာဉ်ထိန်း ရဲကိုလည်း ချီးမွမ်းခဲ့ကာ ကျေးဇူး တင်စကားဆိုခဲ့ပြီး ဥပဒေ၏အထက် တွင် မည်သူမျှမရှိကြောင်း၊ ဥပဒေ ပြုလွှတ်တော်အမတ်များနှင့် ၀န်ကြီး ချုပ်တို့သည်လည်း စည်းကမ်းဥပဒေ ဖောက်ဖျက်ပါက အရေးယူခံရမည် ဖြစ်ကြောင်းပြောကြားသည်။
Ref: Xinhua

Democracy Today
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment