ေအာ္လန္ဒို ႏုိက္ကလပ္ ပစ္ခတ္မႈမွ ေသနတ္သမား၏ ဇနီးျဖစ္သူ တရားစြဲခံရဖြယ္ရွိေန


ေအာ္လန္ဒို ႏုိက္ကလပ္ အၾကမ္းဖက္မႈႏွင့္ ပတ္သက္ၿပီး ေသနတ္သမား၏ ဇနီးျဖစ္သူကို တရားစြဲဆိုမႈ ျပဳလုပ္လာဖြယ္ ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့သည္။

အေမရိကန္ အစိုးရ ေ႐ွ႕ေနမ်ားက ေသနတ္သမား အိုမာမာတင္း၏ ဇနီးျဖစ္သူ ေနာရ္ဆယ္လ္မန္သည္ လူေပါင္း ၄၉ ဦး ေသဆံုးခဲ့သည့္ ပစ္ခတ္မႈတြင္ ဆက္ႏႊယ္ပါဝင္ေနသည္ဟု ယူဆေနသည္။ လတ္တေလာတြင္ ဆယ္လ္မန္ကို စြဲခ်က္မတင္ေသးေသာ္လည္း စစ္ေဆးစံုစမ္းမႈမ်ား ျပဳလုပ္လ်က္ ရွိသည္။

Gay မ်ား ဆံုေတြ႕ေလ့ရွိရာ အဆိုပါ ႏုိက္ကလပ္ကို မာတင္းက ဝင္ေရာက္ပစ္ခတ္ျခင္း မျပဳမီတြင္ သူမက ယင္းအမႈကို မက်ဴးလြန္ရန္ တားျမစ္ေျပာဆိုခဲ့ေၾကာင္း ဆယ္လ္မန္က ရဲမ်ားထံ ထြက္ဆိုခဲ့သည္ဟု Foxႏွင့္ Reuters သတင္းဌာနမ်ားက ေဖာ္ျပခဲ့သည္။ တစ္နည္းအားျဖင့္ သူမသည္ Pulse ႏိုက္ကလပ္ကို ဝင္ေရာက္စီးနင္း ပစ္ခတ္မည့္ မာတင္း၏ အစီအစဉ္ကို ႀကိဳတင္ သိရွိထားခဲ့သည့္ သေဘာလည္း သက္ေရာက္လာသည္။

ဖေလာ္ရီဒါတြင္ ျဖစ္ပြားေသာ အဆိုပါ ပစ္ခတ္မႈသည္ မ်က္ေမွာက္ေခတ္ အေမရိကန္ သမုိင္းတြင္ အဆိုးရြားဆံုး အၾကမ္းဖက္ ပစ္ခတ္မႈ အျဖစ္လည္း မွတ္တမ္းဝင္ခဲ့သည္။ လူ ၄၉ ဦး ေသဆံုးကာ ၅၃ ဦး ဒဏ္ရာရခဲ့ၿပီး ယင္းတို႔အနက္ ၆ ဦးသည္ အေရးေပၚ အေျခအေနျဖင့္ ၾကပ္မတ္ကုသမႈ ခံယူေနရဆဲဟု ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။ ေသနတ္သမား မာတင္းကိုမူ အခင္းျဖစ္ရာ ႏုိက္ကလပ္ထဲတြင္ပင္ လံုၿခံဳေရး တပ္ဖြဲ႕မ်ားက အေသပစ္ခတ္ ႏွိမ္နင္းခဲ့ရသည္။

အကယ္၍ ဆယ္လ္မန္သည္ ခင္ပြန္းျဖစ္သူ၏ ပစ္ခတ္မႈကို ႀကိဳတင္သိရွိၿပီး ပူးေပါင္းကူညီခဲ့သည္ ဆိုပါက လူသတ္မႈစြဲခ်က္ ၄၉ ခု၊ လူသတ္ရန္ ႀကံစည္မႈ ၅၃ ခုျဖင့္ စြဲခ်က္တင္ခံရဖြယ္ ရွိသလုိ ရဲတပ္ဖြဲ႕ထံ ႀကိဳတင္ အသိေပး အေၾကာင္းၾကားရန္ တာဝန္ပ်က္ကြက္မႈ စြပ္စြဲခ်က္ကိုပါ ရင္ဆုိင္ရႏုိင္သည္။

ရဲအရာရွိ တစ္ဦးက ဆယ္လ္မန္၏ ထြက္ခ်က္မ်ားမွာ ရွင္းရွင္းလင္းလင္း မရွိလွေသးဘဲ မာတင္းက ႏုိက္ကလပ္ထဲ ဝင္ေရာက္ ပစ္ခတ္ေနခ်ိန္က်မွ သူမကို ဖုန္းေခၚၿပီး အသိေပးခဲ့ျခင္းမ်ိဳးလည္း ျဖစ္ႏုိင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့သည္။ ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည့္ ဇြန္ ၁၂ ရက္ ကတည္းက ဆယ္လ္မန္ကို ရဲမ်ားက စစ္ေဆး ေမးျမန္းေနေသာ္လည္း သူမကို ဖမ္းဆီး ထိန္းသိမ္းထားျခင္း မရွိဟုလည္း သိရွိရသည္။
7day daily
..................
အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှုမှ သေနတ်သမား၏ ဇနီးဖြစ်သူ တရားစွဲခံရဖွယ်ရှိနေ

အော်လန်ဒို နိုက်ကလပ် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး သေနတ်သမား၏ ဇနီးဖြစ်သူကို တရားစွဲဆိုမှု ပြုလုပ်လာဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အမေရိကန် အစိုးရ ရှေ့နေများက သေနတ်သမား အိုမာမာတင်း၏ ဇနီးဖြစ်သူ နောရ်ဆယ်လ်မန်သည် လူပေါင်း ၄၉ ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုတွင် ဆက်နွှယ်ပါဝင်နေသည်ဟု ယူဆနေသည်။ လတ်တလောတွင် ဆယ်လ်မန်ကို စွဲချက်မတင်သေးသော်လည်း စစ်ဆေးစုံစမ်းမှုများ ပြုလုပ်လျက် ရှိသည်။

Gay များ ဆုံတွေ့လေ့ရှိရာ အဆိုပါ နိုက်ကလပ်ကို မာတင်းက ဝင်ရောက်ပစ်ခတ်ခြင်း မပြုမီတွင် သူမက ယင်းအမှုကို မကျူးလွန်ရန် တားမြစ်ပြောဆိုခဲ့ကြောင်း ဆယ်လ်မန်က ရဲများထံ ထွက်ဆိုခဲ့သည်ဟု Foxနှင့် Reuters သတင်းဌာနများက ဖော်ပြခဲ့သည်။ တစ်နည်းအားဖြင့် သူမသည် Pulse နိုက်ကလပ်ကို ဝင်ရောက်စီးနင်း ပစ်ခတ်မည့် မာတင်း၏ အစီအစဉ်ကို ကြိုတင် သိရှိထားခဲ့သည့် သဘောလည်း သက်ရောက်လာသည်။

ဖလော်ရီဒါတွင် ဖြစ်ပွားသော အဆိုပါ ပစ်ခတ်မှုသည် မျက်မှောက်ခေတ် အမေရိကန် သမိုင်းတွင် အဆိုးရွားဆုံး အကြမ်းဖက် ပစ်ခတ်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ လူ ၄၉ ဦး သေဆုံးကာ ၅၃ ဦး ဒဏ်ရာရခဲ့ပြီး ယင်းတို့အနက် ၆ ဦးသည် အရေးပေါ် အခြေအနေဖြင့် ကြပ်မတ်ကုသမှု ခံယူနေရဆဲဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ သေနတ်သမား မာတင်းကိုမူ အခင်းဖြစ်ရာ နိုက်ကလပ်ထဲတွင်ပင် လုံခြုံရေး တပ်ဖွဲ့များက အသေပစ်ခတ် နှိမ်နင်းခဲ့ရသည်။

အကယ်၍ ဆယ်လ်မန်သည် ခင်ပွန်းဖြစ်သူ၏ ပစ်ခတ်မှုကို ကြိုတင်သိရှိပြီး ပူးပေါင်းကူညီခဲ့သည် ဆိုပါက လူသတ်မှုစွဲချက် ၄၉ ခု၊ လူသတ်ရန် ကြံစည်မှု ၅၃ ခုဖြင့် စွဲချက်တင်ခံရဖွယ် ရှိသလို ရဲတပ်ဖွဲ့ထံ ကြိုတင် အသိပေး အကြောင်းကြားရန် တာဝန်ပျက်ကွက်မှု စွပ်စွဲချက်ကိုပါ ရင်ဆိုင်ရနိုင်သည်။

ရဲအရာရှိ တစ်ဦးက ဆယ်လ်မန်၏ ထွက်ချက်များမှာ ရှင်းရှင်းလင်းလင်း မရှိလှသေးဘဲ မာတင်းက နိုက်ကလပ်ထဲ ဝင်ရောက် ပစ်ခတ်နေချိန်ကျမှ သူမကို ဖုန်းခေါ်ပြီး အသိပေးခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဇွန် ၁၂ ရက် ကတည်းက ဆယ်လ်မန်ကို ရဲများက စစ်ဆေး မေးမြန်းနေသော်လည်း သူမကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိဟုလည်း သိရှိရသည်။
7day daily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment