Orlando ေသနတ္သမား ႏွင့္ 911 ဖုန္း ေအာ္ပေရတာၾကား ေျပာဆုိခ်က္ စာသား FBI ထုတ္ျပန္

အိုလန္ဒိုၿမိဳ႕ ပစ္ခတ္မႈက်ဴး လြန္ခဲ့သူ Omar Saddiqui Mateen။
အေမရိကန္ သမိုင္းမွာ အဆိုး၀ါးဆံုး ေသနတ္ျပစ္ခတ္မႈကို က်ဴးလြန္ခဲ့တဲ့ ေသနတ္သမား Omar Mateen ဟာ လူေပါင္း ၄၉ဦးကို ပစ္သတ္ေနတဲ့ အခ်ိန္အတြင္းမွာပဲ၊ 911 အေရးေပၚ ဖုန္းလိုင္းကို ေခၚဆိုၿပီး၊ အစပိုင္းမွာ အာရပ္ဘာသာစကားနဲ႕ ေျပာဆိုၿပီး၊ သူ႕ကိုယ္သူ အစၥလာမ္မစ္ စစ္သည္ေတာ္ တစ္ဦးျဖစ္တယ္လို႕ ေျပာခဲ့တယ္လို႕ အေမရိကန္ ဗဟို အစိုးရ ေထာက္လွမ္းေရး ဗ်ဴရို FBI အဖြဲ႕က ထုတ္ျပန္လိုက္ ပါတယ္။

ေသနတ္သမားနဲ႕ 911 အေရးေဖာ္ ဖုန္းေအာ္ပေရတာတို႕ အျပန္အလွန္ စကားေျပာၾကားခ်က္ေတြကို တနလၤာေန႕က ထုတ္ျပန္လိုက္ ရာမွာ ေသနတ္ သမားဟာ ဂၽြန္လ ၁၂ရက္ေန႕ မနက္ အေစာပိုင္းအခ်ိန္မွာ Pulse ႏိုက္ကလပ္ကေန 911 ဖုန္းနံပါတ္ကိုေခၚဆိုၿပီး၊ ဖုန္းေအာ္ပေရတာကို ကၽြန္ေတာ္ ေအာလန္ဒိုၿမိဳ႕မွာပါ။ ကၽြန္ေတာ္ ပစ္ခတ္မႈေတြ လုပ္ခဲ့ပါတယ္လို႕ ေျပာခဲ့တယ္လို႕ ဆိုပါတယ္။

အခု ထုတ္ျပန္လိုက္တဲ့ ေသနတ္သမားနဲ႕ အျပန္အလွန္ စကားေျပာဆိုမႈ စာသားေတြမွာ ေသနတ္သမား က IS အဖြဲ႕နဲ႕ အဖြဲ႕ေခါင္းေဆာင္ Abu Bakr al-Baghdadi တို႕ကို သစၥာခံတဲ့အေၾကာင္း ေျပာဆိုထားတဲ့ အပိုင္းေတြ ကို ျဖတ္ေတာက္ထားတယ္လို႕ အာဏာပိုင္ေတြက ေျပာပါတယ္။ အျပန္အလွန္ စကားေျပာဆိုေန တဲ့ အသံဖိုင္ကို အာဏာပိုင္ေတြက ထုတ္ျပန္ေပးဖို႕ ျငင္းဆန္ ထားပါတယ္။

ေနာက္ဆံုးမွာ ရဲတပ္ဖြဲ႕၀င္ေတြ ပစ္ခတ္ ႏွိမ္ႏွင္းတာ ခံလိုက္ရတဲ့ Mateen ဟာ ေစ့စပ္ ညွိႏွိဳင္းသူေတြနဲ႕ သံုးႀကိမ္တိတိ ဖုန္းေျပာဆိုခဲ့ရာမွာ၊ သူက အေမရိကန္ ျပည္ေထာင္စုဟာ ဆီးရီးယားနဲ႕ အီရတ္မွာ ဗံုးက်ဲတိုက္ခိုက္ခဲ့တဲ့အတြက္ အခုလို လက္တုန္႕ျပန္ တိုက္ခိုက္တာ ျဖစ္တယ္လို႕ ေျပာခဲ့ေၾကာင္း FBI တာ၀န္ရွိသူေတြက ေျပာပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........

အိုလန်ဒိုမြို့ ပစ်ခတ်မှုကျူး လွန်ခဲ့သူ Omar Saddiqui Mateen။
အမေရိကန် သမိုင်းမှာ အဆိုးဝါးဆုံး သေနတ်ပြစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား Omar Mateen ဟာ လူပေါင်း ၄၉ဦးကို ပစ်သတ်နေတဲ့ အချိန်အတွင်းမှာပဲ၊ 911 အရေးပေါ် ဖုန်းလိုင်းကို ခေါ်ဆိုပြီး၊ အစပိုင်းမှာ အာရပ်ဘာသာစကားနဲ့ ပြောဆိုပြီး၊ သူ့ကိုယ်သူ အစ္စလာမ်မစ် စစ်သည်တော် တစ်ဦးဖြစ်တယ်လို့ ပြောခဲ့တယ်လို့ အမေရိကန် ဗဟို အစိုးရ ထောက်လှမ်းရေး ဗျူရို FBI အဖွဲ့က ထုတ်ပြန်လိုက် ပါတယ်။

သေနတ်သမားနဲ့ 911 အရေးဖော် ဖုန်းအော်ပရေတာတို့ အပြန်အလှန် စကားပြောကြားချက်တွေကို တနင်္လာနေ့က ထုတ်ပြန်လိုက် ရာမှာ သေနတ် သမားဟာ ဂျွန်လ ၁၂ရက်နေ့ မနက် အစောပိုင်းအချိန်မှာ Pulse နိုက်ကလပ်ကနေ 911 ဖုန်းနံပါတ်ကိုခေါ်ဆိုပြီး၊ ဖုန်းအော်ပရေတာကို ကျွန်တော် အောလန်ဒိုမြို့မှာပါ။ ကျွန်တော် ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ သေနတ်သမားနဲ့ အပြန်အလှန် စကားပြောဆိုမှု စာသားတွေမှာ သေနတ်သမား က IS အဖွဲ့နဲ့ အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi တို့ကို သစ္စာခံတဲ့အကြောင်း ပြောဆိုထားတဲ့ အပိုင်းတွေ ကို ဖြတ်တောက်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အပြန်အလှန် စကားပြောဆိုနေ တဲ့ အသံဖိုင်ကို အာဏာပိုင်တွေက ထုတ်ပြန်ပေးဖို့ ငြင်းဆန် ထားပါတယ်။

နောက်ဆုံးမှာ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ် နှိမ်နှင်းတာ ခံလိုက်ရတဲ့ Mateen ဟာ စေ့စပ် ညှိနှိုင်းသူတွေနဲ့ သုံးကြိမ်တိတိ ဖုန်းပြောဆိုခဲ့ရာမှာ၊ သူက အမေရိကန် ပြည်ထောင်စုဟာ ဆီးရီးယားနဲ့ အီရတ်မှာ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် အခုလို လက်တုန့်ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောခဲ့ကြောင်း FBI တာဝန်ရှိသူတွေက ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment