၁၈ နှစ်ကြာ အေးခဲထားသည့် သန္ဓေသား တရုတ်နိုင်ငံ အရှေ့ပိုင်း၌ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့

၁၈ နှစ်ကြာ အေးခဲထားသည့် သန္ဓေသားမှ မွေးဖွားခဲ့သည့် ကလေးငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ရှန်ဟိုင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ  ရှန်ဟိုင်းမြို့ ဆေးရုံတွင် ၁၈ ကြာ အေးခဲထားသည့် သန္ဓေသား တစ်ခုမှ ကျန်းမာသည့် မိန်းကလေး တစ်ဦး မွေးခဲ့ကြောင်း ဇွန်လ ၂၉ ရက်က ကြေညာခဲ့သည်။

အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက အဆိုပါ သန္ဓေသားကို ကိုယ်ဝန်ဆောင်ကာ အလေးချိန် ၃၃၀၀ ဂရမ်ရှိ သမီး မိန်းကလေးအား ကျန်းစုပြည်နယ်တွင် ဇွန်လ ၂၉ ရက်က မွေးဖွားခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ လက ရှန်ဟိုင်းရှိ ဖူဒန် ဆေးတက္ကသိုလ် သားဖွား နှင့် မီးယပ်ဌာန၌ အဆိုပါ သန္ဓေသားအား ယင်း အမျိုးသမီး၏ သားအိမ်အတွင်းသို့  ထည့်သွင်းပေးခဲ့သည်။

ယင်း အမျိုးသမီးသည်သားဥပြွန် ပိတ်ဆို့မှုရောဂါ ခံစားပြီးနောက် ၁၉၉၈ ခုနှစ်တွင် ရှန်ဟိုင်းဆေးရုံ၌ ဖန်ပြွန် သန္ဓေနည်း (IVF) ဖြင့် ပဋိသန္ဓေရယူရန် ကြိုးစားခဲ့သည်။ ထိုသို့သောနည်းဖြင့် ကလေးရယူ သုံးကြိမ်ခန့် ကြိုး စားခဲ့ပြီး မအောင်မြင်ခဲ့ခြင်းကြောင့် နောက် တစ်ကြိမ် ကြိုးစားရန် အချိန် စောင့်ဆိုင်းနေခဲ့သည်။

၂၀၁၅ ခုနှစ် နှစ်ဦးပိုင်း၌ နောက်တစ်ကြိမ် ကလေးရယူရန် မျှော်လင့်ချက်ဖြင့် ယင်း အမျိုးသမီးသည် ဆေးရုံသို့ ပြန်ရောက်လာခဲ့သည်။ ဆရာဝန်များက ၎င်း၏ သားအိမ် ပိတ်ဆို့မှုနှင့် သားအိမ် အမြှေးပါး ပါးလွှာမှုအား ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ခွဲစိတ်ကုသပြီး ၎င်း၏ သားအိမ်အတွင်းသို့ သန္ဓေသား ထည့်သွင်းခဲ့သည်။

အေးခဲထားသည့် သန္ဓေသားများအား နိုက်ထရိုဂျင် အရည်များထဲတွင် အနုတ် ၁၉၆ ဒီဂရီ စင်တီဂရိတ်၌ သိမ်း ဆည်းထားရပြီး အေးခဲထားသည့် သန္ဓေသားများအား ငါးနှစ်အထိ သိမ်းဆည်းထားသင့်ကြောင်း ရှန်ဟိုင်း ကျန်း မာရေး ဋ္ဌာနထံမှ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
........
သမီးတစ်ယောက်မွေးတိုင်း သစ်ပင် ၁၁၁ ပင်စိုက်ရတဲ့ ရွာလေး

အိန္ဒိယနိုင်ငံ Rajasthan ခရိုင်က Piplantri ဆိုတဲ့ ရွာလေးမှာ သမီးမိန်းကလေးတစ်ယောက်မွေးတိုင်း သစ်ပင် ၁၁၁ ပင်စိုက်ရတဲ့ ဓလေ့တစ်ခုရှိပါတယ်။ ရွာသားတစ်ယောက်စီက သမီးမွေးတာကို ဂုဏ်ပြုတဲ့အနေနဲ့ သစ်ပင်စိုက်တာ ဖြစ်ပါတယ်။ ဒီဓလေ့စခဲ့တာကတော့ ရွာလူကြီးတစ်ဦးရဲ့ သမီးတစ်ဦးဖြစ်တဲ့ Kiran ဆိုတဲ့ကောင်မလေးက အသက် အရွယ် ငယ်ငယ်လေးနဲ့ သေဆုံးခဲ့ပါတယ်။ အရမ်းကို ဝမ်းနည်းနေတဲ့ ဖခင်ဖြစ်သူက တခြားရွာသူရွာသားတွေမှာရှိတဲ့ သူတို့ရဲ့ သမီးလေးတွေကို တန်ဖိုးထားအောင် လုပ်ပေးပါ့မယ်လို့ သစ္စာဆိုခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းကစပြီး ရွာသားတွေမှာ သမီးမိန်းကလေး တစ်ယောက်မွေးတိုင်း တန်ဖိုးထားမှုကို ပြတဲ့အနေနဲ့ သစ်ပင်ပေါင်း ၁၁၁ ပင်စိုက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အခုဆိုရင် ဒီရွာလေးကြောင့် ကမ္ဘာပေါ်မှာ မိန်းကလေးတွေကို ဂုဏ်ပြုစိုက်ပျိုးထားတဲ့ သစ်ပင်ပေါင်း ၂၅၀,၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။

ဒီအလေ့အကျင့်က ကမ္ဘာကြီးအတွက်ရော၊ ရွာသားတွေအတွက်ပါ အရမ်းကို ကောင်းကျိုးပြုတဲ့ အကျင့်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် မိန်းကလေးတွေရဲ့ တန်ဖိုးကို ချိုးနှိမ်ထားတဲ့ အိန္ဒိယနိုင်ငံလို နိုင်ငံမျိုးမှာ မိန်းကလေးမွေးတာကို ဂုဏ်ပြုတာက အရမ်းကို ရှားပါးပြီး အားပေးသင့်တဲ့ဓလေ့တစ်ခု ဖြစ်ပါတယ်။ Piplantri ရွာမှာ ကလေးတစ်ဦးမွေးလာရင် ရွာသားတွေက ရူပီး ၂၁၀၀၀ နဲ့ မိဘဖြစ်သူဆီက ရူပီး ၁၀၀၀၀ ကို ကလေးရဲ့နောင်ရေးအတွက် စုထားပေးကြပါတယ်။ မိဘတွေအနေနဲ့ သမီးဖြစ်သူကို ပညာသင်ကြားပေးဖို့၊ အသက် ၁၈ နှစ် ပြည့်မှ အိမ်ထောင်ပြုပေးဖို့နဲ့ သူ့ကို ဂုဏ်ပြုပြီး စိုက်ပျိုးထားတဲ့ အပင်တွေကို စောင့်ရှောက်ဖို့တွေကို ကျမ်းကျိန်လွှာမှာ လက်မှတ်ရေးထိုးကြရပါတယ်။

ထူးခြားချက်ကတော့ ရွာသားတွေက သစ်ပင်တွေကို အသေးစိတ်ကို ဂရုစိုက်စောင့်ရှောက်ကြပါတယ်။ နောက်ပြီး သစ်ပင်တွေကို ခြစားခြင်းမှ ကာကွယ်ဖို့အတွက် သစ်ပင်တွေကြားထဲမှာ ရှားစောင်း လက်ပတ်ပင်တွေကို စိုက်ထားလေ့ရှိကြပါတယ်။ အခုအခါမှာတော့ ရှားစောင်းလက်ပတ်ပင်တွေကို ဖျော်ရည်၊ ဂျယ်လ်၊ စားစရာတွေ အဖြစ်ပြုလုပ်ရောင်းချလာကြတာကြောင့် ရှားစောင်းလက်ပတ်ပင်တွေက သူတို့ရွာရဲ့ အဓိက ဝင်ငွေရစေတဲ့ အပင်တစ်မျိုး ဖြစ်လာနေပြီဖြစ်ပါတယ်။ ဒီရွာလေးက ကမ္ဘာကြီးကို ပိုပြီးစိမ်းလန်းအောင် ပြုလုပ်ပေးနေတာနဲ့ တပြိုင်နက် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေကိုလည်း တိုးတက်စေနေတာပဲ ဖြစ်ပါတယ်။
TrendMyanmar
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment