ႏိုင္ဂ်ီးရီးယားရွိ စစ္ေသြးၾကြမ်ား ျပန္ေပးဆြဲထားသည့္ ၇ ဦး ျပန္လည္လြတ္ေျမာက္လာ


ႏိုင္ဂ်ီးရီးယားတြင္ စစ္ေသြးၾကြမ်ား ဖမ္းဆီးထားသည့္ ျပန္ေပးဆြဲခံရသူမ်ားအား ေတြ႕ရစဥ္ (ဓာတ္ပံု- အင္တာနက္)
    ကန္ဘာရာ၊ ဇြန္ ၂၇ ရက္ (ဆင္ဟြာ)

    ႏိုင္ဂ်ီးရီးယားႏိုင္ငံ ေတာင္ပိုင္းတြင္ လြန္ခဲ႔ေသာ ရက္သတၱပတ္က ခ်ံဳခိုတိုက္ခိုက္မႈ တစ္ခု ျဖစ္ပြားၿပီးေနာက္ ၾသစေၾတးလ် ႏိုင္ငံသား ၃ ဦး အပါအဝင္ အမ်ိဳးသား ၇ ဦးအား စစ္ေသြးၾကြမ်ားက ျပန္ေပးဆြဲခဲ့့ၿပီးေနာက္ ျပန္လည္ လြတ္ေျမာက္လာခဲ႔ေၾကာင္း ၾသစေၾတးလ် ႏို္င္ငံျခားေရး ဝန္ႀကီး ဂ်ဴလီ ဘစ္ေရွာ့ပ္က ဇြန္လ ၂၇ ရက္က ေျပာသည္။

ၾသစေၾတးလ် သတၱဳ ကုမၸဏီ တစ္ခုျဖစ္ေသာ Macmahon Holdings က ဇြန္လ ၂၆ ရက္ေႏွာင္းပိုင္းက အေသးစိတ္ ထုတ္ျပန္လိုက္သည့္ ေၾကညာခ်က္၌ ၎တို႔၏ အလုပ္သမား ၇ ဦးသည္ တစ္ပတ္ၾကာ ဖမ္းဆီးခံရၿပီး ေနာက္ လြတ္ေျမာက္လာခဲ႔ၿပီ ျဖစ္ေၾကာင္း အေသးစိတ္ ထုတ္ျပန္ထားသည္။

ယင္း အလုပ္သမားမ်ား ေဘးကင္းစြာ လြတ္ေျမာက္ေရးအတြက္ ၾသစေၾတးလ်ႏွင့္ ႏိုင္ဂ်ီးရီးယား ႏွစ္ႏိုင္ငံ အစိုးရ မ်ားက ႀကိဳးပမ္း အားထုတ္ခဲ႔ၿပီး ၾသစေၾတးလ် အစိုးရအေနျဖင့္ ျပန္ေပးသမားမ်ားအား ျပန္ေပးေငြ ေပးအပ္ခဲ႔ျခင္း မရွိခဲ႔ေၾကာင္း ဘစ္ေရွာ့က အတည္ျပဳ ေျပာၾကားခဲ႔သည္။

ျပန္လည္ လြတ္ေျမာက္လာသူ အားလံုးမွာ ေကာင္းမြန္လ်က္ ရွိေၾကာင္း၊ က်န္းမာေရး စစ္ေဆးမႈမ်ား လုပ္ေဆာင္ ေနဆဲ ျဖစ္ေၾကာင္း၊ အားလံုးအတြက္ စိတ္ဒဏ္ရာ သိသိသာသာ ရရွိခဲ႔ေၾကာင္းႏွင့္ ၎တို႔အားလံုး မိသားစုထံ ျပန္ေရာက္သြားၿပီ ျဖစ္ေၾကာင္း ဘစ္ေရွာ့ပ္က Macquarie ေရဒီယိုသို႔ ေျပာၾကားခဲ႔သည္။

Macmahon Holdings ၏ အမႈေဆာင္ အရာရွိခ်ဳပ္ Sy van Dyk က လြတ္ေျမာက္လာသူမ်ားအနက္ ၂ ဦးမွာ အျပင္းအထန္ ဒဏ္ရာ ရရွိခဲ႔ေၾကာင္း၊ က်န္းမာေရးႏွင့္ အျခား ေထာက္ပံ့ေရး အဖြဲ႔လည္း ပံ့ပိုးေပးထားေၾကာင္း ဇြန္လ ၂၆ ရက္ ညေနပိုင္းက ေျပာၾကားခဲ႔သည္။

ျပန္ေပး ဆြဲခံရသူမ်ားတြင္ ၾသစေၾတးလ် ၃ ဦး၊ နယူးဇီလန္ ၁ ဦး၊ ေတာင္အာဖရိက ၁ ဦးႏွင့္ ႏိုင္ဂ်ီးရီးယားမွ ၂ ဦး ပါဝင္ေၾကာင္း ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕ထံမွ သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com
........


နိုင်ဂျီးရီးယားတွင် စစ်သွေးကြွများ ဖမ်းဆီးထားသည့် ပြန်ပေးဆွဲခံရသူများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ကန်ဘာရာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းတွင် လွန်ခဲ့သော ရက်သတ္တပတ်က ချုံခိုတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားပြီးနောက် သြစတြေးလျ နိုင်ငံသား ၃ ဦး အပါအဝင် အမျိုးသား ရ ဦးအား စစ်သွေးကြွများက ပြန်ပေးဆွဲခဲ့့ပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သြစတြေးလျ နို်င်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့ပ်က ဇွန်လ ၂၇ ရက်က ပြောသည်။

သြစတြေးလျ သတ္တု ကုမ္ပဏီ တစ်ခုဖြစ်သော Macmahon Holdings က ဇွန်လ ၂၆ ရက်နှောင်းပိုင်းက အသေးစိတ် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ၎င်းတို့၏ အလုပ်သမား ရ ဦးသည် တစ်ပတ်ကြာ ဖမ်းဆီးခံရပြီး နောက် လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း အသေးစိတ် ထုတ်ပြန်ထားသည်။

ယင်း အလုပ်သမားများ ဘေးကင်းစွာ လွတ်မြောက်ရေးအတွက် သြစတြေးလျနှင့် နိုင်ဂျီးရီးယား နှစ်နိုင်ငံ အစိုးရ များက ကြိုးပမ်း အားထုတ်ခဲ့ပြီး သြစတြေးလျ အစိုးရအနေဖြင့် ပြန်ပေးသမားများအား ပြန်ပေးငွေ ပေးအပ်ခဲ့ခြင်း မရှိခဲ့ကြောင်း ဘစ်ရှော့က အတည်ပြု ပြောကြားခဲ့သည်။

ပြန်လည် လွတ်မြောက်လာသူ အားလုံးမှာ ကောင်းမွန်လျက် ရှိကြောင်း၊ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း၊ အားလုံးအတွက် စိတ်ဒဏ်ရာ သိသိသာသာ ရရှိခဲ့ကြောင်းနှင့် ၎င်းတို့အားလုံး မိသားစုထံ ပြန်ရောက်သွားပြီ ဖြစ်ကြောင်း ဘစ်ရှော့ပ်က Macquarie ရေဒီယိုသို့ ပြောကြားခဲ့သည်။

Macmahon Holdings ၏ အမှုဆောင် အရာရှိချုပ် Sy van Dyk က လွတ်မြောက်လာသူများအနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အခြား ထောက်ပံ့ရေး အဖွဲ့လည်း ပံ့ပိုးပေးထားကြောင်း ဇွန်လ ၂၆ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ပြန်ပေး ဆွဲခံရသူများတွင် သြစတြေးလျ ၃ ဦး၊ နယူးဇီလန် ၁ ဦး၊ တောင်အာဖရိက ၁ ဦးနှင့် နိုင်ဂျီးရီးယားမှ ၂ ဦး ပါဝင်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment