
ရီးရဲမက်ဒရစ်အသင်းရဲ့ ကျောနံပါတ် ၇ ကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာ သီမှာ ပွဲစုစုပေါင်း ၄၈ ပွဲကစားခဲ့ပြီး ၅၁ ဂိုးသွင်းယူထားခဲ့တာပါ။
........
ကမ်းခြေမှာ ဘီကီနီဝတ် ပျိုဖြုများနှင့် ပျော်မြူးနေသည့် ရော်နယ်ဒို
By DVB
ကမ္ဘာ့ဘောလုံးအားကစားရဲ့ ကြယ်ပွင့် ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဇွန် ၃ ရက်နေ့က စပိန်နိုင်ငံ၊ မယ်ဒီတာရေးနီးယန်းပင်လယ်၊ အိုက်ဘစ်ဇာမြို့ကမ်းခြေမှာ ဘီကီနီဝတ်ပျိုဖြုတသိုက်နဲ့ အတူရှိနေခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါ တယ်။
အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီယူရို ၂၀၁၆ ဘောလုံးပွဲ မတိုင်ခင်မှာ ကမ်းခြေမှာ နေပူဆာလှုံနေခဲ့တာပါ။
သူဟာ အစင်းတွေပါတဲ့ ရေကူးဘောင်းဘီတိုတထည်သာ ၀တ်ထားခဲ့တာဖြစ်ပြီး ကျစ်လစ်တဲ့ ကိုယ်ခန္ဒာအလှကို ဖော်လှစ်ထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၃ ကြိမ်တိုင်တိုင် ရရှိ ထားခဲ့သူတဦးဖြစ်ပြီး အဲဒီနေ့မှာတော့ တခြားအမျိုးသားအဖော်တွေနဲ့ ကမ်းခြေမှာ အတူ ရှိနေချိန် ဘစ်ကီနီဝတ်အမျိုးသမီးတသိုက်နဲ့အတူ အပန်းဖြေခဲ့ကြတာလို့ ဆိုပါတယ်။
သူဟာ ဘောလုံးကစားချိန်မှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်တဲ့ ကစား သမားတဦးဖြစ်ပေမယ့် ရေထဲကိုတော့ အလွယ်တကူမဆင်းတတ်ပုံပါပဲ။
ရော်နယ်ဒိုဟာ အမျိုးသမီးဖော်တယောက်ရဲ့ လက်ကို ချိတ်တွဲပြီးမှ ညင်ညင်သာ သာဆင်းခဲ့ချိန်မှာ အမျိုးသမီးဟာ သူ့ကို နှစ်သက်တဲ့ အကြည့်နဲ့ ငေးနေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
သူတို့အုပ်စုဟာ ရေထဲဆင်းကာ ရေကူးခဲ့ပြီး ကမ်းခြေမှာ နေစာလှုံပြီး အပန်းဖြေခဲ့ ကြတာကို တွေ့ရပါတယ်။
ရီးရဲမက်ဒရစ်အသင်းရဲ့ ကျောနံပါတ် ရ ကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာ သီမှာ ပွဲစုစုပေါင်း ၄၈ ပွဲကစားခဲ့ပြီး ၅၁ ဂိုးသွင်းယူထားခဲ့တာပါ။
အခုလာမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာတော့ ဂေါ်တူဂီအသင်းကိုယ်စားပြု ကစားမှာဖြစ်ပြီး သူတို့အသင်းဟာ အိုက်စ်လန်၊ သြစတီးယား၊ ဟန်ဂေရီအသင်းတွေနဲ့ အုပ်စုတခုတည်းမှာ ကစားရမှာပါ။
0 comments:
Post a Comment