တောင်ကိုရီးယား မင်းသား မိမိကိုယ်အဆုံးစီရင်
27June2016
......
27June2016
အသက် (၄၃)နှစ်ရှိ အမျိုးသားသရုပ်ဆောင် ကင်ဆွန်မင် Kim Sung-minဟာ ဇွန်လ ၂၄ ရက် သောကြာနေက မူယစ်ဆေးဝါးတွေ အလွန်အကျွံသောက်ခဲ့ပြီး ရေချိုးခန်းအတွင်း ဇွဲကြိုးချ အဆုံးစီရင်ခဲ့တာလို ့ သိရပါတယ်။
ဆေးရုံကို အရေးပေါ်တင်ခဲ့ပေမယ့် ဆရာဝန်တွေကတော့ ကင် ရဲ ့ဦးနှောက် အလုပ်မလုပ်တော့ဘဲ သေဆုံးခဲ့ပါပြီလို ့ ဆေးရုံမှာ စောင့်နေကြတဲ့ သူ ့ မိသားစုဝင်တွေနဲ ့ ပရိတ်သတ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
ကင်စွန်မင်းဟာ မူယစ်ဆေးဝါးသုံးစွဲမှုနဲ ့ ထောင်နှစ်ခါကျခဲ့ပြီး ဖြစ်ပါတယ်။၂၀၀၂ခုနှစ်မှာ ရေသူမလေး Little Mermaid အခန်းဆက်ဇတ်လမ်းတွေနဲ ့ နံမည်ကြီးလာခဲ့ သူဖြစ်ပြီး ရေသူမလေးဇတ်ကားနဲ ့
MBC Drama Awards အကောင်းဆုံး ဇတ်လမ်းတွဲ ဆုရခဲ့ပါတယ်။
ဇနီးဖြစ်သူ (သွားဆရာဝန်)နဲ ့ သားက ရဲစခန်းကို ဖုန်းဆက်ပြီး ဖခင်ဟာ ဆေးတွေကြောင်နေပြီဖြစ်ကြောင်း အကြောင်းကြားခဲ့လို ့ ရဲတွေရောက်လာတဲ့အခါမှာ ခုလိုအဆုံးစီရင်သွားခဲ့တာပါ။ ကင်ရဲမိသားစုက
တော့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဆေးသုတေသနကိုလှူမယ်လို ့ သိရပါတယ်။
Social Action for Women - SAW
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment