တ႐ုတ္ႏို႔ထြက္ပစၥည္း အိႏၵိယ ေနာက္တႏွစ္ပိတ္မည္



တ႐ုတ္ႏုိင္ငံထုတ္ ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြတင္သြင္းခြင့္ ပိတ္ပင္ထားမႈကုိ ၂၀၁၇ ခုႏွစ္၊ ဇြန္လအထိ အိႏၵိယအစုိးရက ေနာက္ထပ္ တႏွစ္ သက္တမ္းတုိးလုိက္ေၾကာင္း အိႏၵိယႏုိင္ငံထုတ္ The Economic Times သတင္းမွာ ေဖာ္ျပထားပါတယ္။

ေခ်ာကလက္နဲ႔ ေခ်ာကလက္ပါတဲ့ ကုန္ပစၥည္းေတြ၊ သၾကားလုံးေတြ၊ ခ်ဳိခ်ဥ္၊ ကိတ္ မုန္႔၊ ႏုိ႔ဓာတ္ပါတဲ့ စားေသာက္ကုန္ပစၥည္းေတြ အပါအ၀င္ တ႐ုတ္ႏုိင္ငံထုတ္ ႏုိ႔နဲ႔ ႏုိ႔ ထြက္ပစၥည္းအားလုံးတင္သြင္းမႈကုိ ၂၀၁၇ ခုႏွစ္၊ ဇြန္လ ၂၃ ရက္ေန႔အထိ ေနာက္ ထပ္ တႏွစ္၊ ဒါမွမဟုတ္ ေနာက္ထပ္ ေၾကညာခ်က္တစုံတရာ ထြက္မလာမခ်င္း ပိတ္ပင္လုိက္ေၾကာင္း ႏုိင္ငံျခားကုန္သြယ္မႈညြန္ခ်ဳပ္႐ုံးက ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္ရွိ တည္ရွိေနတဲ့ပိတ္ပင္မႈဟာ အခုႏွစ္ ဇြန္လမွာ သက္တမ္းကုန္ သြားတဲ့အတြက္ ေနာက္ထပ္ တႏွစ္ သက္တမ္း ထပ္တုိးလုိက္တာ ျဖစ္ပါတယ္။

ဖမ္းဆီးရမိတဲ့တ႐ုတ္ႏုိင္ငံထုတ္ ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြမွာ Melamine (မယ္လမင္း) လုိ႔ေခၚတဲ့ ပလပ္စတစ္နဲ႔ ဓာတ္ေျမၾသဇာ ထုတ္ရာမွာ သုံးတဲ့ အဆိပ္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြ ပါေနတာကုိေတြ႔ရတာေၾကာင့္ ၂၀၀၈ ခုႏွစ္ကစၿပီး ႏုိ႔နဲ႔ ႏုိ႔ထြက္ ပစၥည္းေတြ အပါအ၀င္ အစားအေသာက္ေတြ တင္သြင္းမႈကုိ အိႏၵိယအစုိးရက တရား၀င္ ပိတ္ပင္ထားခဲ့တာ ျဖစ္ပါတယ္။

အိႏၵိယႏုိင္ငံအေနနဲ႔ တ႐ုတ္ႏုိင္ငံထုတ္ ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြကုိ တရား၀င္ တင္သြင္းျခင္းမရွိေပမယ့္လည္း ႀကိဳတင္ ကာကြယ္တဲ့အေနနဲ႔ အခုလုိ တားျမစ္ ကန္႔သတ္ခ်က္ကုိ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

အိႏၵိယႏုိင္ငံဟာ ကမၻာမွာ ႏုိ႔အမ်ားဆုံး ထုတ္လုပ္တဲ့ႏုိင္ငံျဖစ္သလုိ၊ အမ်ားဆုံး စားသုံးတဲ့ႏုိင္ငံလည္း ျဖစ္ပါတယ္။ အိႏၵိယႏုိင္ငံက ၂၀၁၃ - ၁၄ ခုႏွစ္မွာ ႏုိ႔တန္ခ်ိန္ ၁၃၈ သန္း နီးပါး ထုတ္လုပ္ခဲ့ရာက ၂၀၁၄ - ၁၅ ခုႏွစ္မွာ တန္ခ်ိန္ေပါင္း ၁၄၆ သန္းေက်ာ္ တုိးျမင့္ ထုတ္လုပ္ခဲ့ပါတယ္။

ဗြီအိုုေအ (ျမန္မာဌာန)
http://burmese.voanews.com
...........



တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ထွက်ပစ္စည်းတွေတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ၂၀၁၇ ခုနှစ်၊ ဇွန်လအထိ အိန္ဒိယအစိုးရက နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းမှာ ဖော်ပြထားပါတယ်။

ချောကလက်နဲ့ ချောကလက်ပါတဲ့ ကုန်ပစ္စည်းတွေ၊ သကြားလုံးတွေ၊ ချိုချဉ်၊ ကိတ် မုန့်၊ နို့ဓာတ်ပါတဲ့ စားသောက်ကုန်ပစ္စည်းတွေ အပါအဝင် တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ ထွက်ပစ္စည်းအားလုံးတင်သွင်းမှုကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ နောက် ထပ် တနှစ်၊ ဒါမှမဟုတ် နောက်ထပ် ကြေညာချက်တစုံတရာ ထွက်မလာမချင်း ပိတ်ပင်လိုက်ကြောင်း နိုင်ငံခြားကုန်သွယ်မှုညွန်ချုပ်ရုံးက ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ တည်ရှိနေတဲ့ပိတ်ပင်မှုဟာ အခုနှစ် ဇွန်လမှာ သက်တမ်းကုန် သွားတဲ့အတွက် နောက်ထပ် တနှစ် သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ Melamine (မယ်လမင်း) လို့ခေါ်တဲ့ ပလပ်စတစ်နဲ့ ဓာတ်မြေသြဇာ ထုတ်ရာမှာ သုံးတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါနေတာကိုတွေ့ရတာကြောင့် ၂၀၀၈ ခုနှစ်ကစပြီး နို့နဲ့ နို့ထွက် ပစ္စည်းတွေ အပါအဝင် အစားအသောက်တွေ တင်သွင်းမှုကို အိန္ဒိယအစိုးရက တရားဝင် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နိုင်ငံထုတ် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို တရားဝင် တင်သွင်းခြင်းမရှိပေမယ့်လည်း ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခုလို တားမြစ် ကန့်သတ်ချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ နို့အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်သလို၊ အများဆုံး စားသုံးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ၂၀၁၃ - ၁၄ ခုနှစ်မှာ နို့တန်ချိန် ၁၃၈ သန်း နီးပါး ထုတ်လုပ်ခဲ့ရာက ၂၀၁၄ - ၁၅ ခုနှစ်မှာ တန်ချိန်ပေါင်း ၁၄၆ သန်းကျော် တိုးမြင့် ထုတ်လုပ်ခဲ့ပါတယ်။

ဗွီအိုုအေ (မြန်မာဌာန)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment