ႏြားက်င္ငယ္ရည္မွ ေရႊေတြ႔ရွိဟု အိႏၵိယပညာရွင္မ်ား အတည္ျပဳ

အိႏိၵိယႏုိင္ငံ အေနာက္ပိုင္းက သိပၸံပညာရွင္ေတြဟာ ေဒသတြင္းက ႏြားေတြရဲ႕ က်င္ငယ္ရည္ထဲမွာ ေရႊေတြ႔တယ္လို႔ ဇြန္္ ၂၈ ရက္ေန႔က အခိုင္အမာ ေျပာဆိုလိုက္ပါတယ္။

ဂူဂ်ာရတ္ျပည္နယ္ အေနာက္ပိုင္း ဂ်ဴနာဂတ္သ္ စိုက္ပ်ိဳးေရး တကၠသိုလ္ (JAU) က သိပၸံပညာရွင္ေတြက ဂစ္ရ္ ႏြားမ်ိဳးစိတ္ရဲ႕ က်င္ငယ္ရည္ နမူနာေပါင္း ၅၀၀ ကို ၇ ႏွစ္ဆက္တိုက္ သုေတသန လုပ္အၿပီးမွာ ဒီျဖစ္ရပ္ကို ရွာေတြ႔ခဲ့တာလို႕ ေျပာပါတယ္။

ႏြားေပါက္ေတြ၊ ကိုယ္ဝန္ေဆာင္ ႏြားမေတြနဲ႔ ႏို႔ျဖတ္ၿပီးစ ႏြားေတြရဲ႕ က်င္ငယ္ရည္ နမူနာေတြကို ေကာက္ယူ စစ္ေဆးခဲ့တာပါ။

အဲဒီေနာက္ JAU ရဲ႕ အစားအစာ စစ္ေဆးတဲ့ ဓာတ္ခြဲခန္းထဲမွာ စစ္ေဆးခဲ့ပါတယ္။ ရလဒ္ေတြအရ က်င္ငယ္ရည္ ၁ လီတာမွာ ေရႊ ၁၀ ကေန ၃၀ မီလီဂရမ္ထိ ေရမွာ ေပ်ာ္ဝင္ႏုိင္တဲ့ ေရႊဆား ပံုစံနဲ႔ ပါေနတာကို ေတြ႔ခဲ့ရပါတယ္။

က်င္ငယ္ရည္ နမူနာ ၅၀၀ စလံုးမွာ ေရႊေတြ ပါေနတာ ေတြ႔ခဲ့တယ္လုိ႔ ဇီဝနည္းပညာ ဌာနရဲ႕ ဌာနမွဴး ဘီေအ ဂိုလာကီယာက ေျပာပါတယ္။

သူဦးေဆာင္တဲ့ သုေတသနအဖြဲ႔ဟာ ဆီးနမူနာေတြကို သံုးသပ္ဖို႔ (GC-MS) နည္းလမ္းကို သံုးခဲ့တယ္လို႔ ေျပာပါတယ္။

ဆီးထဲက ေရႊကို ထုတ္ယူၿပီး အခဲျဖစ္ေအာင္ ဓာတုလုပ္ငန္းစဥ္သံုး ရယူႏိုင္တယ္လို႔လည္း သူက ေျပာပါတယ္။

ဒါ့အျပင္ ဆီးနမူနာ တဝက္ေလာက္ဟာ အပရိယ အဖ်ားေရာဂါ အေတာ္မ်ားမ်ားကို ကုသႏိုင္တဲ့ ေဆးဘက္ဆိုင္ရာ တန္ဖိုးေတြ အမ်ားအျပား ပါေနတာ ျပေနတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

ဂစ္ရ္ ႏြားမိ်ဳး ကၽြမ္းက်င္သူ ပညာရွင္ မန္ဆုရွ္ စူဗာဂီယာက ႏြားက်င္ငယ္ရည္ဟာ လူေတြ အသက္ကို ရွည္ေစႏုိင္တယ္လို႔ ေျပာပါတယ္။

ဂစ္ရ္ဒီႏြားမ်ိဳးကို ဂူဂ်ာရတ္ ျပည္နယ္မွာ ေတြ႔ရတာပါ။ အိႏိၵယႏုိင္ငံအတြင္း ႏို႔စားႏြား ေမြးျမဴေရး လုပ္ငန္းမွာ ထင္ရွား လူႀကိဳက္မ်ားတဲ့ ႏြားမ်ိဳးလည္း ျဖစ္ပါတယ္။
Dvb Burmese
........
နွားကျင်ငယ်ရည်မှ ရွှေတွေ့ရှိဟု အိန္ဒိယပညာရှင်များ အတည်ပြု

အိန္ဒိိယနိုင်ငံ အနောက်ပိုင်းက သိပ္ပံပညာရှင်တွေဟာ ဒေသတွင်းက နွားတွေရဲ့ ကျင်ငယ်ရည်ထဲမှာ ရွှေတွေ့တယ်လို့ ဇွန်် ၂၈ ရက်နေ့က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ဂူဂျာရတ်ပြည်နယ် အနောက်ပိုင်း ဂျူနာဂတ်သ် စိုက်ပျိုးရေး တက္ကသိုလ် (JAU) က သိပ္ပံပညာရှင်တွေက ဂစ်ရ် နွားမျိုးစိတ်ရဲ့ ကျင်ငယ်ရည် နမူနာပေါင်း ၅၀၀ ကို ရ နှစ်ဆက်တိုက် သုတေသန လုပ်အပြီးမှာ ဒီဖြစ်ရပ်ကို ရှာတွေ့ခဲ့တာလို့ ပြောပါတယ်။

နွားပေါက်တွေ၊ ကိုယ်ဝန်ဆောင် နွားမတွေနဲ့ နို့ဖြတ်ပြီးစ နွားတွေရဲ့ ကျင်ငယ်ရည် နမူနာတွေကို ကောက်ယူ စစ်ဆေးခဲ့တာပါ။

အဲဒီနောက် JAU ရဲ့ အစားအစာ စစ်ဆေးတဲ့ ဓာတ်ခွဲခန်းထဲမှာ စစ်ဆေးခဲ့ပါတယ်။ ရလဒ်တွေအရ ကျင်ငယ်ရည် ၁ လီတာမှာ ရွှေ ၁၀ ကနေ ၃၀ မီလီဂရမ်ထိ ရေမှာ ပျော်ဝင်နိုင်တဲ့ ရွှေဆား ပုံစံနဲ့ ပါနေတာကို တွေ့ခဲ့ရပါတယ်။

ကျင်ငယ်ရည် နမူနာ ၅၀၀ စလုံးမှာ ရွှေတွေ ပါနေတာ တွေ့ခဲ့တယ်လို့ ဇီဝနည်းပညာ ဌာနရဲ့ ဌာနမှူး ဘီအေ ဂိုလာကီယာက ပြောပါတယ်။

သူဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ဆီးနမူနာတွေကို သုံးသပ်ဖို့ (GC-MS) နည်းလမ်းကို သုံးခဲ့တယ်လို့ ပြောပါတယ်။

ဆီးထဲက ရွှေကို ထုတ်ယူပြီး အခဲဖြစ်အောင် ဓာတုလုပ်ငန်းစဉ်သုံး ရယူနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဆီးနမူနာ တဝက်လောက်ဟာ အပရိယ အဖျားရောဂါ အတော်များများကို ကုသနိုင်တဲ့ ဆေးဘက်ဆိုင်ရာ တန်ဖိုးတွေ အများအပြား ပါနေတာ ပြနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဂစ်ရ် နွားမျိုး ကျွမ်းကျင်သူ ပညာရှင် မန်ဆုရှ် စူဗာဂီယာက နွားကျင်ငယ်ရည်ဟာ လူတွေ အသက်ကို ရှည်စေနိုင်တယ်လို့ ပြောပါတယ်။

ဂစ်ရ်ဒီနွားမျိုးကို ဂူဂျာရတ် ပြည်နယ်မှာ တွေ့ရတာပါ။ အိန္ဒိယနိုင်ငံအတွင်း နို့စားနွား မွေးမြူရေး လုပ်ငန်းမှာ ထင်ရှား လူကြိုက်များတဲ့ နွားမျိုးလည်း ဖြစ်ပါတယ်။
Dvb Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment