တရုတ္ႏုိင္ငံဟာ ေျမာက္ကိုရီးယားႏိုင္ငံကို စစ္ဘက္ဆုိင္ရာ အသံုးပစၥည္းေတြ တင္ပို႕ေရာင္းခ်မႈ ပိတ္ပင္



တရုတ္ႏိုင္ငံဟာ ေျမာက္ကိုရီးယားႏုိင္ငံကို စစ္ဘက္ဆိုင္ရာမွာ အသံုးျပဳႏိုင္တဲ့ နည္းပညာနဲ႕ ပစၥည္းကိရိယာေတြ တင္ပို႕ေရာင္းခ်ေနမႈကို ဗုဒၶဟူးေန႕မွာ ပိတ္ပင္လုိက္တယ္လို႕ ေအပီသတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

 ေျမာက္ကိုရီးယား ႏိုင္ငံဟာ ႏ်ဴကလီးယားလက္နက္နဲ႕ ဒံုးက်ည္ေတြ ထုတ္လုပ္ေနမႈကို တံု႕ျပန္တဲ့အေနနဲ႕ တရုတ္ႏိုင္ငံက အခုလို ပိတ္ပင္ခ်က္ ထုတ္ျပန္လိုက္တာျဖစ္တယ္လို႕ ဆိုပါတယ္။

တရုတ္ႏိုင္ငံက ေျမာက္ကိုရီးယား ႏိုင္ငံကို တင္ပို႕ေရာင္းခ်မႈ ပိတ္ပင္လိုက္တဲ့ စာရင္းမွာ အရပ္ဖက္ေရာ စစ္ဘက္အတြက္ပါ အသံုးျပဳလုိ႕ရတဲ့ သတၱဳစပ္ေတြ၊ ေလဆာနဲ႕ ျဖတ္ေတာက္ႏိုင္ျပီး ျပန္ဆက္ႏိုင္တဲ့ ကိရိယာေတြ၊ ဓါတုလက္နက္ေတြမွာ အသံုးျပဳႏိုင္တဲ့ ပစၥည္းေတြပါ၀င္တယ္လို႕ တရုတ္ ႏိုင္ငံရဲ႕ ကုန္သြယ္ေရး ၀န္ၾကီးဌာနက ေျပာၾကားခဲ့ပါတယ္။


တရုတ္အစိုးရဟာ ေျမာက္ကိုရီးယား ႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာ ေထာက္ပံ့ေပးလာခဲ့ေပမယ့္ ဇန္န၀ါရီလအတြင္းက ေျမာက္ကိုရီးယားအစိုးရဟာ စတုတၳအၾကိမ္ေျမာက္ ႏ်ဴကလီးယား စမ္းသပ္မႈ လုပ္ေဆာင္အျပီးမွာေတာ့ ေျမာက္ကိုရီးယားအေပၚ ကုလသမဂၢရဲ႕ ပိတ္ဆို႕မႈေတြျပဳလုပ္ေရးမွာ တရုတ္ႏိုင္ငံကလည္း ပါ၀င္လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဧျပီလအတြင္းကလည္း တရုတ္ႏိုင္ငံဟာ ေျမာက္ကိုရီးယား ႏိုင္ငံကို ေက်ာက္မီးေသြးနဲ႕ သံ သတၱရိုင္းေတြ တင္ပို႕ေရာင္းခ်မႈကို ပိတ္ပင္ခဲ့ပါတယ္။

 ဒါ့အျပင္ ေျမာက္ကိုရီးယားႏုိင္ငံကို ဂ်က္ေလယာဥ္ဆီေတြေရာင္းခ်မႈကိုလည္း ပိတ္ပင္ခဲ့ျပီး၊တရုတ္ႏုိင္ငံကို ေျပးဆြဲေနတဲ့ ေျမာက္ကိုရီးယား အရပ္ဖက္သံုး ေလယာဥ္ေတြအေနနဲ႕ တရုတ္ႏိုင္ငံမွာပဲ ေလာင္စာဆီျဖည့္ခြင့္ေပးထားခဲ့တယ္လို႕လည္း သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

5 Plus News
https://www.facebook.com/5plusnews/
...........



တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံကို စစ်ဘက်ဆိုင်ရာမှာ အသုံးပြုနိုင်တဲ့ နည်းပညာနဲ့ ပစ္စည်းကိရိယာတွေ တင်ပို့ရောင်းချနေမှုကို ဗုဒ္ဓဟူးနေ့မှာ ပိတ်ပင်လိုက်တယ်လို့ အေပီသတင်းမှာ ဖော်ပြခဲ့ပါတယ်။

 မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တွေ ထုတ်လုပ်နေမှုကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အခုလို ပိတ်ပင်ချက် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက မြောက်ကိုရီးယား နိုင်ငံကို တင်ပို့ရောင်းချမှု ပိတ်ပင်လိုက်တဲ့ စာရင်းမှာ အရပ်ဖက်ရော စစ်ဘက်အတွက်ပါ အသုံးပြုလို့ရတဲ့ သတ္တုစပ်တွေ၊ လေဆာနဲ့ ဖြတ်တောက်နိုင်ပြီး ပြန်ဆက်နိုင်တဲ့ ကိရိယာတွေ၊ ဓါတုလက်နက်တွေမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေပါ၀င်တယ်လို့ တရုတ် နိုင်ငံရဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။



တရုတ်အစိုးရဟာ မြောက်ကိုရီးယား နိုင်ငံကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးလာခဲ့ပေမယ့် ဇန်နဝါရီလအတွင်းက မြောက်ကိုရီးယားအစိုးရဟာ စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်အပြီးမှာတော့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေပြုလုပ်ရေးမှာ တရုတ်နိုင်ငံကလည်း ပါ၀င်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဧပြီလအတွင်းကလည်း တရုတ်နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံကို ကျောက်မီးသွေးနဲ့ သံ သတ္တရိုင်းတွေ တင်ပို့ရောင်းချမှုကို ပိတ်ပင်ခဲ့ပါတယ်။

 ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံကို ဂျက်လေယာဉ်ဆီတွေရောင်းချမှုကိုလည်း ပိတ်ပင်ခဲ့ပြီး၊တရုတ်နိုင်ငံကို ပြေးဆွဲနေတဲ့ မြောက်ကိုရီးယား အရပ်ဖက်သုံး လေယာဉ်တွေအနေနဲ့ တရုတ်နိုင်ငံမှာပဲ လောင်စာဆီဖြည့်ခွင့်ပေးထားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment