ထိုင္း က်ားေက်ာင္းကို တရားစြဲမယ္


က်ားေတြ ယဥ္ပါးေအာင္ ေမြးျမဴ ျပသ
က်ားေပါက္စ အေသ အေကာင္ ၄ဝ ေတြ႕ခဲ့ရတဲ့ Wat Pha Luang Ta Bua ဘုန္းႀကီးေက်ာင္းကို တရားစြဲသြားဖို႔ ရွိေၾကာင္း ထိုင္း သားရဲ တိရိစၧာန္ ထိန္းသိမ္းေရး အာဏာပိုင္ေတြက ေျပာၾကား လိုက္ပါတယ္။

ကန္ခ်နဘူရီ ခရိုင္က က်ားေက်ာင္းမွာ ရွိတဲ့ က်ား ၁၃၇ ေကာင္ကို ေရႊ႕ေျပာင္းဖို႔ လုပ္ရင္း ဒီလို က်ားေသေတြကို ေတြ႕ခဲ့တာပါ။

က်ားေက်ာင္း ကို အုပ္ခ်ဳပ္တဲ့ သံဃာေတြကို သားရဲ တိရိစၧာန္ ေရာင္းဝယ္မွု၊ တိရိစၧာန္ ညႇဥ္းပန္းမွု၊ တိရိစၧာန္ အေသေတြနဲ႔ မ်ိဳးတုံးလုနီး သက္ရွိ မ်ိဳးစိတ္ေတြ တရားမဝင္ ပိုင္ဆိုင္မွုေတြနဲ႔ စြပ္စြဲမွုေတြ ရွိခဲ့ပါတယ္။

သူတို႔က ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆိုၿပီး က်ားေတြကို ေရႊ႕ဖို႔ အစီအစဥ္ေတြကို ဆန္႔က်င္ ခဲ့ၾကပါတယ္။

ဘုန္းႀကီးေက်ာင္း က က်ားေသေလးေတြဟာ တရက္သား ၂ ရက္သားသာ ရွိေသးတယ္လို႔ ရဲမွူးႀကီး Bandith Meungsukhum က ေျပာပါတယ္။ ဘယ္တုန္းက ေသဆုံးခဲ့တယ္ ဆိုတာကိုေတာ့ မသိရေသးဘူးလို႔လည္း ဆိုပါတယ္။

က်ားေပါက္စ အေသေတြရဲ့ ဒီအင္ေအ မ်ိဳးဗီဇကို စစ္ေဆးၿပီး ေက်ာင္းထဲမွာ ေတြ႕တဲ့ က်ားေတြနဲ႔ ေတာ္စပ္မွု ရွိမရွိ ေလ့လာသြားမွာ ျဖစ္ပါတယ္။

က်ား အေကာင္ တရာေက်ာ္ကို ေရႊ႕ေျပာင္းသယ္ယူ အေအးခန္းထဲမွာ ထည့္ထားခိုင္း
တိရိစၧာန္ အေသေတြကို အေအးခန္းထဲမွာ ထည့္ထားခိုင္းတယ္လို႔ က်ားေလွာင္အိမ္ေစာင့္ တေယာက္က ေျပာခဲ့ဖူးေၾကာင္းလည္း ထိုင္း အမ်ိဳးသား ဥယ်ာဥ္ အရာရွိ တေယာက္က ဆိုပါတယ္။

တိရိစၧာန္ အေသေတြ တရားမဝင္ ပိုင္ဆိုင္မွုေတြနဲ႔ ဘုန္းႀကီးေက်ာင္းကို တရားစြဲ ခံရနိုင္တယ္လို႔လည္း သူက ဆိုပါတယ္ ။

ေမြးေမြးခ်င္း ေသသြားတဲ့ က်ားေပါက္ေလးေတြကို သၿဂႋဳဟ္တာကို ၂ဝ၁ဝ ထဲက ရပ္ဆိုင္းခဲ့ေၾကာင္း ဘုန္းႀကီးေက်ာင္း က အရင္က ေျပာတာ ရွိခဲ့ပါတယ္။

သားရဲ တိရိစၧာန္ ေရာင္းဝယ္မွု ရွိတယ္ ဆိုတဲ့ စြဲခ်က္ေတြကိုေတာ့ သူတို႔က ျငင္းဆိုခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ အေနာက္ဘက္က က်ားေက်ာင္းမွာ အရင္က ကမၻာလွည့္ ခရီးသြားေတြကို ေငြယူၿပီး တိရိစၧာန္ေတြနဲ႔ ဓာတ္ပုံရိုက္ခြင့္ ေပးေနတာ ျဖစ္ပါတယ္။

က်ားေတြကို ညႇဥ္းပန္းႏွိပ္စက္မွုေတြ ရွိၿပီး ေလွာင္အိမ္ေလးေတြနဲ႔ ထားတယ္ ဆိုတဲ့ ေျပာဆိုမွုေတြလည္း အရင္ထဲက ရွိေနခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese
...................


ကျားတွေ ယဉ်ပါးအောင် မွေးမြူ ပြသ
ကျားပေါက်စ အသေ အကောင် ၄ဝ တွေ့ခဲ့ရတဲ့ Wat Pha Luang Ta Bua ဘုန်းကြီးကျောင်းကို တရားစွဲသွားဖို့ ရှိကြောင်း ထိုင်း သားရဲ တိရိစ္ဆာန် ထိန်းသိမ်းရေး အာဏာပိုင်တွေက ပြောကြား လိုက်ပါတယ်။

ကန်ချနဘူရီ ခရိုင်က ကျားကျောင်းမှာ ရှိတဲ့ ကျား ၁၃၇ ကောင်ကို ရွှေ့ပြောင်းဖို့ လုပ်ရင်း ဒီလို ကျားသေတွေကို တွေ့ခဲ့တာပါ။

ကျားကျောင်း ကို အုပ်ချုပ်တဲ့ သံဃာတွေကို သားရဲ တိရိစ္ဆာန် ရောင်းဝယ်မှု၊ တိရိစ္ဆာန် ညှဉ်းပန်းမှု၊ တိရိစ္ဆာန် အသေတွေနဲ့ မျိုးတုံးလုနီး သက်ရှိ မျိုးစိတ်တွေ တရားမဝင် ပိုင်ဆိုင်မှုတွေနဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

သူတို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး ကျားတွေကို ရွှေ့ဖို့ အစီအစဉ်တွေကို ဆန့်ကျင် ခဲ့ကြပါတယ်။

ဘုန်းကြီးကျောင်း က ကျားသေလေးတွေဟာ တရက်သား ၂ ရက်သားသာ ရှိသေးတယ်လို့ ရဲမှူးကြီး Bandith Meungsukhum က ပြောပါတယ်။ ဘယ်တုန်းက သေဆုံးခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ကျားပေါက်စ အသေတွေရဲ့ ဒီအင်အေ မျိုးဗီဇကို စစ်ဆေးပြီး ကျောင်းထဲမှာ တွေ့တဲ့ ကျားတွေနဲ့ တော်စပ်မှု ရှိမရှိ လေ့လာသွားမှာ ဖြစ်ပါတယ်။


ကျား အကောင် တရာကျော်ကို ရွှေ့ပြောင်းသယ်ယူ အအေးခန်းထဲမှာ ထည့်ထားခိုင်း
တိရိစ္ဆာန် အသေတွေကို အအေးခန်းထဲမှာ ထည့်ထားခိုင်းတယ်လို့ ကျားလှောင်အိမ်စောင့် တယောက်က ပြောခဲ့ဖူးကြောင်းလည်း ထိုင်း အမျိုးသား ဥယျာဉ် အရာရှိ တယောက်က ဆိုပါတယ်။

တိရိစ္ဆာန် အသေတွေ တရားမဝင် ပိုင်ဆိုင်မှုတွေနဲ့ ဘုန်းကြီးကျောင်းကို တရားစွဲ ခံရနိုင်တယ်လို့လည်း သူက ဆိုပါတယ် ။

မွေးမွေးချင်း သေသွားတဲ့ ကျားပေါက်လေးတွေကို သင်္ဂြိုဟ်တာကို ၂ဝ၁ဝ ထဲက ရပ်ဆိုင်းခဲ့ကြောင်း ဘုန်းကြီးကျောင်း က အရင်က ပြောတာ ရှိခဲ့ပါတယ်။

သားရဲ တိရိစ္ဆာန် ရောင်းဝယ်မှု ရှိတယ် ဆိုတဲ့ စွဲချက်တွေကိုတော့ သူတို့က ငြင်းဆိုခဲ့ပါတယ်။

ဘန်ကောက်မြို့ အနောက်ဘက်က ကျားကျောင်းမှာ အရင်က ကမ္ဘာလှည့် ခရီးသွားတွေကို ငွေယူပြီး တိရိစ္ဆာန်တွေနဲ့ ဓာတ်ပုံရိုက်ခွင့် ပေးနေတာ ဖြစ်ပါတယ်။

ကျားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိပြီး လှောင်အိမ်လေးတွေနဲ့ ထားတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း အရင်ထဲက ရှိနေခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment