BBC သတင္းေထာက္ ေျမာက္ကုိရီးယား ႏွင္ထုတ္

ၿပံဳယမ္းၿမိဳ႕ေတာ္တြင္ က်င္းပေနေသာ ပါတီညီလာခံအတြက္ သတင္းယူသည့္ သတင္းေထာက္မ်ား
ႏုိင္ငံတကာ သတင္းေထာက္ေတြအေပၚ ေျမာက္ကုိရီးယား အာဏာပုိင္ေတြရဲ႕ ျပဳမူဆက္ဆံပုံေၾကာင့္ ၿပံဳယမ္းၿမိဳ႕ေတာ္မွာ လက္ရွိက်င္းပေနတဲ့ ပါတီညီလာခံအတြက္ Kim Jong Un အစုိးရက အေသအခ်ာ ျပင္ဆင္ထားတဲ့ ပုံရိပ္ေတြကုိ ထိခုိက္ခဲ့ရပါတယ္။

BBC သတင္းေထာက္ေတြရဲ႕ သတင္းတင္ျပပုံေတြကုိ အာဏာပုိင္ေတြက သေဘာမက််တာေၾကာင့္ အာဏာပုိင္ေတြက ေျမာက္ကုိရီးယားကေန ခ်က္ျခင္း ႏွင္ထုတ္ခဲ့တာပါ။

တိုက်ိဳအေျခစိုက္ ဘီဘီစီ သတင္းေထာက္ Rupert Wingfield-Hayes နဲ႔အတူ ထုတ္လုပ္ေရးမွဴး Maria Byrne နဲ႔ သတင္း႐ိုက္ကူးသူ Matthew Goddard တို႔ကို ေျမာက္ကိုရီးယားကေန ထြက္ခြာခါနီး ေသာၾကာေန႔တုန္းက အာဏာပိုင္ေတြ က ဖမ္းဆီးထိန္းသိမ္းခဲ့တာပါ။ Wingfield-Hayes ကိုေတာ့ ၈ နာရီၾကာ စစ္ေဆးေမးျမန္းမႈေတြ လုပ္ခဲ့ပါတယ္။ ၿဗိတိန္သတင္းေထာက္နဲ႔ အဖြဲ႔ဟာ ေျမာက္ကိုရီးယား အလုပ္သမားပါတီ ညီလာခံ မတိုင္ခင္ကတည္းက ႏိုဘဲလ္ၿငိမ္းခ်မ္းေရး ဆုရွင္ တခ်ိဳ႕နဲ႔အတူ သုေတသန ခရီးစဥ္တခုနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံကို ေရာက္ေနခဲ့တာပါ။ ႏွစ္ေပါင္း ၃၆ ႏွစ္တြင္း ပထမဆံုးအႀကိမ္က်င္းပတဲ့ အလုပ္သမားပါတီ ညီလာခံကို သတင္းယူဖို႔အတြက္ ဖိတ္ၾကားခံထားရတဲ့ ႏိုင္ငံျခားသား သတင္းေထာက္ ၁၃၀ ေက်ာ္ ျပဳန္ရမ္းၿမိဳ႕ကို ေရာက္ေနေပမဲ့ ညီလာခံအတြင္းထဲ အထိကိုေတာ့ သတင္းယူခြင့္မရၾကပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...................................


ပြုံယမ်းမြို့တော်တွင် ကျင်းပနေသော ပါတီညီလာခံအတွက် သတင်းယူသည့် သတင်းထောက်များ
နိုင်ငံတကာ သတင်းထောက်တွေအပေါ် မြောက်ကိုရီးယား အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံပုံကြောင့် ပြံုယမ်းမြို့တော်မှာ လက်ရှိကျင်းပနေတဲ့ ပါတီညီလာခံအတွက် Kim Jong Un အစိုးရက အသေအချာ ပြင်ဆင်ထားတဲ့ ပုံရိပ်တွေကို ထိခိုက်ခဲ့ရပါတယ်။

BBC သတင်းထောက်တွေရဲ့ သတင်းတင်ပြပုံတွေကို အာဏာပိုင်တွေက သဘောမကျျတာကြောင့် အာဏာပိုင်တွေက မြောက်ကိုရီးယားကနေ ချက်ခြင်း နှင်ထုတ်ခဲ့တာပါ။

တိုကျိုအခြေစိုက် ဘီဘီစီ သတင်းထောက် Rupert Wingfield-Hayes နဲ့အတူ ထုတ်လုပ်ရေးမှူး Maria Byrne နဲ့ သတင်းရိုက်ကူးသူ Matthew Goddard တို့ကို မြောက်ကိုရီးယားကနေ ထွက်ခွာခါနီး သောကြာနေ့တုန်းက အာဏာပိုင်တွေ က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ Wingfield-Hayes ကိုတော့ ၈ နာရီကြာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဗြိတိန်သတင်းထောက်နဲ့ အဖွဲ့ဟာ မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ မတိုင်ခင်ကတည်းက နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် တချို့နဲ့အတူ သုတေသန ခရီးစဉ်တခုနဲ့ မြောက်ကိုရီးယားနိုင်ငံကို ရောက်နေခဲ့တာပါ။ နှစ်ပေါင်း ၃၆ နှစ်တွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ အလုပ်သမားပါတီ ညီလာခံကို သတင်းယူဖို့အတွက် ဖိတ်ကြားခံထားရတဲ့ နိုင်ငံခြားသား သတင်းထောက် ၁၃၀ ကျော် ပြုန်ရမ်းမြို့ကို ရောက်နေပေမဲ့ ညီလာခံအတွင်းထဲ အထိကိုတော့ သတင်းယူခွင့်မရကြပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment