ကာ့ဒ္ မ်ဳိးႏြယ္စုဝင္ အမ်ိဳးသမီး ၁၉ ဦးကုိ ISIS အဖဲြ႕ မီး႐ိႈ႕သတ္ျဖတ္


ဘဂၢဒက္ ၊ ၇-၆-၂၀၁၆

ISIS စစ္ေသြးၾကြ မ်ားသည္ အီရတ္ႏိုင္ငံ ေျမာက္ပိုင္း မိုဆူးလ္ၿမိဳ႕၌ ကာ့ဒ္ မ်ဳိးႏြယ္စုဝင္ အမ်ဳိးသမီးငယ္ ၁၉ ဦးကို လိင္ကြၽန္အျဖစ္ ခုိင္းေစျခင္းအား ျငင္းပယ္မႈျဖင့္ မီး႐ိႈ႕သတ္ျဖတ္ ခဲ့ေၾကာင္း ဇြန္ ၆ ရက္ ထုတ္ျပန္ခ်က္ အရ သိရသည္။

ISIS စစ္ေသြးၾကြ မ်ားသည္ အဆိုပါ အမ်ဳိးသမီး ငယ္မ်ားကို ဘဂၢဒက္ၿမိဳ႕  ေျမာက္ဘက္ ကီလိုမီတာ ၄ဝဝ အကြာတြင္တည္ရွိေသာ မိုဆူးလ္ၿမိဳ႕ အလယ္ပိုင္းရွိ သံေလွာင္အိမ္ အတြင္း၌ ဖမ္းဆီး ခ်ဳပ္ေႏွာင္ ခဲ့ၿပီးေနာက္ လူရာေပါင္း မ်ားစြာ အေရွ႕တြင္ မီး႐ိႈ႕ သတ္ျဖတ္ ခဲ့ျခင္း ျဖစ္ေၾကာင္း ကာ့ဒ္ သတင္းဌာန ျဖစ္သည့္ ARA သတင္းဌာနက ထုတ္ျပန္ထားသည္။

ယင္း အမ်ဳိးသမီးငယ္ ၁၉ ဦးမွာ မီး႐ိႈ႕ သတ္ျဖတ္ခ ံေနရစဥ္ လူရာေပါင္း မ်ားစြာက ၾကည့္႐ႈ ေနၾကၿပီး တစ္ဦး တစ္ေယာက္မွ် ၄င္းတို႔ကို ကယ္ဆယ္ႏိုင္ျခင္း မရွိေၾကာင္း မ်က္ျမင္ သက္ေသ တစ္ဦးက ေျပာၾကား ထားသည္။

ISIS စစ္ေသြးၾကြ မ်ားသည္ ဧၿပီလ ေႏွာင္းပိုင္း ကလည္း မိုဆူးလ္ၿမိဳ႕ရွိ အမ်ဳိးသမီး ၂၅ဝ ဦးကို ၄င္းတို႔ အဖြဲ႕ဝင္မ်ားႏွင ့္လက္ထပ္ရန္ ျငင္းပယ္ခဲ့မႈျဖင့္ သတ္ျဖတ္ ခဲ့ေၾကာင္း ကာဒစ္စတန္ ဒီမိုကရက္တစ္ ပါတီ KDP မွ ေျပာေရးဆိုခြင့္ ရွိသူ ဆတ္ဒ္မန္မူဇီန ီက ေျပာၾကားသည္။

ထို႔ျပင္ ၾသဂုတ္ ၁၅ ရက္ကလည္း ISIS စစ္ေသြးၾကြ မ်ားသည္ မိုဆူးလ္ၿမိဳ႕ အနီးတြင္ တည္ရွိေသာ Ghazlani စစ္ဘက္ အေျခစိုက္ စခန္းတြင္ အမ်ဳိးသမီး ၁၅ ဦးကို ၄င္းတို႔ႏွင့္ လက္ထပ္ရန္ ျငင္းပယ္မႈျဖင့္ ကြပ္မ်က္ ခဲ့ေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com
......

ဘဂ္ဂဒက် ၊ ရ-၆-၂၀၁၆

ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့၌ ကာ့ဒ် မျိုးနွယ်စုဝင် အမျိုးသမီးငယ် ၁၉ ဦးကို လိင်ကျွန်အဖြစ် ခိုင်းစေခြင်းအား ငြင်းပယ်မှုဖြင့် မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ဇွန် ၆ ရက် ထုတ်ပြန်ချက် အရ သိရသည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ အမျိုးသမီး ငယ်များကို ဘဂ္ဂဒက်မြို့  မြောက်ဘက် ကီလိုမီတာ ၄ဝဝ အကွာတွင်တည်ရှိသော မိုဆူးလ်မြို့ အလယ်ပိုင်းရှိ သံလှောင်အိမ် အတွင်း၌ ဖမ်းဆီး ချုပ်နှောင် ခဲ့ပြီးနောက် လူရာပေါင်း များစွာ အရှေ့တွင် မီးရှို့ သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် သတင်းဌာန ဖြစ်သည့် ARA သတင်းဌာနက ထုတ်ပြန်ထားသည်။

ယင်း အမျိုးသမီးငယ် ၁၉ ဦးမှာ မီးရှို့ သတ်ဖြတ်ခ ံနေရစဉ် လူရာပေါင်း များစွာက ကြည့်ရှု နေကြပြီး တစ်ဦး တစ်ယောက်မျှ ၄င်းတို့ကို ကယ်ဆယ်နိုင်ခြင်း မရှိကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောကြား ထားသည်။

ISIS စစ်သွေးကြွ များသည် ဧပြီလ နှောင်းပိုင်း ကလည်း မိုဆူးလ်မြို့ရှိ အမျိုးသမီး ၂၅ဝ ဦးကို ၄င်းတို့ အဖွဲ့ဝင်များနှင ့်လက်ထပ်ရန် ငြင်းပယ်ခဲ့မှုဖြင့် သတ်ဖြတ် ခဲ့ကြောင်း ကာဒစ်စတန် ဒီမိုကရက်တစ် ပါတီ KDP မှ ပြောရေးဆိုခွင့် ရှိသူ ဆတ်ဒ်မန်မူဇီန ီက ပြောကြားသည်။

ထို့ပြင် သြဂုတ် ၁၅ ရက်ကလည်း ISIS စစ်သွေးကြွ များသည် မိုဆူးလ်မြို့ အနီးတွင် တည်ရှိသော Ghazlani စစ်ဘက် အခြေစိုက် စခန်းတွင် အမျိုးသမီး ၁၅ ဦးကို ၄င်းတို့နှင့် လက်ထပ်ရန် ငြင်းပယ်မှုဖြင့် ကွပ်မျက် ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment